ငါနှင့်အတူလိုက်၍ထာဝရဘုရားအတွက် ငါအဘယ်မျှစိတ်ထက်သန်သည်ကိုသင် ကိုယ်တိုင်ကြည့်ရှု့လော့'' ဟုဆို၏။ သူတို့ နှစ်ဦးသည်အတူတကွ ရှမာရိမြို့သို့ ရထားစီး၍သွားကြ၏။-
ဟောရှေ 8:2 - Common Language Bible ငါ့အားသူတို့၏ဘုရားသခင်ဟူ၍လည်း ကောင်း၊ သူတို့သည်ငါ၏လူမျိုးတော်ဟူ၍ လည်းကောင်း၊ သူတို့သည်ငါ့ကိုသိသည် ဟူ၍လည်းကောင်းဆိုကြသော်လည်း၊- Garrad Bible အ ကျွန်ုပ် တို့ ဘု ရား သ ခင်၊ ဣ သ ရေ လ တည်း ဟူ သော အ ကျွန်ုပ် တို့ သည်၊ ကိုယ် တော် ကို သိ ကျွမ်း ပါ သည် ဟု၊ ငါ့ ထံ ဟစ် ခေါ် သော် လည်း၊ Judson Bible သို့ရာတွင် သူတို့က၊ အကျွန်ုပ်တို့၏ ဘုရားသခင်၊ အကျွန်ုပ်တို့သည် ဣသရေလအမျိုးဖြစ်၍ ကိုယ်တော်ကို သိကြပါ၏ဟု ငါ့အား ကြွေးကြော်ကြသည်တကား။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးက ‘အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော့်ကို သိကြပါ၏’ဟု အော်ဟစ်ကြ၏။ |
ငါနှင့်အတူလိုက်၍ထာဝရဘုရားအတွက် ငါအဘယ်မျှစိတ်ထက်သန်သည်ကိုသင် ကိုယ်တိုင်ကြည့်ရှု့လော့'' ဟုဆို၏။ သူတို့ နှစ်ဦးသည်အတူတကွ ရှမာရိမြို့သို့ ရထားစီး၍သွားကြ၏။-
သို့ရာတွင်ယေဟုသည်ယေရောဗောင်မင်း ကိုအတုခိုး၏။ ယေရောဗောင်ကားဣသ ရေလအမျိုးသားတို့အားဗေသလမြို့ နှင့်ဒန်မြို့တွင် မိမိပြုလုပ်ထားသည့်ရွှေ နွားရုပ်များကိုဝတ်ပြုကိုးကွယ်စေသည့် အပြစ်ကိုကူးလွန်ခဲ့၏။-
`ဤဗိမာန်သည် ထာဝရဘုရား၏ဗိမာန်တော် ဖြစ်၏။ ထာဝရဘုရား၏ဗိမာန်တော်ဖြစ်၏။ ထာဝရဘုရား၏ဗိမာန်တော်ဖြစ်၏' ဟု ပြောဆိုသူတို့၏မုသားစကားကိုမယုံ ကြနှင့်။
``ငါ၏လူမျိုးတော်သည်မိမိတို့၏အပြစ် ကိုသိ၍ ငါ့ထံသို့ပြန်လာမည့်အချိန်ရောက် သည်အထိငါသည်သူတို့ကိုစွန့်ပစ်ထား မည်။ သူတို့သည်ဆင်းရဲဒုက္ခခံနေရစဉ် ငါ့အားကြိုးစား၍ရှာကြလိမ့်မည်။''
သူတို့သည်မွန်မြတ်သောအရာကိုစွန့်ပစ် ကြပြီဖြစ်၍ ရန်သူများသည်သူတို့ကို လိုက်လံတိုက်ခိုက်ကြလိမ့်မည်။
မြို့ကိုအုပ်ချုပ်သူတို့သည်တံစိုးလက်ဆောင် စား၍အုပ်ချုပ်ကြ၏။ ယဇ်ပုရောဟိတ်တို့ သည်အခကြေးငွေယူ၍စီရင်ဆုံးဖြတ် ကြ၏။ ပရောဖက်တို့သည်ငွေယူ၍ဗျာဒိတ် တော်ကိုဖွင့်ပြကြ၏။ ထိုသူအပေါင်းတို့ ကထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူသည်ဟုဆိုကြ၏။ သူတို့က``ငါ တို့တွင်ဘေးဥပဒ်မရောက်နိုင်၊ ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိတော်မူ သည်'' ဟုပြောကြ၏။
``ပညာသတိမရှိသောအပျိုရံများသည် လည်းပြန်ရောက်လာ၍ `အရှင်၊ အရှင်၊ ကျွန်မတို့ အားတံခါးဖွင့်ပေးပါ' ဟုဆိုကြ၏။-
``ငါ့ကို `သခင်၊ သခင်' ဟုခေါ်သောသူတိုင်းကောင်း ကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင် ဘုံရှင်ငါ့အဖ၏အလိုတော်အတိုင်းလိုက်လျှောက် သူသာလျှင်ဝင်ရလိမ့်မည်။-
အိမ်ရှင်သည်ထလျက်တံခါးကိုပိတ်လိုက်၍ သင် တို့သည်အိမ်ပြင်မှာရောက်ရှိနေရသောအဖြစ် နှင့်တွေ့ကြုံလိမ့်မည်။ ထိုအခါသင်တို့က `အရှင်၊ အရှင်၊ အကျွန်ုပ်တို့အားတံခါးကိုဖွင့်ပေးတော် မူပါ' ဟုဆို၍တံခါးကိုခေါက်သော်လည်း အိမ်ရှင်က `သင်တို့အဘယ်မှလာသည်ကိုငါ မသိ' ဟုဆိုလိမ့်မည်။-
သူတို့သည်ဘုရားသခင်ကိုသိသည်ဟုဝန်ခံ သော်လည်းသူတို့အကျင့်ကမထောက်ခံ။ သူ တို့သည်မုန်းဖွယ်ကောင်းသူ၊ နားမထောင်သူ၊ ကောင်းမြတ်သည့်အမှုတစ်စုံတစ်ခုကိုမျှ ပြုရန်မသင့်တော်သူများဖြစ်ကြ၏။
ကိုယ်တော်ကိုသိပါသည်ဟုဆိုပြီးလျှင် ပညတ်တော်တို့ကိုမစောင့်ထိန်းသူသည် လူလိမ်ဖြစ်၍ထိုသူ၌သစ္စာတရားမရှိ။-