သူတို့သည်ယော်ဒန်မြစ်အရှေ့ဘက်၊ အာတဒ် အမည်ရှိကောက်နယ်တလင်းသို့ရောက်ရှိကြ သောအခါ ဟစ်အော်၍ငိုကြွေးမြည်တမ်းကြ ၏။ ထိုအရပ်တွင်ယောသပ်သည် ယာကုပ်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းသည့်ပွဲ ကိုကျင်းပလေ၏။-
ဟောရှေ 9:2 - Common Language Bible သို့ရာတွင်မကြာမီသင်တို့တွင်ဆန်စပါး၊ သံလွင်ဆီနှင့်စပျစ်ရည်တို့ကိုစားသုံး ခွင့်ရတော့မည်မဟုတ်။- Garrad Bible ကောက် နယ် တ လင်း၊ ဖိ နင်း ရာ စ ပျစ် ကျင်း ထွက် စား ဖွယ်၊ သောက် ဖွယ် မ လုံ မ လောက်၊ စ ပျစ် ရည် ခန်း ခြောက် လိမ့် မည်။ Judson Bible ကောက်နယ်တလင်းအားဖြင့် အသက်မမွေးရ။ စပျစ်သီးနယ်ရာ ကျင်းအားဖြင့်လည်း အသက်မမွေးရ။ စပျစ်ရည်သစ်လည်း သူတို့ မျှော်လင့်သည်အတိုင်း မထွက်ရ။ မြန်မာ့စံမီသမ္မာကျမ်း ကောက်နယ်တလင်းများ၊ စပျစ်သီးနယ်ရာကျင်းများသည် သူတို့ကို ကျွေးမွေးမည်မဟုတ်။ စပျစ်ဝိုင်အသစ်သည်လည်း သူတို့အဖို့ လုံလောက်မည်မဟုတ်။ |
သူတို့သည်ယော်ဒန်မြစ်အရှေ့ဘက်၊ အာတဒ် အမည်ရှိကောက်နယ်တလင်းသို့ရောက်ရှိကြ သောအခါ ဟစ်အော်၍ငိုကြွေးမြည်တမ်းကြ ၏။ ထိုအရပ်တွင်ယောသပ်သည် ယာကုပ်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းသည့်ပွဲ ကိုကျင်းပလေ၏။-
သူ၏နှစ်စဉ်ပွဲတော်နှင့်လစဉ်ပွဲတော်များ၊ ဥပုသ် နေ့ပွဲတော်များစသောဘာသာရေးအစည်း အဝေးရှိသမျှတို့ကိုငါရပ်စဲစေမည်။-
သူ၏ချစ်သူများကသူ့အားလက်ဆောင် အဖြစ်ပေးသည်ဟုဆိုသောစပျစ်ပင်နှင့် သဖန်းပင်များကိုငါဖျက်ဆီးမည်။ ငါသည် သူ၏စပျစ်ခြံနှင့်သစ်သီးခြံတို့ကိုသားရဲ များကိုက်ဖြတ်ဖျက်ဆီးသဖြင့် ချုံနွယ်ပိတ် ပေါင်းထူသောအရပ်ဖြစ်စေမည်။-
သို့ဖြစ်၍ငါသည်ကောက်ရိတ်သိမ်းချိန်တွင် ငါ၏ဂျုံစပါးနှင့်စပျစ်ရည်ကိုလည်း ကောင်း၊ သူဝတ်ရန်ငါပေးထားသောသိုးမွေး နှင့်ချည်ကိုလည်းကောင်းပြန်၍သိမ်းယူမည်။-
သင်တို့သည်ဆင်းရဲသားတို့ကိုဖိနှိပ်၍ သူ တို့၏ဂျုံစပါးကိုလုယက်ကြပြီ။ ထို့ကြောင့် သင်တို့ကိုယ်တိုင်အဖို့ဆောက်လုပ်ခဲ့သော တိုက်တာကောင်းများ၌သင်တို့သည်မစံ ရကြ။ ကိုယ်တိုင်စိုက်ပျိုးခဲ့သောကြည်နူး စရာစပျစ်ဥယျာဉ်များမှစပျစ်ရည်ကို လည်းမသောက်ရကြ။-
``သင်တို့သည်အသီးအနှံအမြောက်အမြား ကို ရိတ်သိမ်းရလိမ့်မည်ဟုမျှော်လင့်ခဲ့သော် လည်း အနည်းငယ်မျှသာရကြ၏။ အိမ်သို့ ယူဆောင်လာကြသောအခါ၌လည်း ငါ သည်ယင်းတို့ကိုလေတွင်လွင့်စင်သွား စေခဲ့၏။ အဘယ်ကြောင့်ဤသို့ငါပြုရ သနည်းဆိုသော်သင်တို့အားလုံးပင် မိမိ တို့နေအိမ်များကိုတည်ဆောက်မှုဖြင့်အလုပ် ရှုပ်ကာ၊ ငါ၏ဗိမာန်တော်ကိုမူယိုယွင်းပျက် စီးလျက်သာရှိနေစေကြသောကြောင့်ဖြစ် ၏ဟုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူ၏။-''
သင်တို့သည်ဂျုံစပါးတင်းနှစ်ဆယ်ရှိမည် ဟုခန့်မှန်းရသည့်စပါးပုံသို့သွားရောက် သောအခါ ဆယ်တင်းသာတွေ့ရကြသည် မဟုတ်ပါလော၊ စပျစ်ရည်အချိန်ငါးဆယ် ရရှိလိမ့်မည်ဟုဆိုကာ၊ စပျစ်ရည်စည် ကြီးသို့သွားသောအခါအချိန်နှစ်ဆယ် သာတွေ့ရှိရသည်မဟုတ်ပါလော။-