သို့ရာတွင်သူအသက်ရှင်စဉ်အခြားသောမယား တို့နှင့်ရသောသားတို့အားလည်း လက်ဆောင်များ ကိုပေး၍ဣဇာက်နှင့်ဝေးရာအရှေ့ပြည်သို့ပြောင်း ရွှေ့နေထိုင်စေသည်။
သူကြီး 6:3 - Common Language Bible ကောက်ပဲသီးနှံများကိုဣသရေလအမျိုးသား တို့စိုက်ပျိုးသည့်အခါတိုင်း မိဒျန်အမျိုးသား တို့သည်အာမလက်အမျိုးသားနှင့် သဲကန္တာရ တွင်နေထိုင်သောလူမျိုးများနှင့်အတူလာ၍ တိုက်ခိုက်တတ်ကြ၏။- Garrad Bible ထို ကာ လ ဣ သ ရေ လ လူ မျိုး တို့ စိုက် ပျိုး ပြီး မှ မိ ဒျန် လူ မျိုး၊ အာ မ လက် လူ မျိုး တို့ မှ စ သော အ ရှေ့ ပြည် သား တို့ သည် ချီ လာ စွဲ ရပ် သ ဖြင့် Judson Bible ဣသရေလအမျိုးသည် လယ်လုပ်ပြီးမှ၊ မိဒျန်ပြည်သားနှင့် အာမလက်ပြည်သား အစရှိသော အရှေ့ပြည်သားတို့သည် ချီလာ၍၊ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုးတို့စိုက်ပျိုးပြီးကြပြီဆိုလျှင် မိဒျန်လူမျိုး၊ အာမလက်လူမျိုးနှင့် အရှေ့ပြည်သားတို့သည် ချီတက်လာပြီး သူတို့ကို တိုက်ခိုက်ကြ၏။ |
သို့ရာတွင်သူအသက်ရှင်စဉ်အခြားသောမယား တို့နှင့်ရသောသားတို့အားလည်း လက်ဆောင်များ ကိုပေး၍ဣဇာက်နှင့်ဝေးရာအရှေ့ပြည်သို့ပြောင်း ရွှေ့နေထိုင်စေသည်။
ဣသရေလအမျိုးသားတို့သည်လည်းစုရုံး ကာ စားနပ်ရိက္ခာစုံနှင့်မြို့ပြင်သို့ထွက်လာကြ လေသည်။ သူတို့သည်မိမိတို့၏တပ်ကိုနှစ်စု ခွဲ၍ရှုရိတပ်ကိုမျက်နှာမူကာနေရာယူ ကြ၏။ လွင်ပြင်တစ်ခုလုံးပြည့်နှက်နေသည့် ရှုရိအမျိုးသားတို့နှင့်နှိုင်းယှဉ်ကြည့်ပါ လျှင် ဣသရေလအမျိုးသားတို့သည်ဆိတ် အုပ်ကလေးနှစ်စုနှင့်တူပေသည်။
ရှောလမုန်သည်အရှေ့တိုင်းသားပညာရှင် များနှင့် အီဂျစ်ပြည်သားပညာရှင်များ ထက်ပင်ပို၍ပညာရှိလေသည်။-
ထို့ကြောင့်ဟိရံကရှောလမုန်လိုသမျှ သော သစ်ကတိုးနှင့်ထင်းရှူးသစ်ကိုပေးပို့၍၊-
သူ၏ဥစ္စာကား၊ သိုးခုနစ်ထောင်၊ ကုလားအုပ်သုံးထောင်၊ နွားယှဉ်ငါးရာ၊ မြည်းမငါးရာ၊ ငယ်သား အတိုင်းမသိများသည်ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ကြီးသောသူဖြစ်၏။
အာမလက်အမျိုးသားတို့သည် ရေဖိဒိမ် အရပ်သို့လာရောက်၍ ဣသရေလအမျိုး သားတို့ကိုတိုက်ခိုက်ကြ၏။-
ထိုပြည်သူနှစ်ရပ်တို့သည်ပူးပေါင်း၍ အနောက်ဘက်ရှိဖိလိတ္တိအမျိုးသားတို့ အားတိုက်ခိုက်၍ အရှေ့ပြည်တွင်နေထိုင် ကြသူတို့၏ဥစ္စာပစ္စည်းများကိုလုယူကြ လိမ့်မည်။ သူတို့သည်ဧဒုံအမျိုးသားများ နှင့်မောဘအမျိုးသားတို့ကိုအနိုင်ရ၍ အမ္မုန်အမျိုးသားတို့အားလည်းမိမိတို့ ၏သြဇာခံဖြစ်စေကြလိမ့်မည်။-
ထာဝရဘုရားသည်တန်ခိုးကြီးသောလက်ယာ လက်တော်နှင့်ကျိန်ဆိုတော်မူသည်။ ``သင်၏ကောက်ပဲသီးနှံများသည်ရန်သူတို့အတွက် ရိက္ခာဖြစ်ရတော့မည်မဟုတ်။ လူမျိုးခြားတို့သည်လည်းသင်ကြိုးစား၍ လုပ်ဆောင်ခဲ့သောစပျစ်ရည်ကိုသောက်ရကြ တော့မည်မဟုတ်။
ထာဝရဘုရားသည်ဗာဗုလုန်ဘုရင်နေ ဗုခဒ်နေဇာမင်းနှိမ်နင်းအောင်မြင်သည့် ကေဒါ အနွယ်ဝင်နှင့်ဟာဇော်မြို့ကိုအစိုးရသူတို့ အားရည်မှတ်၍``ကေဒါအနွယ်ဝင်တို့အား သွားရောက်တိုက်ခိုက်ကြလော့။ ထိုအရှေ့နွယ် သားတို့အားဖျက်ဆီးချေမှုန်းကြလော့။-
ထိုပြည်သူတို့အားငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကိုနားထောင်ကြလော့၊ အရှင် ထာဝရဘုရားဤသို့မိန့်တော်မူ၏။ သင်တို့ သည်ငါ၏ဗိမာန်တော်ညစ်ညမ်းသွားသည် ကိုလည်းကောင်း၊ ဣသရေလပြည်ပျက်ပြုန်း သွားခြင်း၊ ယုဒအမျိုးသားတို့ပြည်နှင်ဒဏ် သင့်ကြခြင်းကိုမြင်သောအခါဝမ်းမြောက် ကြ၏။-
ယင်းသို့သင်တို့ဝမ်းမြောက်မှုအတွက် ငါသည် ရှေ့အရပ်မှလူမျိုးနွယ်များလက်သို့သင်တို့ ကိုရောက်စေမည်။ သူတို့သည်သင်တို့၏ပြည် တွင်စခန်းများချ၍နေထိုင်ကြလိမ့်မည်။ သင်တို့စားရမည့်အသီးအနှံကိုစား၍ သင်တို့သောက်ရမည့်နို့ကိုသောက်ကြလိမ့် မည်။-
ငါသည်သင်တို့အားဒဏ်ခတ်မည်။ ကုသ၍မရ နိုင်သောရောဂါဝေဒနာကိုလည်းကောင်း၊ မျက်စိ ကွယ်ခြင်း၊ အားအင်ကုန်ခန်းခြင်းကိုဖြစ်စေ သောရောဂါဝေဒနာကိုလည်းကောင်း သင်တို့ အားခံစားစေမည်။ သင်တို့သည်အသီးအနှံ များကိုစိုက်ပျိုးသော်လည်း အကျိုးကျေးဇူး ခံစားရမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ရန်သူများသည် သင်တို့ကိုတိုက် ခိုက်အောင်မြင်၍သင်တို့စိုက်ပျိုးသော အသီးအနှံများကိုစားကြမည်ဖြစ် သောကြောင့်တည်း။-
သင်တို့သည်ကောက်ပဲသီးနှံကိုစိုက်ပျိုးသော် လည်း အသီးအနှံကိုမရိတ်သိမ်းရ။ သင်တို့ သည်သံလွင်ဆီကြိတ်သော်လည်းဆီကိုမ သုံးရ။ စပျစ်သီးကိုနယ်သော်လည်းစပျစ် ရည်ကိုမသောက်ရ။-
သူတို့သည်သင်တို့၏အစားအစာဖြစ် သောသိုးနွားများနှင့် အသီးအနှံများကို စားသုံးကြသဖြင့်သင်တို့သည်အစာငတ် ၍သေကြေပျက်စီးကြလိမ့်မည်။ သင်တို့၏ စပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ သိုးနွားတို့ ကိုအကုန်စားသုံးလိုက်ကြသဖြင့် သင် တို့အစာငတ်၍သေရကြလိမ့်မည်။-
ဇိဒုန်အမျိုးသား၊ အာမလက်အမျိုးသား နှင့်မောနိအမျိုးသားတို့သည် သင်တို့အား ညှင်းဆဲနှိပ်စက်ကြသောအခါ ငါ့ထံသို့သင် တို့အော်ဟစ်လျှောက်ထားခဲ့ကြ၏။ ငါသည် လည်းထိုသူတို့လက်မှသင်တို့ကိုကယ်ဆယ် ခဲ့သည်မဟုတ်ပါလော။
ဧဂလုန်သည်အမ္မုန်အမျိုးသားနှင့်အာမလက် အမျိုးသားတို့ကိုစုရုံးပြီးလျှင် ဣသရေလ အမျိုးသားတို့အားနှိမ်နင်းအောင်မြင်သဖြင့် စွန်ပလွံပင်မြို့တည်းဟူသောယေရိခေါမြို့ ကိုသိမ်းယူလေသည်။-
မိဒျန်အမျိုးသားတို့သည်ဣသရေလအမျိုး သားတို့ထက်အင်အားကြီးသဖြင့် ဣသရေလ အမျိုးသားတို့သည်ဥမင်များ၌လည်းကောင်း၊ အခြားဘေးလွတ်ရာတောင်ပေါ်ဒေသများ ၌လည်းကောင်းပုန်းအောင်းနေရကြကုန်၏။-
ထိုအခါမိဒျန်အမျိုးသားများ၊ အာမလက် အမျိုးသားများ၊ သဲကန္တာရနေလူမျိုးအပေါင်း တို့သည်စုဝေး၍ယော်ဒန်မြစ်ကိုဖြတ်ပြီးလျှင် ယေဇရေလချိုင့်တွင်စခန်းချကြ၏။-
သူတို့သည်ဣသရေလမြေပေါ်တွင်တပ်စခန်း ချ၍ တောင်ဘက်ရှိဂါဇမြို့တစ်ဝိုက်မြေယာများ တိုင်အောင် အသီးအနှံတို့ကိုဖျက်ဆီးပစ်တတ် ကြ၏။ သူတို့သည်သိုးနွားမြည်းမှစ၍ရှိသမျှ ကိုသိမ်းယူကြသဖြင့် ဣသရေလအမျိုးသား တို့အတွက်အဘယ်စားစရာမျှမကျန်တော့ ချေ။-
မိဒျန်အမျိုးသား၊ အာမလက်အမျိုးသား၊ သဲကန္တာရနေလူမျိုးတို့သည်ကျိုင်းကောင် အုပ်ကြီးသဖွယ်ချိုင့်၌အိပ်နေကြ၏။ သူ တို့၏ကုလားအုတ်များသည်သမုဒ္ဒရာ ကမ်းခြေရှိသဲလုံးနှင့်အမျှများသတည်း။
ဇေဘဟနှင့်ဇာလမုန္နတို့သည် မိမိတို့၏တပ်မ တော်နှင့်အတူ ကာကော်မြို့၌ရှိကြ၏။ သဲကန္တာရ နေသူတို့၏တပ်မတော်ကြီးတစ်ခုလုံးအနက် လူတစ်သိန်းနှစ်သောင်းကျဆုံး၍တစ်သောင်း ငါးထောင်သာကျန်တော့၏။-