သူတို့သည်ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းရန်သတ်မှတ်ထားသည့်ပွဲတော်နေ့ ကြီးများကျရောက်သည့်အခါမည်ကဲ့သို့ ဆင်ယင်ကျင်းပကြမည်နည်း။-
ပြု မြဲ ပွဲ နေ့၊ ထာ ဝ ရ ဘု ရား ထံ ပူ ဇော် ပွဲ နေ့ များ၌၊ မည် သို ပြု ကြ မည် နည်း။
ဓမ္မပွဲနေ့၊ ထာဝရဘုရားအဖို့ ဆောင်သော ပွဲနေ့တို့၌ သင်တို့သည် အဘယ်သို့ ပြုကြလိမ့်မည်နည်း။
သတ်မှတ်ထားသောပွဲတော်နေ့၊ ထာဝရဘုရားအဖို့ပွဲတော်နေ့တွင် သင်တို့ မည်သို့ပြုကြမည်နည်း။
သင်တို့အားဘုရားသခင်အပြစ်ဒဏ်ခတ် တော်မူသောအခါ သင်တို့အဘယ်သို့ပြု ကြပါမည်နည်း။ ကိုယ်တော်သည်သင်တို့အား ရပ်ဝေးဒေသမှဘေးအန္တရာယ်ဆိုးနှင့်တွေ့ ကြုံစေတော်မူသောအခါ၊ သင်တို့အဘယ် သို့ပြုကြပါမည်နည်း။ အကူအညီတောင်း ခံရန်အဘယ်သူထံသို့ပြေးကြပါမည်နည်း။ မိမိတို့၏စည်းစိမ်ဥစ္စာများကိုအဘယ်မှာ သိုဝှက်ထားကြပါမည်နည်း။-
ပရောဖက်တို့သည်မှန်သောစကားကိုမပြောကြ။ ယဇ်ပုရောဟိတ်တို့သည်ပရောဖက်အမိန့်ပေးသည်အတိုင်းအုပ်စိုးကြ၏။ ငါ၏လူမျိုးတော်ကလည်းဤသို့ပြုကျင့်မှုတို့ကိုမကန့်ကွက်ကြ။ သို့ရာတွင်သူတို့သည်နောက်ဆုံးတစ်နေ့၌အဘယ်သို့ပြုကြမည်နည်း။
သူ၏နှစ်စဉ်ပွဲတော်နှင့်လစဉ်ပွဲတော်များ၊ ဥပုသ် နေ့ပွဲတော်များစသောဘာသာရေးအစည်း အဝေးရှိသမျှတို့ကိုငါရပ်စဲစေမည်။-
ယဇ်ပလ္လင်အမှုတော်ဆောင် အချင်းယဇ်ပုရောဟိတ်တို့၊လျှော်တေကိုဝတ်၍ငိုကြွေးကြလော့။ ငါ၏ဘုရားသခင်ရှေ့အမှုတော်ဆောင်တို့ဗိမာန်တော်သို့ဝင်၍ ညဥ့်လုံးပေါက်ငိုကြွေးမြည်တမ်းကြလော့။ သင်တို့၏ဘုရားသခင်အားပူဇော်ရန်ဂျုံဆန်နှင့်စပျစ်ရည်များမရှိတော့ပြီ။