ဤအတောအတွင်း၌ကေနိအမျိုးသား ဟေဗာသည် ကာဒေရှမြို့အနီးဗာနိမ်အရပ် ရှိသပိတ်ပင်ခြေရင်း၌မိမိ၏တဲကိုတည် ဆောက်၏။ သူသည်မောရှေ၏ယောက်ဖ၊ ဟောဗက် ၏သားမြေးများဖြစ်သူအခြားကေနိအနွယ် ဝင်တို့ထံမှပြောင်းရွှေ့လာသူဖြစ်သတည်း။
မော ရှေ့ ယော က္ခ မ ဖြစ် သော ဟော ဗပ်၏ သား မြေး မြစ် အ ပါ အ ဝင်၊ ကေ နိ အ မျိုး သား ဟေ ဗာ သည် ကေနိ လူ မျိုး နှင့် ခွာ ၍၊ ကေ ဒေ ရှ မြို့ အ နီး၊ ဇာ န န္နိမ် အ ရပ် ရှိ ညန် ပင် ခြေ ရင်း အ ထိ တဲ စိုက် နှင့် သ တည်း။
မောရှေ၏ယောက္ခမ ဟောဗတ်၏သားမြေးအဝင်၊ ကေနိအမျိုးသားဟေဗာသည်၊ ကေနိလူတို့နှင့်ခွာ၍ ကေဒေရှမြို့အနား၊ ဇာနိမ်သပိတ်ပင်ခြေရင်း၌ တဲကိုဆောက်လျက် နေနှင့်သတည်း။
ထိုစဉ်က ကေနိလူမျိုး၊ ဟေဗာသည် မောရှေယောက္ခမဟောဗပ်၏သားမြေးများဖြစ်သည့် ကေနိလူမျိုးတို့မှ ခွဲထွက်၍ ကေဒေရှမြို့အနီး၊ ဇာနန္နိမ်အရပ်ရှိ ဝက်သစ်ချပင်အောက်တွင် တဲထိုးနေ၏။
မိဒျန်ပြည်မှယဇ်ပုရောဟိတ်ဖြစ်သူမောရှေ ၏ယောက္ခမယေသရောသည် ဣသရေလအမျိုး သားတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်တော်မူ ခဲ့စဉ်က မောရှေနှင့်ဣသရေလအမျိုးသား တို့အားထာဝရဘုရားမည်ကဲ့သို့ကျေးဇူး ပြုတော်မူကြောင်းကိုကြားသိရ၏။-
အမျိုးသမီးတို့သည်ဖခင်ယေသရောထံသို့ ပြန်ရောက်လာကြသောအခါ၊ ဖခင်က``သင်တို့ ယနေ့အိမ်သို့အပြန်စောလှချည့်လား'' ဟု ဆိုလေ၏။
မောရှေသည်သူ၏ယောက္ခမ မိဒျန်ယဇ်ပုရော ဟိတ်ယေသရော၏သိုးဆိတ်များကိုထိန်း ကျောင်းလျက်ရှိစဉ်၊ တောကန္တာရကိုဖြတ်၍ သိုးဆိတ်များကိုမောင်းနှင်လာရာ၊ ဟောရပ် ဟုခေါ်သောဘုရားသခင်၏တောင်သို့ရောက် ရှိလာလေ၏။-
မောရှေသည်မိဒျန်အမျိုးသားယေသရော ၏သား မိမိ၏ယောက်ဖဟောဗပ်အား``ထာဝရ ဘုရားကငါတို့အားပေးမည်ဟုကတိထား တော်မူသောပြည်သို့ ငါတို့ယခုသွားကြမည်။ ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား ကြီးပွားစေမည်ဟူ၍ ကတိတော်ရှိ သဖြင့်ငါတို့နှင့်အတူလိုက်ခဲ့ပါလော့။ သင် သည်ငါတို့နှင့်အကျိုးတူခံစားခွင့်ရလိမ့် မည်'' ဟုဆိုလေ၏။
ငါတို့နှင့်အတူလိုက်ခဲ့ပါမူငါတို့အား ထာဝရဘုရားချပေးတော်မူသော ကောင်း ချီးမင်္ဂလာအပေါင်းတို့ကိုသင်လည်းခံ စားခွင့်ရရှိစေပါမည်'' ဟုဆို၏။
တစ်ဖန်သူသည်ကေနိအမျိုးသားတို့ကို ရူပါရုံ၌မြင်၍ အောက်ပါဗျာဒိတ်တော်ကို ဆင့်ဆိုလေ၏။ ``သင်တို့နေထိုင်ရာအရပ်သည် ကမ်းပါးယံအထက်၌တည်ဆောက်ထားသော ငှက်သိုက်ကဲ့သို့လုံခြုံပေသည်။
ထိုနယ်မြေ၏နယ်နိမိတ်သည်ဟေလပ်မြို့၊ ဇာနန္နိမ်မြို့အရပ်ရှိဝက်သစ်ချပင်မှအစ ပြု၍အာဒမိနေကပ်မြို့၊ ယာဗနေလမြို့ နှင့်လကုံမြို့များကိုဖြတ်ပြီးယော်ဒန်မြစ် ၌အဆုံးသတ်သည်။-
ကေဒေရှမြို့၊ ဧဒြိမြို့၊ အင်ဟာဇော်မြို့၊-
မောရှေ၏ယောက္ခမမှဆင်းသက်လာသောကေနိ အမျိုးသားတို့သည်စွန်ပလွံပင်များပေါသည့် ယေရိခေါမြို့မှယုဒပြည်အာရဒ်မြို့တောင် ဘက်ရှိတောကန္တာရဒေသသို့ ယုဒအနွယ်ဝင် များနှင့်အတူထွက်ခွာသွားကြ၏။ ထိုနောက် သူတို့သည်အာမလက်အမျိုးသားတို့အထဲ တွင်အတည်တကျနေထိုင်ကြလေသည်။-
တာဗော်တောင်သို့ဗာရက်တက်သွားသည့် အကြောင်းကို သိသရကြားသိသောအခါ၊-
တစ်နေ့သ၌သူသည်နဿလိနယ်မြေ၊ ကေ ဒေရှမြို့မှအဘိနောင်၏သားဗာရက်ကို ခေါ်ပြီးလျှင်``ဣသရေလအမျိုးသားတို့ဘုရားသခင်ထာဝရဘုရားက`သင်သည်နဿလိ အနွယ်နှင့် ဇာဗုလုန်အနွယ်မှလူပေါင်းတစ် သောင်းကိုခေါ်ယူကာတာဗော်တောင်သို့ သွားရမည်။-
သူသည်ကေနိအမျိုးသားများအား``သင်တို့ သည်ဣသရေလအမျိုးသားတို့အီဂျစ်ပြည် မှထွက်လာကြစဉ်အခါက သူတို့အား ကျေးဇူးပြုခဲ့ကြပါ၏။ သို့ဖြစ်၍သင်တို့ အားငါမသတ်မိစေရန် အာမလက်အမျိုး သားတို့ထံမှတိမ်းရှောင်သွားကြလော့'' ဟု ကြိုတင်သတိပေးထား၏။ ထို့ကြောင့်ကေနိ အမျိုးသားတို့သည်တိမ်းရှောင်သွားကြ လေသည်။
အာခိတ်ကလည်းသူ့အား``ယခုအကြိမ်သင် သည်အဘယ်အရပ်သို့သွားရောက်တိုက်ခိုက်ခဲ့ ပါသနည်း'' ဟုမေးမြန်းလေ့ရှိ၏။ ထိုအခါ ဒါဝိဒ်ကယုဒပြည်တောင်ပိုင်းယေရမေလ အနွယ်ဝင်တို့နယ်မြေ၊ ကေနိအမျိုးသားတို့ ၏နယ်မြေစသည်တို့ကိုသွားရောက်ခဲ့ကြောင်း လျှောက်ထားလေ့ရှိ၏။-