ဣသရေလအမျိုးသားတို့သည်လှည့်၍ ယောကျာ်း၊ မိန်းမ၊ ကလေး၊ တိရစ္ဆာန်အပါအဝင် ကျန်ရှိနေသေးသည့်ဗင်္ယာမိန်အမျိုးသားတို့ အားသတ်ပစ်ကြလေသည်။ တွေ့သမျှသော မြို့တို့ကိုလည်းမီးရှို့ကြ၏။
ဣ သ ရေ လ အ မျိုး သား တို့ သည် ဗင်္ယာ မိန့် အ နွယ် သား တို့ ရှိ ရာ သို့ လွန်၍ တိုက် ပြန် သ ဖြင့် မြို့ ရွာ အ ရပ် ရပ်၌ လူ သူ တိ ရ စ္ဆာန် မှ စ သော တွေ့ ရှိ သ မျှ ကို ဓား ဖြင့် လုပ် ကြံ လျက် ၎င်း မြို့ ရွာ များ ကို လည်း မီး တိုက် ကြ ကုန်၏။
ဣသရေလလူတို့သည် တစ်ဖန်လှည့်၍၊ ဗင်္ယာမိန်အမျိုးသားတို့ကို တိုက်လျက် မြို့ရွာ၌ရှိသောလူ၊ တိရစ္ဆာန်တွေ့သမျှတို့ကို ဓားနှင့်လုပ်ကြံ၍၊ တွေ့သမျှသော မြို့ရွာတို့ကို မီးရှို့ကြ၏။
အစ္စရေးစစ်တပ်သည်လည်း ဗင်္ယာမိန်အမျိုးသားတို့နေရာသို့ ပြန်လာ၍ မြို့ထဲရှိလူနှင့်တကွ တိရစ္ဆာန်အပါအဝင် တွေ့သမျှတို့ကို ဓားဖြင့် သတ်ပစ်လေ၏။ တွေ့သမျှ မြို့တို့ကိုလည်း မီးရှို့ပစ်ကြ၏။
ဤအတောအတွင်း၌မိမိနှင့်အတူစစ်ပွဲ ဝင်ရန် အာမဇိအခွင့်မပြုခဲ့သည့်ဣသရေလ တပ်သားတို့သည် ရှမာရိမြို့နှင့်ဗေသောရုန် မြို့စပ်ကြားတွင်ရှိသောယုဒမြို့များကို တိုက်ခိုက်ကာ လူသုံးထောင်ကိုသတ်၍ပစ္စည်း အမြောက်အမြားကိုသိမ်းသွားကြလေ သည်။
အငြိုးထားသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ ထက် သာ၍ခက်၏။ ညီအစ်ကို ရန်တွေ့ခြင်းအမှုသည် ရဲတိုက်တံခါးကျင်ကဲ့သို့ ဖြစ်၏။
သို့ရာတွင်လူခြောက်ရာတို့သည်တောကန္တာရရှိ ရိမ္မုန်ကျောက်သို့ထွက်ပြေးလွတ်မြောက်သွားကြ လေသည်။ သူတို့သည်ထိုအရပ်တွင်လေးလ မျှနေကြ၏။-
မိဇပါမြို့၌စုရုံးစဉ်အခါကဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားအား``ဗင်္ယာ မိန်အမျိုးသားတစ်စုံတစ်ယောက်ကိုမျှအကျွန်ုပ် တို့၏သမီးနှင့်လက်ထပ်ထိမ်းမြားခွင့်ပြုမည် မဟုတ်ပါ'' ဟုကျိန်ဆိုကတိပြုခဲ့ကြ၏။-
ဗင်္ယာမိန်အမျိုးသားတို့သည်လည်းယင်းသို့ မှာထားသည့်အတိုင်းပြု၍ ကခုန်လျက်လာ ကြသောအမျိုးသမီးတို့အား ကိုယ်စီကိုယ် ငှရွေးယူဖမ်းဆီးခေါ်ဆောင်၍မိမိတို့နယ် မြေသို့ပြန်ပြီးလျှင်မိမိတို့၏မြို့များကို ပြန်လည်ထူထောင်ကာနေထိုင်ကြလေ၏။-