သူတို့သည်တောင်ကြားလမ်းကိုဖြတ်ပြီး လျှင် ဂေဗမြို့တွင်စခန်းချလျက်နေကြ၏။ ထိုအခါရာမမြို့သားတို့သည်ကြောက် လန့်ကြကုန်လျက် ရှောလုမင်း၏ဌာနေဖြစ် သောဂိဗာမြို့မှလူတို့သည်လည်းထွက် ပြေးကြကုန်၏။-
သူကြီး 20:31 - Common Language Bible ဗင်္ယာမိန်အမျိုးသားတို့သည်တိုက်ခိုက်ရန်ထွက် လာသောအခါ မြို့နှင့်ဝေးကွာရာသို့မျှား၍ ခေါ်ဆောင်ခြင်းခံကြရ၏။ သူတို့သည်ကွင်းပြင် တွင်လည်းကောင်း၊ ဗေသလမြို့သို့သွားရာလမ်း နှင့်ဂိဗာမြို့သို့သွားရာလမ်း၌လည်းကောင်း ယခင်ကကဲ့သို့ပင်ဣသရေလအမျိုးသား တို့ကိုစတင်လုပ်ကြံကြရာလူပေါင်းသုံးဆယ် ခန့်သေလေသည်။- Garrad Bible ဗင်္ယာ မိန့် အ နွယ် သား တို့ ချီ ထွက် ဆီး ဆို့ လျက် မြို့ မှ ကွာ လမ်း စွာ လိုက် ကြ ရာ၊ အ ပြင် အ ပ၊ ဗေ သ လ မြို့၊ ဂိ ဗာ မြို့ သွား လမ်း များ တွင် ယ မန် ကဲ့ သို့ ဣ သ ရေ လ သူ ရဲ သုံး ကျိပ်မြောက် သတ် ဖြတ် လုပ် ကြံ ပြီး မှ Judson Bible ဗင်္ယာမိန်အမျိုးသားတို့သည် အတိုက်ထွက်၍ မြို့နှင့်ကွာသွားကြ၏။ ဗေသလမြို့သို့သွားသောလမ်း၊ ဂိဗာတောရွာသို့ သွားသောလမ်းတွင် ယမန်ကဲ့သို့ ဣသရေလအမျိုး သူရဲတို့ကို လုပ်ကြံစပြု၍ လူသုံးဆယ်ခန့်မျှ သေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဗင်္ယာမိန်အမျိုးသားတို့ကလည်း ထွက်တိုက်ရာ မြို့နှင့်ဝေးရာသို့ ရောက်လာကြ၏။ သူတို့သည် အစ္စရေးလူမျိုးတို့ကို ယခင်ကကဲ့သို့ပင် ဗေသလမြို့သို့သွားသောလမ်း၊ ဂိဗာမြို့သို့သွားသောလမ်းတို့တွင် စတင်တိုက်ခိုက်ပြီး လူအယောက်သုံးဆယ်ခန့်ကို ကွင်းပြင်တွင် သတ်လေ၏။ |
သူတို့သည်တောင်ကြားလမ်းကိုဖြတ်ပြီး လျှင် ဂေဗမြို့တွင်စခန်းချလျက်နေကြ၏။ ထိုအခါရာမမြို့သားတို့သည်ကြောက် လန့်ကြကုန်လျက် ရှောလုမင်း၏ဌာနေဖြစ် သောဂိဗာမြို့မှလူတို့သည်လည်းထွက် ပြေးကြကုန်၏။-
အာဣမြို့သားတို့သည်မြို့တံခါးမှကျောက် ကျင်းများရှိရာအရပ်သို့တိုင်အောင် ဣသ ရေလအမျိုးသားတို့နောက်သို့လိုက်၍တိုက် ခိုက်ကြရာတောင်ကုန်းအဆင်း၌ ဣသရေလ အမျိုးသားသုံးဆယ့်ခြောက်ယောက်ခန့်ကို သတ်ဖြတ်လိုက်ကြလေသည်။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည်အလွန် စိတ်ပျက်အားလျော့ကြကုန်၏။
အာဣမြို့သားအားလုံးတို့သည်ဣသရေလ အမျိုးသားတို့နောက်သို့ ထွက်လိုက်ကြရာမြို့ ကိုကာကွယ်မည့်သူတစ်ယောက်မျှမကျန် ရစ်ချေ။
ထိုနောက်သူတို့သည်ဗင်္ယာမိန်တပ်ရှိရာသို့ တတိယအကြိမ်ချီတက်ကာ မိမိတို့၏တပ် သားများကိုရှေ့ကနည်းတူဂိဗာမြို့ကိုမျက် နှာမူ၍တိုက်ပွဲဝင်ရန်နေရာယူစေကြ၏။-
ဗင်္ယာမိန်အမျိုးသားတို့က``ငါတို့သည်ရှေး နည်းတူပင်သူတို့အားနှိမ်နင်းလိုက်လေပြီ'' ဟုဆိုကြ၏။ သို့သော်ဣသရေလအမျိုးသားတို့သည် မိမိတို့တပ်ကိုဆုတ်ခွာ၍ မြို့နှင့်ဝေးရာ လမ်းများပေါ်သို့ရောက်အောင်ရန်သူ့အား သွေးဆောင်ခေါ်ယူသွားရန်စီစဉ်ထားကြ၏။-