ဟောရှေ 9:14 - Common Language Bible ဤသူတို့အတွက်ကိုယ်တော်ရှင်ထံအကျွန်ုပ် မည်သည့်အရာကိုတောင်းလျှောက်ရပါမည် နည်း။ သူတို့၏အမျိုးသမီးများကိုမြုံစေ ၍သူတို့ကလေးငယ်များကိုပြုစုခွင့် မရကြပါစေနှင့်။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ ထို သူ တို့ အား ပေး ချ တော် မူ ပါ။ မည် သို့ ပေး တော် မူ အပ် သ နည်း ဟူ မူ၊ သား လျှော သော ဝမ်း၊ ခန်း ခြောက် သော သား မြတ် ကို ပေး ချ တော် မူ ပါ။ Judson Bible အို ထာဝရဘုရား၊ ပေးသနားတော်မူပါ။ အဘယ်သို့ ပေးတော်မူရမည်နည်း။ ကိုယ်ဝန်မဆောင်သော ဝမ်း၊ နို့မထွက်သော သားမြတ်ကို ပေးတော်မူပါ။ မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ သူတို့အား ပေးတော်မူပါ။ သူတို့အား မည်သည့်အရာပေးတော်မူမည်နည်း။ သူတို့အား ကိုယ်ဝန်ပျက်သောဝမ်း၊ နို့မထွက်သောသားမြတ်ကို ပေးတော်မူပါ။ |
သင်တို့၏ပြည်တွင်ကိုယ်ဝန်ပျက်သောမိန်းမ၊ မြုံသောမိန်းမဟူ၍မရှိစေရ။ သင်တို့အား အသက်ရှည်စေမည်။
ဣသရေလတို့၏ဘုန်းတန်ခိုးသည်ငှက် ပျံသကဲ့သို့ကွယ်ပျောက်သွားလိမ့်မည်။ သူ တို့တွင်သမီးများမထွန်းကားရ။ ကိုယ် ဝန်ဆောင်သောမိန်းမ မရှိရ။ သန္ဓေတည် ခြင်းမရှိစေရ။-
အရှင်ထာဝရဘုရား၊ သူတို့၏သား သမီးများအားရန်သူများလိုက်လံ၍ သတ်ဖြတ်နေသည်ကိုအကျွန်ုပ်မြင် ယောင်ပါ၏။-
ဣသရေလပြည်သားတို့သည်အမြစ် များသွေ့ခြောက်သဖြင့် အသီးမသီးနိုင် သောအပင်နှင့်တူ၏။ သူတို့တွင်သားသမီး များမထွန်းကားစေရ။ အကယ်၍သား သမီးများထွန်းကားခဲ့သည်ရှိသော်သူ တို့၏ရင်သွေးများကိုငါသတ်ပစ်မည်'' ဟုမိန့်တော်မူ၏။
ထိုနေ့ရက်ကာလ၌ကိုယ်ဝန်ဆောင်နှင့်သားငယ် မိခင်တို့အတွက်အကျိုးနည်းပေတော့မည်။-
ထိုနေ့ရက်ကာလ၌ကိုယ်ဝန်ဆောင်မိန်းမနှင့် သားသည်မိခင်တို့အတွက်အကျိုးနည်းပေ တော့မည်။-
ထိုကာလ၌ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် သားသည် မိခင်တို့အတွက်အကျိုးနည်းပေ တော့မည်။ ယုဒပြည်သည်အတိဒုက္ခရောက်၍ ပြည်သူတို့သည်အမျက်တော်သင့်ကြလိမ့် မည်။-
`ကလေးမရှိခဲ့၊ နို့မတိုက်ခဲ့သောအမျိုးသမီး များသည်မင်္ဂလာရှိ၏' ဟုဆိုရသည့်အချိန် ကျရောက်လာလိမ့်မည်။-
ယခုကြုံတွေ့နေရသည့်ခေတ်ဆိုးကြောင့်အမျိုး သားတစ်ယောက်သည် ရှိမြဲအခြေအနေအတိုင်း ဆက်လက်နေထိုင်လျှင်ကောင်းပေမည်။-
``ထာဝရဘုရားသည် သင်တို့တွင်သားသမီး အနည်းငယ်မျှသာထွန်းကားစေရန်လည်း ကောင်း၊ သင်တို့၏ကောက်ပဲသီးနှံကိုညံ့ဖျင်း စေရန်လည်းကောင်း၊ သိုးနွားအနည်းငယ်မျှ ကိုသာရရှိစေရန်လည်းကောင်း သင်တို့အား ကျိန်စာသင့်စေတော်မူမည်။