သို့သော်တရားတော်သည်သူတို့၏စိတ်နှလုံးတွင် အမြစ်မစွဲ။ ကာလအနည်းငယ်သာတည်နေ၏။ သို့ဖြစ်၍သူတို့သည်တရားတော်ကြောင့်ဒုက္ခနှင့် နှိပ်စက်ညှဉ်းပန်းမှုကိုတွေ့ကြုံရသောအခါ ချက်ချင်းပင်ဖောက်ပြန်သွားကြ၏။-
သူကြီး 7:3 - Common Language Bible သို့ဖြစ်၍`ကြောက်လန့်သူမှန်သမျှမိမိတို့ အိမ်သို့ပြန်ကြပါ။ ငါတို့မူကားဤဂိလဒ် တောင်တွင်နေရစ်မည်' ဟုလူတို့အားကြေညာ လော့'' ဟုမိန့်တော်မူ၏။ ထိုအခါလူပေါင်း နှစ်သောင်းနှစ်ထောင်တို့သည်ပြန်သွားကြ၏။ လူတစ်သောင်းမူကားနေရစ်ကြလေသည်။ Garrad Bible သို့ ဖြစ်၍ ကြောက် ရွံ တုန် လှုပ် သူ တိုင်း၊ ဂိ လဒ် တောင် မှ ပြန် သွား စေ ဟူ၍ တပ် သား တို့ တွင် ကြော် ငြာ လော့ ဟု ဂိ ဒေါင် အား မိန့် တော် မူ သည့် အ တိုင်း လူ နှစ် သောင်း နှစ် ထောင် ပြန်၍၊ တစ် သောင်း သာ ကျန် ရစ် လေ ၏။ Judson Bible သို့ဖြစ်၍၊ ကြောက်လန့်သောသူ မည်သည်ကား၊ ဂိလဒ်တောင်မှ စောစောပြန်သွားစေဟု လူများတို့အား ဟစ်ကြော်လော့ဟု ဂိဒေါင်အားမိန့်တော်မူသဖြင့်၊ လူနှစ်သောင်းနှစ်ထောင်ပြန်သွား၍ တစ်သောင်းကျန်ရစ်၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ‘ကြောက်တတ်သောသူ၊ သတ္တိမရှိသောသူ မည်သူမဆို ဂိလဒ်တောင်မှ လှည့်ပြန်သွားကြ’ဟူ၍ လူအများကြားသိအောင် ကြေညာလော့”ဟု မိန့်တော်မူ၏။ ထိုသို့ ကြေညာပြီးသောအခါ လူအယောက်နှစ်သောင်းနှစ်ထောင် ပြန်သွားသဖြင့် လူအယောက်တစ်သောင်းသာ ကျန်ရစ်၏။ |
သို့သော်တရားတော်သည်သူတို့၏စိတ်နှလုံးတွင် အမြစ်မစွဲ။ ကာလအနည်းငယ်သာတည်နေ၏။ သို့ဖြစ်၍သူတို့သည်တရားတော်ကြောင့်ဒုက္ခနှင့် နှိပ်စက်ညှဉ်းပန်းမှုကိုတွေ့ကြုံရသောအခါ ချက်ချင်းပင်ဖောက်ပြန်သွားကြ၏။-
ထိုနောက်ကိုယ်တော်က ``သို့ဖြစ်၍အနိမ့်ဆုံးသို့ ရောက်သူများသည်အမြင့်ဆုံးသို့ရောက်ကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
``စစ်ဗိုလ်များကဆက်လက်၍`သင်တို့တွင် သူရဲဘောနည်း၍ကြောက်ရွံ့သောသူရှိ သလော။ ရှိလျှင်အိမ်သို့ပြန်စေ။ သို့မဟုတ် လျှင်သူ့ကြောင့် အခြားသူတို့စိတ်ဋ္ဌာတ်ကျ ဆင်းလိမ့်မည်ဟုတပ်သားတို့အားပြော ဆိုရမည်။-
သူတို့သည်သိုးသူငယ်တော်ကိုစစ်တိုက်ကြလိမ့် မည်။ သိုးသူငယ်တော်သည်အရှင်တကာတို့၏ အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ သောကြောင့်သူတို့ကိုနှိမ်နင်းတော်မူလိမ့်မည်။ ကိုယ်တော်ခေါ်ယူရွေးကောက်တော်မူသောသူ၊ ကိုယ်တော်အားသစ္စာရှိသောသူတို့သည်ကိုယ် တော်နှင့်အတူအောင်ပွဲဝင်ခွင့်ရကြလိမ့် မည်'' ဟုဆို၏။
သို့ရာတွင်သူရဲဘောနည်းသူ၊ သစ္စာဖောက်သူ၊ စက် ဆုပ်ရွံရှာဖွယ်ကောင်းသူ၊ လူသတ်သူ၊ အကျင့်ပျက် သူ၊ စုန်းအတတ်ဖြင့်ပြုစားသူ၊ ရုပ်တုကိုးကွယ်သူ၊ လိမ်လည်ပြောဆိုသူတို့သည်ကန့်မီးအိုင်ထဲသို့ ရောက်ရကြလိမ့်မည်။ ဤကားဒုတိယသေခြင်း ဖြစ်သတည်း'' ဟုမိန့်တော်မူ၏။
မနာရှေနယ်မြေနှစ်ရပ်စလုံးသို့လည်းစေ တမန်များကိုလွှတ်၍ မနာရှေအမျိုးသား တို့အားမိမိနောက်သို့လိုက်ကြရန်လှုံ့ဆော်၏။ သူသည်အာရှာ၊ ဇာဗုလုန်နှင့်နဿလိအနွယ် တို့ထံသို့လည်းစေတမန်များကိုလွှတ်လိုက် သဖြင့် ထိုသူတို့သည်လည်းသူ၏ထံသို့လာ ရောက်ကြကုန်၏။