သို့ဖြစ်၍ကိုယ်တော်သည်မိမိ၏လူစုတော်ကို ထုတ်ဆောင်တော်မူ၏။ သူတို့သည်လည်းသီချင်းဆိုလျက်ဝမ်းမြောက်စွာ ကြွေးကြော်ကြကုန်၏။
သူကြီး 6:9 - Common Language Bible အီဂျစ်ပြည်သူတို့လက်မှလည်းကောင်း၊ ဤပြည် တွင်သင်တို့အားတိုက်ခိုက်သူတို့၏လက်မှလည်း ကောင်းကယ်ဆယ်ခဲ့၏။ သင်တို့ချီတက်လာစဉ်သူ တို့အားနှင်ထုတ်၍ သူတို့၏ပြည်ကိုသင်တို့၏ လက်သို့ပေးအပ်ခဲ့၏။- Garrad Bible ထို ပြည် သား တို့ လက် အောက် မှ လည်း ကောင်း၊ နှိပ် စက် သ မျှ သော သူ တို့ လက် အောက် မှလည်း ကောင်း၊ ကယ် နုတ် သည့် ပြင်၊ ချင်း တို့ ကို သင် တို့ ရှေ့ နှင် ထုတ် လျက်၊ ပြည် ကို လည်း အပ် လွှဲ ခဲ့ လေ ပြီ။ Judson Bible အဲဂုတ္တုပြည်သားလက်မှလည်းကောင်း၊ ညှဉ်းဆဲသောသူအပေါင်းတို့ လက်မှလည်းကောင်း၊ သင်တို့ကိုကယ်နုတ်၍၊ သူတို့ကို သင်တို့ရှေ့မှ နှင်ထုတ်သဖြင့် သူတို့ပြည်ကိုပေးပြီ။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်တို့ကို အီဂျစ်လူမျိုးတို့လက်မှလည်းကောင်း၊ သင်တို့ကိုညှဉ်းဆဲသောသူအပေါင်းတို့လက်မှလည်းကောင်း ကယ်နုတ်ခဲ့၏။ ထိုသူတို့ကို သင်တို့ရှေ့မှနှင်ထုတ်၍ သူတို့၏ပြည်ကို သင်တို့အား ငါပေး၏။ |
သို့ဖြစ်၍ကိုယ်တော်သည်မိမိ၏လူစုတော်ကို ထုတ်ဆောင်တော်မူ၏။ သူတို့သည်လည်းသီချင်းဆိုလျက်ဝမ်းမြောက်စွာ ကြွေးကြော်ကြကုန်၏။
ကိုယ်တော်သည်ငါတို့အားရန်သူတို့၏လက်မှ လွတ်မြောက်စေတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
သင်တို့အားလမ်းပြရန်ကောင်းကင်တမန် ကိုငါစေလွှတ်မည်။ ခါနာန်အမျိုးသား၊ အာ မောရိအမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဖေရဇိ အမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိ အမျိုးသားတို့ကိုငါနှင်ထုတ်မည်။-
ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်ကြောင်းကိုမိန့်ကြား၍ ယခုသင်တို့နေထိုင်ရာ ပြည်ရှိအာမောရိအမျိုးသားတို့ကိုးကွယ်သည့် ဘုရားများကိုမကိုးကွယ်ကြရန်သင်တို့အား ပညတ်ခဲ့၏။ သို့သော်လည်းသင်တို့သည်ငါ့စကား ကိုနားမထောင်ကြ'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍ကိုယ်တော်သည်ပရောဖက်တစ်ပါးကို သူတို့ထံသို့စေလွှတ်တော်မူသည်။ ပရောဖက် မှတစ်ဆင့်ဣသရေလအမျိုးသားတို့ ဘုရားသခင်ထာဝရဘုရားက``ငါသည်သင်တို့ ကျွန်ခံရာအီဂျစ်ပြည်မှသင်တို့အားထုတ် ဆောင်ခဲ့၏။-
ဤသို့ဆို၏။ ``ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရားက`သင်တို့ ကိုအီဂျစ်ပြည်မှငါထုတ်ဆောင်၍ သင်တို့ အားနှိပ်စက်ကလူပြုသောအီဂျစ်အမျိုး သားများနှင့်အခြားအမျိုးသားအပေါင်း တို့၏ဘေးမှကယ်ဆယ်တော်မူခဲ့သည်။-