စတုတ္ထနေ့နံနက်၌စောစောထ၍ခရီးထွက် ရန်ပြင်ဆင်သောအခါ ယောက္ခမက``စားစရာ ကိုဦးစွာသုံးဆောင်၍အားဖြည့်ပြီးမှခရီး ထွက်ပါ'' ဟုပြော၏။
လေး ရက် မြောက် သော နံ နက် အ ချိန် တွင် ထွက် သွား မည့် အ ကြံ နှင့် ထ သော အ ခါ မ ယား၏ အ ဖ က၊ ခဲ ဖွယ် စား ဖွယ် အ နည်း ငယ် ကို စား သောက်၍ အား ရှိ ပြီး မှ သွား ပါ ဟု ဆို သည့် အ လျောက်
စတုတ္တနေ့ရက် နံနက်စောစောထ၍ ထွက်သွားအံ့သောငှာ ပြင်ဆင်သောအခါ၊ ယောက္ခမက၊ မုန့်အနည်းငယ်ကိုစား၍ အားဖြည့်ပြီးမှ သွားကြပါဟု သမက်အား ဆိုသည်အတိုင်း၊
လေးရက်မြောက်သောနေ့တွင် သူတို့သည် နံနက်စောစောထ၍ပြန်သွားရန် ပြင်ဆင်၏။ သို့သော် မယားငယ်၏ဖခင်က “အားရှိအောင် နည်းနည်းစားသောက်ပြီးမှ သွားပါ”ဟု သမက်အား ဆိုသဖြင့်
အရှင်တို့အတွက်စားစရာအနည်းငယ်ယူခဲ့ ပါမည်။ သို့မှသာလျှင်အားပြည့်လာ၍ခရီး ဆက်နိုင်ပါမည်။ အရှင်တို့သည်အကျွန်ုပ်အိမ် သို့ကြွရောက်လာကြခြင်းဖြင့် အကျွန်ုပ်အား ချီးမြှင့်ပါပြီ။ သို့ဖြစ်၍အရှင်တို့အားဧည့် ဝတ်ပြုပါရစေ'' ဟုဆိုလေ၏။ ထိုသူတို့က``သင်ပြောသည်အတိုင်းပြုပါလေ'' ဟုပြန်ပြောလေ၏။
ထိုအခါမင်းကြီးကပရောဖက်အား``အကျွန်ုပ် နှင့်အတူ နန်းတော်သို့လိုက်၍အစားအစာ သုံးဆောင်ပါလော့။ သင့်အားလက်ဆောင်ပေး ပါမည်'' ဟုဆို၏။
မိမိအားစိတ်ကိုပျော်ရွှင်စေရန် စပျစ်ရည်ကိုလည်းကောင်း၊ လန်းဆန်းစေရန်သံလွင်ဆီကိုလည်းကောင်း၊ ခွန်အားဖြစ်စေရန်အစားအစာကိုလည်းကောင်း ရရှိနိုင်ပါ၏။
ကိုယ်တော်က ``ငါ၏အစားအစာကားငါ့ကို စေလွှတ်တော်မူသောအရှင်၏အလိုတော်ကို လိုက်နာ၍ ထိုအရှင်ပေးအပ်သည့်အမှုတော် ကိုပြီးစီးအောင်ဆောင်ရွက်ခြင်းပင်ဖြစ်၏။-
ထိုနောက်အစားအစာသုံးဆောင်ပြီးသော အခါခွန်အားပြည့်လာ၏။ ရှောလုသည်ဒမာသက်မြို့တွင် တပည့်တော် တို့နှင့်အတူရက်အနည်းငယ်နေ၏။-
သူ့အားလည်းဆက်လက်နေထိုင်ရန်တိုက် တွန်း၏။ ထို့ကြောင့်သူသည်ယောက္ခမအိမ်တွင် သုံးရက်မျှနေထိုင်လေသည်။ သမက်သည် ထိုအိမ်၌စားသောက်တည်းခိုပြီးနောက်၊-
ငါးရက်မြောက်သောနေ့နံနက်စောစော၌သူ သည် ခရီးသွားရန်ထသောအခါယောက္ခမ က``ကျေးဇူးပြု၍အစာစားပါဦး။ နေမြင့် သည်တိုင်အောင်စောင့်ပါဦး'' ဟုဆိုသဖြင့် ယောက္ခမနှင့်သမက်တို့သည်အတူတကွ စားကြ၏။
သင်္ဘောသဖန်းသီးခြောက်အနည်းငယ်နှင့် စပျစ် သီးခြောက်နှစ်ပြွတ်ကိုလည်းကောင်းပေးကြ၏။ လူငယ်သည်ထိုအစားအစာများကိုစားပြီး နောက်ပြန်၍အားပြည့်လာလေသည်။ သူသည် သုံးရက်တိုင်တိုင်မည်သည့်အစာရေစာမျှ မစားမသောက်ခဲ့ရ။-