ငါသိမြင်သည်အတိုင်း၊ မတရားသော လယ်ထွန်ခြင်းကို ပြုသောသူနှင့် အဓမ္မမျိုးစေ့ကို ကြဲသောသူတို့ သည် ထိုသို့နှင့်အညီ စပါးရိတ်တတ်ကြ၏။
ဟောရှေ 10:13 - Common Language Bible သို့ရာတွင်သင်တို့သည်ဒုစရိုက်မျိုးစေ့ကို စိုက်ပျိုး၍ဒုစရိုက်အသီးအနှံကိုရိတ် သိမ်းကြ၏။ သင်တို့သည်မုသား၏ဒုစရိုက် အသီးအနှံကိုစားကြပြီ။ ``သင်တို့သည်သင်တို့၏စစ်ရထားများနှင့် စစ်သည်အင်အားကြီးမားခြင်းကိုအားကိုး ကြခြင်းကြောင့်၊- Garrad Bible သင် တို့ သည် ဆိုး သွမ်း ခြင်း ကို ထယ် ထိုး သည့် အ လျောက်၊ ဒု က္ခ ကို ရိတ် သိမ်း ခဲ့ ကြ လေ စွ။ ကိုယ့် အ လေ့ အ လာ၊ ကိုယ့် သူ ရဲ အ လုံး အ ရင်း ၌၊ ကိုး စား ပြီး ဖြစ်၍၊ စိတ် ပျက် ခြင်း အ သီး ကို စား ခဲ့ ရ ကြ သည် တ ကား။ Judson Bible သင်တို့သည် ဒုစရိုက်မျိုးစေ့ကိုကြဲလို၍ လယ်ထွန်သောကြောင့်၊ အပြစ်စပါးကို ရိတ်ရကြ၏။ မုသားအသီးအနှံကို စားရကြ၏။ အကြောင်းမူကား၊ ကိုယ်ကြံစည် ပြုမူခြင်းကိုလည်းကောင်း၊ ကိုယ်၌ များစွာသော သူရဲတို့ကိုလည်းကောင်း ကိုးစားတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ဆိုးယုတ်မှုကို စိုက်ပျိုးသောကြောင့် မတရားမှုကိုရိတ်သိမ်းရ၏။ မုသားအသီးကို စားရ၏။ အကြောင်းမှာ ကိုယ့်နည်းလမ်း၊ ကိုယ့်စစ်သူရဲအလုံးအရင်းကိုသာ ယုံကြည်အားကိုးကြ၏။ |
ငါသိမြင်သည်အတိုင်း၊ မတရားသော လယ်ထွန်ခြင်းကို ပြုသောသူနှင့် အဓမ္မမျိုးစေ့ကို ကြဲသောသူတို့ သည် ထိုသို့နှင့်အညီ စပါးရိတ်တတ်ကြ၏။
ရှင်ဘုရင်မည်သည်မှာမိမိ၏ကြီးမားသော စစ်သည်အလုံးအရင်းကြောင့်စစ်ပွဲတွင် အနိုင်ရသည်မဟုတ်။ စစ်သားသည်လည်းမိမိ၏ခွန်အားဗလကြောင့် အနိုင်ရသည်မဟုတ်။
``မိမိ၏လုံခြုံမှုအတွက်ထာဝရဘုရားကို အားကိုးမည့်အစားမိမိ၏စည်းစိမ်ချမ်းသာ ကို အားကိုးသူကိုကြည့်ကြလော့။ သူသည်ယုတ်မာမှုအားဖြင့်မိမိ၏လုံခြုံမှုကို ရှာသူဖြစ်၏'' ဟုဆိုကြလိမ့်မည်။
အကြမ်းဖက်မှုကိုအားမကိုးကြနှင့်။ လုယက်မှုဖြင့်အကျိုးခံစားရလိမ့်မည်ဟု မမျှော်လင့်ကြနှင့်။ သင်တို့၏စည်းစိမ်ဥစ္စာများသည် တိုးပွားလာစေကာမူယင်းတို့ကိုအားမကိုး ကြနှင့်။
ထိုကြောင့်သူတို့သည် ကိုယ်ကျင့်ခြင်း၏ အကျိုး အပြစ်ကိုစား၍၊ ကိုယ်ကြံသော အကြံတို့နှင့် ဝကြလိမ့် မည်။
လူသည် မိမိနှုတ်၏အသီးတည်းဟူသော ကောင်းသောအရာကို စားရ၏။ ပြစ်မှားတတ်သော သူမူ ကား၊ ညှဉ်းဆဲခြင်းအပြစ်၏အသီးကို စားရ၏။
ဒုစရိုက်မျိုးစေ့ကို ကြဲသောသူသည် ဒုက္ခစပါးကို ရိတ်ရမည်။ ဒေါသစိတ်ရှိ၍ ဒဏ်ပေးနိုင်သော တန်ခိုး လည်း ပျောက်လိမ့်မည်။
တဖန် နေအောက်မှာရှိသော အမှုအရာတို့ကို ငါပြန်၍ ကြည့်ရှုသောအခါ၊ လျင်မြန်သောသူသည် ပြိုင်၍ ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍ မအောင်တတ်။ ပညာရှိသောသူသည် ဝစွာ မစားတတ်။ ဥာဏ်ကောင်းသောသူသည် စည်းစိမ်ကို မရတတ်။ လိမ္မာသောသူသည် သူတပါးရှေ့၌ မျက်နှာ မရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကို ငါမြင် ၏။
သို့သော်ထိုဥယျာဉ်များမှသစ်စေ့တို့သည် သင်စိုက်ပျိုးသည့်နေ့နံနက်၌ပင်အပင်ပေါက် ၍အပွင့်များပွင့်ကြသည်ဆိုစေကာမူ ယင်း တို့မှသင်သည်အသီးများကိုဆွတ်ခူးရလိမ့် မည်မဟုတ်။ ဆင်းရဲဒုက္ခနှင့်မပျောက်နိုင်သည့် ဝေဒနာကိုသာလျှင်ခံစားရလိမ့်မည်။
ထာဝရဘုရားက``ဣသရေလပြည်သားတို့ သည် ငါ့အားမုသားစကားပြောဆို၍လှည့် စားကြပြီ။ ယုဒပြည်သားတို့သည်သန့်ရှင်း မြင့်မြတ်၍သစ္စာတော်တည်မြဲသောငါ ဘုရားသခင်အားပုန်ကန်နေကြသေး၏။
သူတို့သည်ကတိမတည်ခြင်း၊ မုသား စကားကိုပြောခြင်း၊ လူ့အသက်ကိုသတ် ခြင်း၊ သူတစ်ပါးဥစ္စာပစ္စည်းကိုခိုးယူခြင်း၊ သူတစ်ပါးသားမယားကိုပြစ်မှားခြင်း တို့ကိုပြု၏။ တရားလက်လွတ်နေထိုင်၍ လူသတ်မှုများကိုအထပ်ထပ်ကူးလွန် ကြ၏။-
သင်တို့သည်ငါ၏လူမျိုးတော်အပြစ်ကူး လွန်ခြင်းကိုအကြောင်းပြု၍ကြွယ်ဝချမ်း သာလာကြ၏။ ထို့ကြောင့်သင်တို့သည်သူတို့ အပြစ်တိုး၍ကူးလွန်စေရန်အားပေးကြ သည်။-
ထာဝရဘုရားက``လူတို့သည်မိမိတို့ ၏မကောင်းသောကြံစည်မှုများအားဖြင့် ဘုရင်နှင့်မင်းမှုထမ်းတို့အားလှည့်စား ကြ၏။-
သူတို့သည်လေကိုကြဲသဖြင့်မုန်တိုင်းကို ရိတ်သိမ်းရလိမ့်မည်။ လယ်စပါးမရင့်မှည့် လျှင်ဆန်စပါးကိုမရနိုင်။ ထိုလယ်မှဆန် စပါးထွက်သည့်တိုင်အောင်အခြားနိုင်ငံ သားတို့စားသုံးကြလိမ့်မည်။-
ဣသရေလဘုရင်သည်မည်သူ့ကိုသတ်ဖြတ် ရန် လိုက်လံဖမ်းဆီးနေပါသနည်း။ ခွေးသေ ကောင်ခွေးလှေးတို့ကိုလော။-