ကိုယ်တော်သည်မိမိကိုယ်ကိုတစ်ကြိမ်တည်း ပူဇော်ခြင်းအားဖြင့် အပြစ်မှသန့်စင်လာ သူတို့အားထာဝစဉ်အပြစ်ဆိုဖွယ်မရှိ သူများဖြစ်လာစေတော်မူသတည်း။
ဟေဗြဲ 10:18 - Common Language Bible ဤသို့အပြစ်များဖြေလွှတ်ခွင့်ရရှိကြသော အခါ အပြစ်ဖြေရာပူဇော်သကာများကိုဆက် သရန်လိုတော့မည်မဟုတ်ပေ။ Garrad Bible ဖြေ လွှတ် ခွင့် ရှိ ရာ၌ အ ပြစ် အ တွက် ဆက် ကပ် မှု ပြု ရ တော့ သည် မ ဟုတ်။ Judson Bible ထိုအပြစ်တို့ကို လွှတ်ပြီးလျှင် နောက်တစ်ဖန် အပြစ်ဖြေသော ပူဇော်သကာကို ပြုစေရာအကြောင်းမရှိ။ မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ အပြစ်ခွင့်လွှတ်ခြင်းကျေးဇူးရှိသည့်နေရာတွင် အပြစ်အတွက်ပူဇော်သက္ကာမလိုအပ်တော့ပေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအပြစ်တို့ကို ခွင့်လွှတ်တော်မူပြီးသောအခါ အပြစ်ဖြေခြင်းအတွက် ပူဇော်စရာမလိုအပ်တော့ပေ။ |
ကိုယ်တော်သည်မိမိကိုယ်ကိုတစ်ကြိမ်တည်း ပူဇော်ခြင်းအားဖြင့် အပြစ်မှသန့်စင်လာ သူတို့အားထာဝစဉ်အပြစ်ဆိုဖွယ်မရှိ သူများဖြစ်လာစေတော်မူသတည်း။
ထိုနောက်သန့်ရှင်းသောဝိညာဉ်တော်က``သူတို့ ၏အပြစ်များနှင့်ဆိုးသွမ်းမှုများကို ငါသတိ ရတော့မည်မဟုတ်'' ဟုမိန့်တော်မူပေသည်။-
သို့ဖြစ်၍ငါ၏ညီအစ်ကိုတို့၊ သခင်ယေရှု အသေခံတော်မူခြင်းအားဖြင့် ငါတို့သည် လွတ်လပ်စွာအလွန်သန့်ရှင်းရာဌာနတော် သို့ဝင်ခွင့်ရကြ၏။-
အကယ်၍သာယင်းသို့ဖြစ်လာစေနိုင်မည်ဆို ပါက၊ ကိုးကွယ်ဝတ်ပြုသူတို့သည်တစ်ခါတည်း သန့်စင်၍သွားကြမည်ဖြစ်ရာ မိမိတို့တွင် အပြစ်ရှိနေသေးသည်ဟူ၍မထင်မှတ်ကြ တော့ဘဲယဇ်များကိုပူဇော်ကြတော့မည် မဟုတ်ပေ။-