ဧဇရသည်ဗိမာန်တော်ရှေ့တွင်ခေါင်းငုံ့လျက် ငိုကြွေးကာ ဤအပြစ်များကိုဖော်ပြဝန်ခံ လျက်ဆုတောင်းပတ္ထနာပြုနေစဉ် ဣသရေလ အမျိုးသား၊ အမျိုးသမီးနှင့်ကလေးပါ ဝင်သောလူအုပ်ကြီးသည်ငိုကြွေးလျက် သူ့ထံစုရုံးကြကုန်၏။-
သူကြီး 2:4 - Common Language Bible ဤသို့ကောင်းကင်တမန်မြွက်ဆိုပြီးသော အခါ၌ ဣသရေလအမျိုးသားအပေါင်း တို့သည်ငိုကြွေးကြကုန်၏။- Garrad Bible ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် သည် ဣ သ ရေ လ အ မျိုး သား တို့ အား ထို သို့ အ မိန့် တော် ပြန် လျှင်၊ Judson Bible ထာဝရဘုရား၏ တမန်တော်သည် ဣသရေလအမျိုးသားအပေါင်းတို့အား ဤသို့မိန့်တော်မူသောအခါ၊ လူများတို့သည် အသံကိုလွှင့်၍ ငိုကြွေးကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ထာဝရဘုရား၏ကောင်းကင်တမန် မိန့်ဆိုသောအခါ အစ္စရေးအမျိုးသားအပေါင်းတို့ အော်ဟစ်ငိုကြွေးကြလေ၏။ |
ဧဇရသည်ဗိမာန်တော်ရှေ့တွင်ခေါင်းငုံ့လျက် ငိုကြွေးကာ ဤအပြစ်များကိုဖော်ပြဝန်ခံ လျက်ဆုတောင်းပတ္ထနာပြုနေစဉ် ဣသရေလ အမျိုးသား၊ အမျိုးသမီးနှင့်ကလေးပါ ဝင်သောလူအုပ်ကြီးသည်ငိုကြွေးလျက် သူ့ထံစုရုံးကြကုန်၏။-
မိုက်သောသူသည် ဒဏ်ချက်တရာကို အမှုထား သည်ထက်၊ ပညာရှိသောသူသည် ဆုံးမသော စကားကို သာ၍ အမှုထားတတ်၏။
သူတို့အားငါပြန်လည်ခေါ်ဆောင်လာစဉ် ငါ၏လူမျိုးတော်သည်ငိုကြွေးလျက်ဆုတောင်း ပတ္ထနာပြုလျက်ပြန်လာကြလိမ့်မည်။ ငါသည်သူတို့အားစမ်းရေရှိရာအရပ်များ သို့လည်းကောင်း၊ သူတို့ခြေချော်၍မလဲစေရန် လမ်းကောင်းများဖြင့်လည်းကောင်းခေါ်ဆောင်မည်။ ငါသည်ဣသရေလလူမျိုး၏အဘသဖွယ် ဖြစ်၍ ဧဖရိမ်အနွယ်သည်ငါ၏သားဦးဖြစ်၏။''
ထာဝရဘုရားက``သို့ရာတွင်သင်တို့သည် ယခုအခါ၌ပင်အမှန်တကယ်နောင်တရ ကြလော့။ အစာရှောင်လျက်ငိုကြွေးမြည်တမ်းလျက် ငါ့ထံသို့ပြန်လာကြလော့။
``ငါသည်ဒါဝိဒ်၏သားစဉ်မြေးဆက်များ နှင့် အခြားယေရုရှလင်မြို့သူမြို့သား တို့အားကရုဏာထားတတ်သောသဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောသဘော နှင့်ပြည့်ဝစေမည်။ သူတို့သည်မိမိတို့ဋ္ဌား နှင့်ထိုး၍သတ်ခဲ့သူကိုကြည့်ပြီးလျှင် တစ် ဦးတည်းသောသား၏အတွက်ငိုကြွေးမြည် တမ်းဘိသကဲ့သို့ ထိုသူ၏အတွက်ငိုကြွေး မြည်တမ်းကြလိမ့်မည်။ သူတို့သည်သားဦး သေဆုံးရသူများကဲ့သို့ဝမ်းနည်းပက် လက်ငိုကြွေးမြည်တမ်းကြလိမ့်မည်။-
``ယခုအခါဆာငတ်နေသူတို့၊သင်တို့သည် မင်္ဂလာရှိကြ၏။ သင်တို့ဝပြောရမည့်အချိန်ရောက်လိမ့်မည်။ ``ငိုကြွေးနေကြသူတို့၊သင်တို့သည်မင်္ဂလာရှိကြ၏။ သင်တို့ရယ်မောရမည့်အချိန်ရောက်လိမ့်မည်။
သူ၏မျက်ရည်သည်ကိုယ်တော်၏ခြေများ အပေါ်သို့ကျသည်ရှိသော်မိမိ၏ဆံပင် ဖြင့်သုတ်၏။ ထိုနောက်ထိုအမျိုးသမီးသည် ကိုယ်တော်၏ခြေများကိုနမ်းရှုပ်ပြီးလျှင် ဆီမွှေးဖြင့်သုတ်လိမ်းလျက်နေ၏။-
ဘုရားသခင်အသုံးပြုတော်မူသည့်ဝမ်းနည်း ခြင်းသည်ကယ်တင်ခြင်းကိုရစေသည့်နောင်တ စိတ်ကိုဖြစ်ပေါ်စေတတ်၏။ ထို့ကြောင့်ဝမ်းနည်း မိသည့်အတွက်စိတ်မကောင်းမဖြစ်သင့်။ သို့ ရာတွင်လူ့ဝမ်းနည်းခြင်း၏အကျိုးကားသေ ခြင်းပေတည်း။-
ဝမ်းနည်းကြေကွဲကြလော့။ ငိုကြွေးမြည်တမ်း ကြလော့။ သင်တို့၏ရယ်မောခြင်းကိုငိုကြွေး ခြင်းဖြစ်စေကြလော့။ သင်တို့၏ဝမ်းမြောက် ခြင်းကိုစိတ်ညှိုးငယ်စေခြင်းဖြစ်စေကြလော့။-
သို့ဖြစ်၍သင်တို့ရှေ့သို့ချီတက်ကြသော အခါ ငါသည်ဤသူတို့ကိုထွက်ပြေးစေလိမ့် မည်မဟုတ်ဟု သင်တို့အားယခုငါဆို၏။ သူ တို့သည်သင်တို့၏ရန်သူများဖြစ်ကြလိမ့် မည်။ သင်တို့အတွက်သူတို့၏ဘုရားများ သည်ထောင်ချောက်သဖွယ်ဖြစ်လိမ့်မည်'' ဟုမြွက်ဆိုလေသည်။-
ထို့ကြောင့်ဤအရပ်ကိုဗောခိမ်မြို့ဟုခေါ်ဝေါ် သမုတ်သတည်း။ သူတို့သည်ထိုအရပ်တွင် ထာဝရဘုရားအားယဇ်ပူဇော်ကြ၏။
စေတမန်တို့သည်ရှောလုနေထိုင်ရာဂိဗာ မြို့သို့ရောက်ရှိလာလျက် ထိုသတင်းကိုပြော ကြားကြသောအခါ လူတို့သည်စိတ်ပျက် အားလျော့လျက်ငိုကြွေးကြကုန်၏။-
သို့ဖြစ်၍သူတို့သည်မိဇပါမြို့တွင်စုဝေး ကြပြီးနောက် ရေအနည်းငယ်ခပ်၍ထာဝရ ဘုရားအား ပူဇော်သည့်အနေဖြင့်သွန်းလောင်း ကာထိုနေ့တစ်နေ့လုံးအစာရှောင်ကြ၏။ သူ တို့က``အကျွန်ုပ်တို့သည်ထာဝရဘုရားကို ပြစ်မှားပါပြီ'' ဟုဆိုကြ၏။ မိဇပါမြို့မှ နေ၍ရှမွေလသည်ဣသရေလအမျိုး သားတို့ကိုစီရင်အုပ်ချုပ်သတည်း။