ဟောရှေ 7:12 - Common Language Bible သို့ရာတွင်အကူအညီတောင်းရန်သွားနေ စဉ်ငှက်များကိုပိုက်အုပ်၍ဖမ်းသကဲ့သို့ ငါသည်သူတို့ကိုဖမ်းမည်။ သူတို့၏အပြစ် ဒုစရိုက်အတွက်ငါသည်သူတို့အားဒဏ် ခတ်မည်။ Garrad Bible ငါ သည် သူ သွား လေ ရာ ရာ၌၊ ပိုက် ကွန် တော် ကို ဖြန့်၍၊ လေ သ တ္တ ဝါ တို့ ကဲ့ သို့ ချ လျက်၊ ပ ရိတ် သတ် ကြား သိ သည့် အ တိုင်း ဆုံး မ လိမ့် မည်။ Judson Bible သွားလေရာရာတွင် ငါ့ပိုက်နှင့် သူတို့ကို ငါအုပ်မိမည်။ မိုးကောင်းကင်ငှက်ကိုကဲ့သို့ မြေသို့နှိမ့်ချမည်။ သူတို့စည်းဝေးရာ၌ ကြားသည်အတိုင်း ငါဆုံးမမည်။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သွားလေရာရာသို့ ငါ့ပိုက်ကွန်ဖြင့် လိုက်အုပ်မည်။ မိုးကောင်းကင်ငှက်ကဲ့သို့ သူတို့ကို ဆွဲချမည်။ သူတို့လူအုပ်ကြီးကို သတိပေးခဲ့သည့်အတိုင်း သူတို့ကို ငါဒဏ်ခတ်မည်။ |
လူသည် မိမိကာလအချိန်ကိုမသိတတ်။ ဘေးပြု ရာ ပိုက်ကွန်အုပ်မိသော ငါးကဲ့သို့၎င်း၊ ကျော့ကွင်း၌ ကျော့မိသော ငှက်ကဲ့သို့၎င်း၊ လူသားတို့သည် ဘေးပြုရာ ကာလထဲသို့ အမှတ်တမဲ့ရောက်၍ ကျော့မိတတ်ကြ၏။
ထာဝရဘုရားက``ငါသည်ဤသူတို့ကို ဖမ်းရန် တံငါသည်အမြောက်အမြားကိုပို့ မည်။ တောင်ကြီးတောင်ငယ်ရှိသမျှတို့နှင့် ကျောက်ဆောင်များအကြား၌ သူတို့အား လိုက်လံရှာဖွေရန်မုဆိုးအမြောက် အမြားကိုပို့မည်။-
ငါသည်မိမိ၏အစေခံပရောဖက်များကို သင်တို့ထံသို့ အဖန်ဖန်အထပ်ထပ်စေလွှတ် ခဲ့၏။ သူတို့ကလည်းသင်တို့အားငါမုန်း ထားစက်ဆုပ်သည့်အမှုကိုမပြုရန်ပြော ကြားခဲ့ကြ၏။-
ငါသည်ပိုက်ကွန်ကိုဖြန့်၍သူ့အားအုပ်မိကာ ငါ၏ထောင်ချောက်တွင်မိစေလျက်ခါလဒဲ ပြည်ဗာဗုလုန်မြို့သို့ခေါ်ဆောင်သွားမည်။ သူသည်ထိုမြို့ကိုမမြင်ရဘဲထိုမြို့၌ ပင်သေရလိမ့်မည်။-
ပိုက်ကွန်နှင့်သူ့ကိုငါအုပ်မည်။ ကျော့ကွင်းကို ထောင်၍သူ့အားငါဖမ်းမည်။ ဗာဗုလုန်မြို့သို့ ခေါ်ဆောင်သွားပြီးလျှင်ထိုမြို့တွင်သူ့အား ဒဏ်ခတ်မည်။ အဘယ်ကြောင့်ဆိုသော်သူ သည်ငါ့ကိုသစ္စာဖောက်သောကြောင့်ဖြစ်၏။-
အရှင်ထာဝရဘုရားကလူမျိုးတကာ တို့တွေ့ဆုံစုဝေးကြသောအခါ ငါသည် သင့်အားပိုက်ကွန်ဖြင့်အုပ်၍ဖမ်းကာသူ တို့အားကမ်းသို့ဆွဲတင်စေမည်။-
အပြစ်ဒဏ်စီရင်ရာနေ့ရောက်လာပြီဖြစ် ၍၊ ဣသရေလအမျိုးသားတို့သည်ပျက် စီးရလိမ့်မည်။ ဣသရေလပြည်သားတို့၊ ဤအရာသည်မုချဖြစ်လိမ့်မည်။''
ငါသည်မိမိချစ်သောသူအပေါင်းတို့အား ဆုံးမ၍အပြစ်ဒဏ်ပေးတတ်၏။ ထိုကြောင့် သင်သည်စိတ်အားထက်သန်လော့။ နောင်တ ရလော့။-