ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား ဗင်္ယာမိန်တပ်အပေါ်တွင်အောင်ပွဲခံစေ တော်မူ၏။ ထိုနေ့၌ဣသရေလအမျိုးသား တို့သည်ရန်သူနှစ်သောင်းငါးထောင်တစ်ရာ ကိုလုပ်ကြံသတ်ဖြတ်လိုက်ကြ၏။-
သူကြီး 20:44 - Common Language Bible ဗင်္ယာမိန်အမျိုးသားလက်ရွေးစင်တပ်သား တစ်သောင်းရှစ်ထောင်မျှကျဆုံးလေသည်။- Garrad Bible ဗင်္ယာ မိန့် သူ ရဲ ကောင်း တစ် သောင်း ရှစ် ထောင် ကျ ဆုံး ကြ ကုန်၏။ Judson Bible ထိုအခါ ဗင်္ယာမိန်သူရဲ တစ်သောင်းရှစ်ထောင်တို့သည် လဲ၍သေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဗင်္ယာမိန်အမျိုးသားထဲမှ ရဲစွမ်းသတ္တိရှိသူတစ်သောင်းရှစ်ထောင်ကျဆုံးလေ၏။ |
ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား ဗင်္ယာမိန်တပ်အပေါ်တွင်အောင်ပွဲခံစေ တော်မူ၏။ ထိုနေ့၌ဣသရေလအမျိုးသား တို့သည်ရန်သူနှစ်သောင်းငါးထောင်တစ်ရာ ကိုလုပ်ကြံသတ်ဖြတ်လိုက်ကြ၏။-
ဣသရေလအမျိုးသားတို့သည်ရန်သူတို့အား ဝိုင်းရံပြီးလျှင် ဂိဗာမြို့အရှေ့ဘက်သို့တိုင်အောင် မရပ်မနားလိုက်လံတိုက်ခိုက်သတ်ဖြတ်ကြ သဖြင့်၊-
အခြားသူတို့သည်လှည့်၍တောကန္တာရဘက်သို့ ပြေးပြီးလျှင်ရိမ္မုန်ကျောက်သို့ရောက်ကြ၏။ လမ်း များပေါ်၌ထိုသူတို့အနက်လူငါးထောင်မျှ ကျဆုံးရလေသည်။ ဣသရေလအမျိုးသား တို့သည်ကျန်ရှိသေးသူတို့အား ဂိဒုံမြို့တိုင် အောင်ဆက်လက်လိုက်လံတိုက်ခိုက်၍လူနှစ် ထောင်ကိုသတ်ဖြတ်လိုက်လေသည်။-