ထိုအခါအာဗြံက``အရှင်ထာဝရဘုရား၊ ဤ ပြည်ကိုအကျွန်ုပ်ပိုင်ရမည်ဖြစ်ကြောင်း မည်သို့ သိနိုင်ပါမည်နည်း'' ဟုမေးလျှောက်လေ၏။
သူကြီး 6:36 - Common Language Bible ထိုနောက်ဂိဒေါင်သည်ဘုရားသခင်အား``ကိုယ် တော်သည်အကျွန်ုပ်အားအသုံးပြု၍ ဣသ ရေလလူမျိုးကိုကယ်ဆယ်ရန်ဆုံးဖြတ်တော် မူပြီးဖြစ်ကြောင်းမိန့်တော်မူခဲ့ပါ၏။- Garrad Bible ဘု ရား သ ခင် အား ဂိ ဒေါင် က၊ ကိုယ်တော် မိန့် တော် မူ သည့် အ တိုင်း အ ကျွန်ုပ် လက် ရုံး အား ဖြင့် ဣ သ ရေ လ လူ မျိုး ကို ကယ် ဆယ် တော် မူ မည် မှန် လျှင် Judson Bible ဂိဒေါင်သည်လည်း ဘုရားသခင်အား၊ ကိုယ်တော်သည် မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို အကျွန်ုပ်အားဖြင့် ကယ်တင်တော်မူမည်မှန်လျှင်၊ မြန်မာ့စံမီသမ္မာကျမ်း ဂိဒေါင်ကလည်း ဘုရားသခင်အား “ကိုယ်တော်မိန့်တော်မူခဲ့သည့်အတိုင်း ကိုယ်တော်သည် အစ္စရေးလူမျိုးတို့ကို အကျွန်ုပ်လက်အားဖြင့်ကယ်တင်တော်မူမည်မှန်လျှင် |
ထိုအခါအာဗြံက``အရှင်ထာဝရဘုရား၊ ဤ ပြည်ကိုအကျွန်ုပ်ပိုင်ရမည်ဖြစ်ကြောင်း မည်သို့ သိနိုင်ပါမည်နည်း'' ဟုမေးလျှောက်လေ၏။
ဟေရှာယက``ထာဝရဘုရားသည်မိမိ၏ ကတိတော်အတိုင်းပြုတော်မူမည်ဖြစ်ကြောင်း အရှင်သိရှိစေရန်သက်သေလက္ခဏာတစ်ခု ကိုပြတော်မူမည်။ အရှင်သည်လှေကား ပေါ်တွင်ကျလျက်ရှိသောအရိပ်ကိုရှေ့သို့ ဆယ်ထစ်တိုးစေလိုပါသလော။ သို့မဟုတ် နောက်သို့ဆယ်ထစ်ဆုတ်စေလိုပါသလော'' ဟုပြန်၍မေး၏။
``နိမိတ်လက္ခဏာတစ်ခုကိုပြတော်မူရန် သင်၏ဘုရားသခင်ထာဝရဘုရားအား တောင်းလျှောက်လော့။ ထိုနိမိတ်လက္ခဏာသည် မရဏာနိုင်ငံမှလည်းကောင်း၊ အထက်ကောင်း ကင်ဘုံမှလည်းကောင်းဖြစ်နိုင်ပါသည်'' ဟု ပြောကြားစေတော်မူ၏။
ယခုထာဝရဘုရားကိုယ်တော်တိုင်ပင် သင့် အားနိမိတ်လက္ခဏာတစ်ခုကိုပြတော်မူ လိမ့်မည်။ အမျိုးသမီးပျိုတစ်ယောက်သည် ကိုယ်ဝန်ဆောင်၍သားယောကျာ်းကိုဖွားမြင် လိမ့်မည်။ သူသည်ထိုသားကို`ဧမာနွေလ' ဟုနာမည်ပေးလိမ့်မည်။-
ဖာရိရှဲများနှင့်ဇဒ္ဒုကဲများသည်အထံတော် သို့လာ၍ကိုယ်တော်အားပရိယာယ်ဆင်လျက် ``ဘုရားသခင်သည်ကိုယ်တော်အားစေလွှတ် တော်မူကြောင်းသိနိုင်ရန်နိမိတ်လက္ခဏာကို ပြတော်မူပါ'' ဟုတောင်းဆိုကြ၏။-
ထိုအခါထာဝရဘုရားက``သင်၏ကြီးမား သောခွန်အားဖြင့်သွား၍ ဣသရေလအမျိုး သားတို့အား မိဒျန်အမျိုးသားများ၏လက် မှကယ်ဆယ်လော့။ ငါကိုယ်တိုင်ပင်သင့်အား စေလွှတ်တော်မူပြီ'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားက``ငါသည်သင့်ကိုကူမမည် ဖြစ်၍ ထိုအမှုကိုသင်ပြုနိုင်လိမ့်မည်။ သင်သည် လူတစ်ယောက်တည်းကိုလုပ်ကြံရဘိသကဲ့ သို့ မိဒျန်အမျိုးသားများအားအလွယ် တကူနှိမ်နင်းနိုင်လိမ့်မည်'' ဟုမိန့်တော် မူ၏။
အကျွန်ုပ်သည်ဂျုံစပါးနယ်ရာမြေတလင်း ပေါ်၌ သိုးမွေးကိုချထားပါမည်။ အကယ်၍ နံနက်ချိန်၌သိုးမွေးအပေါ်၌သာလျှင် နှင်းကျ၍မြေတလင်းပေါ်၌မကျခဲ့သော် ကိုယ်တော်သည်အကျွန်ုပ်အားဣသရေလ လူမျိုးကိုကယ်ဆယ်ရန်အတွက်အသုံးပြု တော်မူမည်ကိုအကျွန်ုပ်အမှန်သိရပါ လိမ့်မည်'' ဟုလျှောက်ထား၏။-
သို့ရာတွင်သူတို့ကမိမိတို့ထံသို့လာ ရန်ခေါ်ကြလျှင်မူကား ငါတို့သည်သူတို့ ရှိရာသို့သွားမည်။ ဤသို့ခေါ်ခြင်းသည် ငါတို့အောင်ပွဲရမည်ဖြစ်ကြောင်း ထာဝရ ဘုရားပေးတော်မူသောအမှတ်လက္ခဏာ ဖြစ်မည်'' ဟုဆို၏။