သူတို့၏ဘိုးဘေးများအားအီဂျစ်ပြည်မှ ထုတ်ဆောင်လာစဉ်အခါက ငါသည်သူတို့ အားငါ၏စကားကိုနားထောင်ကြရန်ကြပ် တည်းစွာသတိပေးခဲ့၏။ ယနေ့ထိတိုင် အောင်ဆက်လက်၍သတိပေး၏။-
ဟောရှေ 5:1 - Common Language Bible ``ယဇ်ပုရောဟိတ်တို့၊ ကြားနာကြလော့၊ ဣသရေလပြည်သားတို့ဂရုစိုက်နား ထောင်ကြလော့။ မင်းမျိုးမင်းနွယ်တို့နား ထောင်ကြလော့။ သင်တို့ကိုယ်တိုင်မှန်ကန်စွာ စီရင်ရမည့်သူများဖြစ်သည်။ ထိုအတိုင်း ပင်သင်တို့ကိုလည်းအပြစ်ဒဏ်စီရင်ခြင်း ခံရကြမည်။ သင်တို့သည်မိဇပါမြို့တွင် ထောင်သောထောင်ချောက်၊ တာဗော်တောင်တွင် ဖြန့်ထားသောပိုက်ကွန်၊- Garrad Bible အ စီ အ ရင် ကို ခံ ရ သော၊ အို ပ ရော ဟိတ် တို့၊ နာ ခံ ခြင်း၊ အို ဣ သ ရေ လ အ မျိုး သား တို့၊ နား ထောင် ခြင်း၊ အို မင်း မျိုး တို့၊ နား စိုက် ခြင်း ရှိ ကြ လော့။ မိ ဇ ပါ မြို့၌ ထောင် သော ကျော့ ကွင်း၊ တာ ဗော် တောင် ပေါ်၌ ဖြန့် သော ပိုက် ကွန် သ ဖွယ် ဖြစ် လျက်၊ Judson Bible အို ယဇ်ပုရောဟိတ်တို့၊ ကြားကြလော့။ အို ဣသရေလအမျိုးသားတို့၊ နားထောင်ကြလော့။ အို နန်းတော်သားတို့၊ မှတ်မိကြလော့။ သင်တို့သည် စစ်ကြောစီရင်ခြင်းကို ခံရကြမည်။ အကြောင်းမူကား၊ သင်တို့သည် မိဇပါတောင်ပေါ်မှာ ကျော့ကွင်း၊ တာဗော်တောင်ပေါ်မှာ ထောင်သောပိုက်ဖြစ်ကြပြီ။ မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်တို့၊ နားထောင်ကြ။ အစ္စရေးအမျိုးအနွယ်တို့၊ အာရုံစိုက်ကြ။ နန်းတွင်းသားတို့၊ စူးစိုက်နားထောင်ကြ။ သင်တို့သည် တရားစီရင်ခြင်းကိုခံရကြမည်။ သင်တို့သည် မိဇပါမြို့မှ ထောင်ချောက်၊ တာဗော်တောင်ပေါ်မှ ဖြန့်ထားသောပိုက်ကွန် ဖြစ်၏။ |
သူတို့၏ဘိုးဘေးများအားအီဂျစ်ပြည်မှ ထုတ်ဆောင်လာစဉ်အခါက ငါသည်သူတို့ အားငါ၏စကားကိုနားထောင်ကြရန်ကြပ် တည်းစွာသတိပေးခဲ့၏။ ယနေ့ထိတိုင် အောင်ဆက်လက်၍သတိပေး၏။-
ထာဝရဘုရားသည် ငါ့အား``ဘုရင်နှင့်သူ့ မယ်တော်၏လှပသောသရဖူများသည် မိမိ တို့ဦးခေါင်းမှပြုတ်ကျပြီဖြစ်၍ သူတို့ အားမိမိတို့၏ရာဇပလ္လင်များမှဆင်း ကြရန်ပြောကြားလော့။-
အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် ဘုရင်ဖြစ်တော်မူ၏။ ငါသည်အသက်ရှင်တော်မူသော ဘုရားသခင်ပေတည်း။ တာဗော်တောင်ထိပ်သည်တောင်တကာတို့ ထက် မြင့်သကဲ့သို့လည်းကောင်း၊ ကရမေလတောင်ထိပ်သည်လည်း၊ပင်လယ် အနီးတွင် မြင့်မားစွာတည်ရှိသကဲ့သို့လည်းကောင်း၊ သင်တို့တိုက်ခိုက်မည့်သူသည်ခွန်အား ကြီးမား ပေလိမ့်မည်။
ဗေသလမြို့သားတို့၊ သင်တို့သည်ကြီးလေး သောဒုစရိုက်ကိုကူးလွန်ခဲ့သဖြင့် ထိုကဲ့ သို့သောအဖြစ်အပျက်မျိုးနှင့်ကြုံရလိမ့် မည်။ စစ်ပွဲစလျှင်စခြင်းဣသရေလဘုရင် ကျဆုံးရလိမ့်မည်'' ဟုမိန့်တော်မူ၏။
သားပျောက်သောဝက်ဝံကဲ့သို့သင်တို့ ကိုကိုက်ဖြတ်ဆုတ်ဖြဲမည်။ ခြင်္သေ့ကဲ့သို့ တွေ့ရာအရပ်၌ကိုက်စား၍တောသားရဲ ကဲ့သို့အပိုင်းပိုင်းဆုတ်ဖြဲမည်။
ဣသရေလအမျိုးသားတို့၊ ထာဝရဘုရား ၏မိန့်တော်မူချက်ကိုနားထောင်ကြလော့။ ဤ တိုင်းပြည်တွင်နေထိုင်သူတို့အားထာဝရ ဘုရားစွပ်စွဲတော်မူချက်ရှိပေ၏။ ကိုယ်တော် က``ဤတိုင်းပြည်တွင်သစ္စာတရားမေတ္တာ တရားဟူ၍မရှိ။ ငါသည်ဘုရားဖြစ်သည် ဟုပြည်သူတို့ကအသိအမှတ်မပြုကြ။-
ယဇ်ပုရောဟိတ်များသည်လုယက်ရန်ချုံ ခိုစောင့်သောဋ္ဌားပြဂိုဏ်းကဲ့သို့ကျင့်ကြံ ကြသည်။ သူတို့သည်ရှေခင်မြို့သို့သွား ရာလမ်း၌ပင်လျှင်လူကိုသတ်ကြ၏။ သူ တို့သည်ဤကဲ့သို့ဆိုးရွားသောရာဇဝတ် မှုများကိုကူးလွန်ကြ၏။-
ဘုရားသခင်သည်မိမိလူတို့ကိုသတိ ပေးရန် ငါ့အားပရောဖက်အဖြစ်စေလွှတ် တော်မူ၏။ သို့ရာတွင်သင်တို့သည်ငါသွား လေရာအရပ်၌ငှက်ကိုကျော့ကွင်းထောင် ဖမ်းသကဲ့သို့ငါ့ကိုဖမ်းကြ၏။ ဘုရားသခင်၏ပြည်တော်၌ပင်လူတို့သည် ပရောဖက်များ၏ရန်သူများဖြစ်ကြ၏။-
အချင်းအသက်ကြီးသူတို့ငါပြောသည်ကိုအာရုံစိုက်ကြလော့။ ယုဒပြည်သူအပေါင်းတို့နားထောင်ကြလော့။ သင်တို့ခေတ်၌သော်လည်းကောင်းသင်တို့ဘိုးဘေးများ၏ခေတ်၌သော်လည်းကောင်း၊ ဤအမှုအရာမျိုးဖြစ်ပျက်ဖူးသလော။
အို ဣသရေလပြည်သားတို့၊ သင်တို့တစ်မျိုး လုံးကိုအီဂျစ်ပြည်မှနုတ်ဆောင်ခဲ့သော ထာဝရဘုရားက သင်တို့နှင့်ပတ်သက်၍ မိန့်ဆိုသောဤစကားကိုနားထောင်လော့။-
ဣဇာက်မှဆင်းသက်သောအမျိုးအနွယ်တို့ ကိုးကွယ်ရာအရပ်များပျက်စီးရတော့မည်။ ဣသရေလနိုင်ငံရှိသန့်ရှင်းရာဌာနမှန် သမျှကို မြေပုံအဖြစ်နှင့်သာကျန်ရစ်စေ မည်။ ငါသည်ယေရောဗောင်မင်းဆက်၏နန်း သက်ကိုကုန်စေတော့မည်'' ဟုမိန့်တော်မူ၏။
ဣသရေလအမျိုးသားခေါင်းဆောင်တို့၊ နားထောင်ကြလော့။ သင်တို့သည်တရား သဖြင့်စီရင်ရသူများဖြစ်သော်လည်း၊-
ဣသရေလအမျိုးကိုအုပ်ချုပ်သူအကြီး အကဲတို့၊ နားထောင်ကြလော့။ သင်တို့သည် တရားမျှတစွာစီရင်ခြင်းကိုမုန်း၍ အမှန်ကိုအမှားဖြစ်စေကြ၏။-
တိုင်းပြည်ထဲတွင်ရိုးသားဖြောင့်မတ်သောသူ၊ ဘုရားသခင်အားသစ္စာစောင့်သိရိုသေသော သူဟူ၍ တစ်ယောက်မျှမရှိတော့ချေ။ လူ့ အသက်ကိုသတ်ရန်အခွင့်ကောင်းကိုလူတိုင်း စောင့်လျက်နေကြ၏။ ညီအစ်ကိုအချင်းချင်း တစ်ယောက်ကိုတစ်ယောက်ကျော့ကွင်းထောင်၍ ဖမ်းတတ်ကြ၏။-
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ယဇ် ပုရောဟိတ်တို့အား``သားသည်ဖခင်အား လည်းကောင်း၊ အစေခံသည်သခင်အားလည်း ကောင်းရိုသေလေးစား၏။ ငါသည်သင်တို့၏ ဖခင်ဖြစ်ပေသည်။ အဘယ်ကြောင့်သင်တို့ ငါ့အားမရိုသေကြပါသနည်း။ ငါသည် သင်တို့၏သခင်ဖြစ်ပေသည်။ အဘယ်ကြောင့် သင်တို့ငါ့အားမလေးစားကြပါသနည်း။ သင်တို့သည် ငါ့အားမထီမဲ့မြင်ပြုပြီး လျှင်``ကိုယ်တော်ရှင်အားကျွန်တော်မျိုးတို့ အဘယ်သို့မထီမဲ့မြင်ပြုမိကြပါသ နည်း'' ဟုမေးလျှောက်ကြ၏။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက ယဇ် ပုရောဟိတ်တို့အား``ဤပညတ်သည်သင်တို့ အတွက်ဖြစ်၏။ သင်တို့သည်အကျင့်အကြံ အပြုအမူအားဖြင့် ငါ၏ဂုဏ်တော်ကိုချီး ကူးရကြမည်။ အကယ်၍ငါ့စကားကို သင်တို့နားမထောင်ပါမူ ငါသည်သင်တို့ အားကျိန်စာသင့်စေမည်။ သင်တို့မှီခို အားထားရာများကိုလည်းကျိန်စာသင့် စေမည်။ အမှန်စင်စစ်ထိုအရာတို့သည် ယခုပင်ကျိန်စာသင့်ကြလေပြီ။ အဘယ် ကြောင့်ဆိုသော်သင်တို့သည်ငါ၏ပညတ် ကိုလေးလေးစားစားမခံမယူကြသည့် အတွက်ဖြစ်၏။-
တစ်နေ့သ၌သူသည်နဿလိနယ်မြေ၊ ကေ ဒေရှမြို့မှအဘိနောင်၏သားဗာရက်ကို ခေါ်ပြီးလျှင်``ဣသရေလအမျိုးသားတို့ဘုရားသခင်ထာဝရဘုရားက`သင်သည်နဿလိ အနွယ်နှင့် ဇာဗုလုန်အနွယ်မှလူပေါင်းတစ် သောင်းကိုခေါ်ယူကာတာဗော်တောင်သို့ သွားရမည်။-
သူသည်နှစ်စဉ်နှစ်တိုင်းဗေသလမြို့၊ ဂိလ ဂါလမြို့၊ မိဇပါမြို့တို့သို့လှည့်လည်သွား ရောက်ကာထိုမြို့တို့တွင်အမှုအခင်းများ ကိုစစ်ဆေးစီရင်လေ့ရှိ၏။-
ထိုနောက်ရှမွေလသည်ဣသရေလအမျိုး သားအပေါင်းတို့အား``ငါသည်မိဇပါမြို့ တွင်သင်တို့အတွက် ထာဝရဘုရားထံတော် သို့ဆုတောင်းပတ္ထနာပြုမည်ဖြစ်၍သင်တို့ သည်ထိုမြို့၌စုကြလော့'' ဟုဆင့်ဆိုမှာ ကြား၏။-
သို့ဖြစ်၍သူတို့သည်မိဇပါမြို့တွင်စုဝေး ကြပြီးနောက် ရေအနည်းငယ်ခပ်၍ထာဝရ ဘုရားအား ပူဇော်သည့်အနေဖြင့်သွန်းလောင်း ကာထိုနေ့တစ်နေ့လုံးအစာရှောင်ကြ၏။ သူ တို့က``အကျွန်ုပ်တို့သည်ထာဝရဘုရားကို ပြစ်မှားပါပြီ'' ဟုဆိုကြ၏။ မိဇပါမြို့မှ နေ၍ရှမွေလသည်ဣသရေလအမျိုး သားတို့ကိုစီရင်အုပ်ချုပ်သတည်း။