ဤအတောအတွင်း၌ မိက္ခာထံသို့သွားသော နန်းတွင်းအရာရှိကမိက္ခာအား``အခြား ပရောဖက်အားလုံးကပင်မင်းကြီးသည် အောင်မြင်မှုရရှိလိမ့်မည်ဟုဟောခဲ့ကြ လေပြီ။ အရှင်သည်လည်းဤအတိုင်းပင် ဟောသင့်ပါသည်'' ဟုဆို၏။
ဟောရှေ 7:3 - Common Language Bible ထာဝရဘုရားက``လူတို့သည်မိမိတို့ ၏မကောင်းသောကြံစည်မှုများအားဖြင့် ဘုရင်နှင့်မင်းမှုထမ်းတို့အားလှည့်စား ကြ၏။- Garrad Bible ဘု ရင် မင်း ကို၊ ဆိုး သွမ်း မှု များ ဖြင့် လည်း ကောင်း၊ မှူး မတ် တို့ ကို၊ လိမ် လည် မှု များ ဖြင့်လည်း ကောင်း၊ အား ရ စေ ကြ၏။ Judson Bible ဆိုးညစ်သော အမှုအားဖြင့် ရှင်ဘုရင်ကိုလည်းကောင်း၊ မုသားစကားအားဖြင့် မင်းများကိုလည်းကောင်း ဝမ်းမြောက်စေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မကောင်းမှုများဖြင့် ရှင်ဘုရင်ကို ဝမ်းမြောက်စေ၏။ မုသားစကားများဖြင့် မှူးမတ်တို့ကို ဝမ်းမြောက်စေ၏။ |
ဤအတောအတွင်း၌ မိက္ခာထံသို့သွားသော နန်းတွင်းအရာရှိကမိက္ခာအား``အခြား ပရောဖက်အားလုံးကပင်မင်းကြီးသည် အောင်မြင်မှုရရှိလိမ့်မည်ဟုဟောခဲ့ကြ လေပြီ။ အရှင်သည်လည်းဤအတိုင်းပင် ဟောသင့်ပါသည်'' ဟုဆို၏။
သို့ဖြစ်၍အာဟပ်သည်လေးရာခန့်ရှိသော ပရောဖက်တို့ကိုခေါ်တော်မူ၍``ငါသည် ရာမုတ်မြို့ကိုချီတက်တိုက်ခိုက်ရန်သင့် မသင့်ပြောကြားလော့'' ဟုမေးတော်မူ၏။ ပရောဖက်တို့က``တိုက်ခိုက်တော်မူပါ။ ထာဝရ ဘုရားသည်အရှင့်အားအောင်ပွဲခံစေတော်မူ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
ဗာဗုလုန်ဘုရင်သည်အရှင့်ကိုသော်လည်းကောင်း၊ ဤပြည်ကိုသော်လည်းကောင်းတိုက်ခိုက်လိမ့်မည် မဟုတ်ဟု ဟောပြောခဲ့ကြသည့်အရှင်၏ပရော ဖက်များကားအဘယ်မှာရှိပါသနည်း။-
ပရောဖက်တို့သည်မှန်သောစကားကိုမပြောကြ။ ယဇ်ပုရောဟိတ်တို့သည်ပရောဖက်အမိန့်ပေးသည်အတိုင်းအုပ်စိုးကြ၏။ ငါ၏လူမျိုးတော်ကလည်းဤသို့ပြုကျင့်မှုတို့ကိုမကန့်ကွက်ကြ။ သို့ရာတွင်သူတို့သည်နောက်ဆုံးတစ်နေ့၌အဘယ်သို့ပြုကြမည်နည်း။
ငါသည်မိမိအမျိုးသားများအားစွန့်ခွာပြီး လျှင် သဲကန္တာရတွင်သွားရောက်နေထိုင်စရာ အခန်းတစ်ခုကိုလိုချင်စမ်းပါဘိ။ သူတို့အားလုံးပင်လျှင်သစ္စာမဲ့၍အခြား ဖောက်ပြားသူများဖြစ်ကြ၏။
သို့ရာတွင်သင်တို့သည်ဒုစရိုက်မျိုးစေ့ကို စိုက်ပျိုး၍ဒုစရိုက်အသီးအနှံကိုရိတ် သိမ်းကြ၏။ သင်တို့သည်မုသား၏ဒုစရိုက် အသီးအနှံကိုစားကြပြီ။ ``သင်တို့သည်သင်တို့၏စစ်ရထားများနှင့် စစ်သည်အင်အားကြီးမားခြင်းကိုအားကိုး ကြခြင်းကြောင့်၊-
ထာဝရဘုရားက``ဣသရေလပြည်သားတို့ သည် ငါ့အားမုသားစကားပြောဆို၍လှည့် စားကြပြီ။ ယုဒပြည်သားတို့သည်သန့်ရှင်း မြင့်မြတ်၍သစ္စာတော်တည်မြဲသောငါ ဘုရားသခင်အားပုန်ကန်နေကြသေး၏။
သူတို့သည်ကတိမတည်ခြင်း၊ မုသား စကားကိုပြောခြင်း၊ လူ့အသက်ကိုသတ် ခြင်း၊ သူတစ်ပါးဥစ္စာပစ္စည်းကိုခိုးယူခြင်း၊ သူတစ်ပါးသားမယားကိုပြစ်မှားခြင်း တို့ကိုပြု၏။ တရားလက်လွတ်နေထိုင်၍ လူသတ်မှုများကိုအထပ်ထပ်ကူးလွန် ကြ၏။-
ဣသရေလအမျိုးသားတို့သည်ညှင်းဆဲ နှိပ်စက်ခြင်းခံနေရကြ၏။ သူတို့သည် အကူအညီမပေးနိုင်သူရုပ်တုတို့ထံ မှ အကူအညီတောင်းခံရန်ဆန္ဒပြင်းပြ နေသည်။-
ဘုရင်ပွဲခံသောနေ့တွင်ဘုရင်နှင့်မင်းမှု ထမ်းတို့ကိုစပျစ်ရည်တိုက်၍ယစ်မူး၍ ရူးသွပ်စေကြ၏။-
သင်တို့သည်သြမရိဘုရင်နှင့်သူ၏သား အာဟပ်မင်းတို့၏ ဆိုးညစ်သည့်စရိုက်ကို လိုက်၍ကျင့်ကြသဖြင့် ထိုပျက်စီးဆုံးရှုံး ခြင်းနှင့်တွေ့ကြုံရလိမ့်မည်။ လူတိုင်းက သင်တို့ကိုကဲ့ရဲ့ကြလိမ့်မည်။ လူမျိုး တကာတို့သည်သင်တို့ကိုသရော်ကြ လိမ့်မည်။''
သူတို့သည်မကောင်းမှုကိုပြုလုပ်ရန်စိတ် အားထက်သန်ကြ၏။ အရာရှိများနှင့် တရားသူကြီးများသည် တံစိုးလက်ဆောင် တောင်းတတ်ကြ၏။ သြဇာရှိသောသူ၏ အလိုဆန္ဒကိုလိုက်၍ သူတို့သည်မကောင်း မှုကိုအတူတကွကြံစည်ကြ၏။-
ဤသို့သောအကျင့်ရှိသူတို့သည်သေဒဏ်ခံ ထိုက်သည်ဟု ဘုရားသခင်ပြဋ္ဌာန်းချက်ကိုထို သူတို့သိလျက်ပင် မိမိတို့ကိုယ်တိုင်ဤအမှု များကိုဆက်လက်၍ပြုကျင့်ကြသည်သာ မက၊ ဤသို့ပြုကျင့်ကြသူများကိုလည်း အားပေးအားမြှောက်ပြုကြသည်တကား။
မိစ္ဆာပရောဖက်တို့သည်လောကနှင့်ဆိုင်သော သူများဖြစ်ကြ၏။ သို့ဖြစ်၍လောကီအကြောင်း အရာများကိုပြောဆိုကြ၏။ လောကသား တို့သည်လည်းသူတို့၏စကားကိုနားထောင် ကြ၏။-