အရှေ့မျက်နှာစွန်းသည်အနောက်မျက်နှာ စွန်းနှင့် ဝေးကွာသကဲ့သို့ ကိုယ်တော်သည်ငါတို့အားငါတို့အပြစ်များနှင့် ဝေးကွာစေတော်မူ၏။
ဟေဗြဲ 10:2 - Common Language Bible အကယ်၍သာယင်းသို့ဖြစ်လာစေနိုင်မည်ဆို ပါက၊ ကိုးကွယ်ဝတ်ပြုသူတို့သည်တစ်ခါတည်း သန့်စင်၍သွားကြမည်ဖြစ်ရာ မိမိတို့တွင် အပြစ်ရှိနေသေးသည်ဟူ၍မထင်မှတ်ကြ တော့ဘဲယဇ်များကိုပူဇော်ကြတော့မည် မဟုတ်ပေ။- Garrad Bible အ ကယ်၍ စုံ လင် စေ နိုင် လျှင် ဝတ် ပြု သူ တို့ သည် အ ပြီး သတ် စင် ကြယ် ရာ ရောက် သ ဖြင့် သံ ဝေ ဂ စိတ် ကင်း ပြီး ဖြစ်၍ ထို ဆက် ကပ် မှု ပြတ် စဲ လေ ပြီ မ ဟုတ် လော။ Judson Bible တည်စေနိုင်လျှင်၊ ဝတ်ပြုသောသူတို့သည် တစ်ခါတည်းနှင့် စင်ကြယ်ခြင်းသို့ ရောက်ပြီးမှ၊ နောက်တစ်ဖန် သံဝေဂတရားရစရာအကြောင်း အလျှင်းမရှိသည်ဖြစ်သောကြောင့်၊ ထိုယဇ်တို့ကို တစ်ခါတည်းသာပူဇော်၍၊ နောက်တစ်ဖန် မပူဇော်ဘဲနေရကြမည် မဟုတ်လော။- မြန်မာ့စံမီသမ္မာကျမ်း အကယ်၍ စုံလင်စေနိုင်ခဲ့လျှင် ဝတ်ပြုသောသူတို့သည် တစ်ခါတည်းနှင့် စင်ကြယ်ခြင်းသို့ရောက်လျက် အပြစ်ရှိသည်ဟူသောအသိစိတ်မရှိတော့သဖြင့် ယဇ်ပူဇော်ခြင်းကိုရပ်တန့်ကြလိမ့်မည်မဟုတ်လော။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အကယ်၍သာ ထိုသို့တတ်နိုင်လျှင် ဝတ်ပြုသူတို့ကို တစ်ကြိမ်တည်းနှင့်အပြီး စင်ကြယ်စေနိုင်ပြီး အပြစ်ရှိနေသေးသည်ဟု မခံစားရတော့သဖြင့် သူတို့သည် ထပ်မံ၍ ယဇ်မပူဇော်ဘဲ နေကြတော့မည်မဟုတ်လော။ |
အရှေ့မျက်နှာစွန်းသည်အနောက်မျက်နှာ စွန်းနှင့် ဝေးကွာသကဲ့သို့ ကိုယ်တော်သည်ငါတို့အားငါတို့အပြစ်များနှင့် ဝေးကွာစေတော်မူ၏။
သို့သော်လည်းငါသည်မိမိ၏ဂုဏ်သိက္ခာကို ထောက်၍၊ သင်တို့အားအပြစ်ဖြေလွှတ်တော်မူသော အရှင် ဘုရားသခင်ဖြစ်ပေသည်။
ငါသည်သင်တို့၏အပြစ်များကို မိုးတိမ်သဖွယ် လွင့်စင်သွားစေပြီ။ ငါ့ထံသို့ပြန်လာကြလော့။ သင်တို့ကို ကယ်တင်သူကားငါပင်ဖြစ်၏။''
ကိုယ်တော်သည်အကျွန်ုပ်တို့အားသနား ကြင်နာတော်မူဦးမည်။ ကိုယ်တော်သည် အကျွန်ုပ်တို့၏အပြစ်များကိုနင်းချေ၍ ပင်လယ်အောက်သို့ပစ်ချတော်မူမည်။-
ထာဝရဘုရားက၊ ``ယဇ်ကောင်များ၏သွေးနှင့်တံဆိပ်ခတ် နှိပ်ကာ၊ သင်တို့နှင့်ငါပြုသည့်ပဋိညာဉ်တော်ကို ထောက်၍ ငါသည်သင်တို့၏အမျိုးသားများအား ကယ်လွှတ်မည်။ ရေမရှိသောတွင်းနက်တည်းဟူသောပြည်နှင်ဒဏ် ဘဝမှကယ်လွှတ်မည်။
ထိုနောက်သန့်ရှင်းသောဝိညာဉ်တော်က``သူတို့ ၏အပြစ်များနှင့်ဆိုးသွမ်းမှုများကို ငါသတိ ရတော့မည်မဟုတ်'' ဟုမိန့်တော်မူပေသည်။-
သင်တို့သည်ဘုရားသခင်၏အလိုတော်ကို သိသဖြင့် မိမိတို့မခံထိုက်သောဆင်းရဲဒုက္ခ များကိုမညည်းမညူဘဲခံကြပါမူ ဘုရား သခင်သည်သင်တို့အားကောင်းချီးပေးတော် မူလိမ့်မည်။-