ကိုယ်တော်သည်ကြေးတံခါးများကိုချိုး၍ သံကန့်လန့်များကိုအပိုင်းပိုင်းဖြတ်တော်မူ၏။
သူကြီး 16:3 - Common Language Bible သို့ရာတွင်ရှံဆုန်သည်သန်းခေါင်တိုင်အောင် သာအိပ်ပြီးနောက်ထ၍တံခါးရွက်၊ တံခါး တိုင်၊ ကန့်လန့်ကျင်နှင့်တကွမြို့တံခါးကို ဆွဲနုတ်ပြီးလျှင်ပခုံးပေါ်မှာထမ်း၍ ဟေဗြုန် မြို့အနီးတောင်ထိပ်ပေါ်သို့ယူဆောင်သွား လေသည်။ Garrad Bible ရှံ ဆုန် သည် သန်း ခေါင် တိုင် တိုင် အိပ် နေ ပြီး မှ ထို အ ချိန်၌ ပင် ထ သွား၍ မြို့ တံ ခါး ရွက် များ နှင့် ၎င်း တိုင် နှစ် လုံး ကို ကန့် လန့် ကျင် ပါ နုတ် ယူ ပြီး လျှင် ဟေ ဗြုန် မြို့ ရင် ဆိုင် တောင် ထိပ် အ ရောက် ထမ်း ဆောင် သွား လေ ၏။ Judson Bible ရှံဆုန်သည် သန်းခေါင်တိုင်အောင် အိပ်ပြီးမှ၊ သန်းခေါင်အချိန်၌ထ၍ မြို့တံခါးရွက်တို့ကို၊ တံခါးတိုင် ကန့်လန့်ကျင်နှင့်တကွ ယူ၍ ပခုံးပေါ်မှာတင်လျက် ထမ်းသွား၍၊ ဟေဗြုန်မြို့ရှေ့၊ တောင်ပေါ်၌ပစ်ထားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ရှံဆုန်သည် ညသန်းခေါင်တိုင် အိပ်ပြီးမှ သန်းခေါင်ချိန်တွင်ထပြီး မြို့တံခါးရွက်နှင့်တကွ တံခါးတိုင်နှစ်တိုင်ကို ဆုပ်ကိုင်ပြီး ကန့်လန့်ကျင်ပါလျက် ဆွဲနုတ်ပစ်လေ၏။ ထို့နောက် ပခုံးပေါ်တင်၍ ဟေဗြုန်မြို့အရှေ့ဘက်ရှိ တောင်ထိပ်ပေါ်သို့ ထမ်းသွားလေ၏။ |
ကိုယ်တော်သည်ကြေးတံခါးများကိုချိုး၍ သံကန့်လန့်များကိုအပိုင်းပိုင်းဖြတ်တော်မူ၏။
သူတို့အားပြည်နှင်ဒဏ်ခံရာမှလွတ် မြောက်ရန် ဘုရားသခင်ကိုယ်တော်တိုင်ရှေ့ ဆောင်လမ်းပြတော်မူမည်။ သူတို့သည်မြို့ တံခါးများကိုချိုးဖောက်၍လွတ်မြောက် လာကြမည်။ သူတို့၏ဘုရင်ထာဝရဘုရား ကိုယ်တော်တိုင်သူတို့ကိုထုတ်ဆောင်တော် မူမည်။
သို့ရာတွင်ထိုအရှင်ကိုသေမင်းသည်အစဉ် အမြဲချုပ်နှောင်ထားရန်မဖြစ်နိုင်။ ထို့ကြောင့် ဘုရားသခင်သည် သူ့အားသေခြင်း၏တန်ခိုး မှလွတ်မြောက်စေ၍ရှင်ပြန်ထမြောက်စေတော် မူ၏။-
ဂါဇမြို့သားတို့သည်ရှံဆုန်ရောက်ရှိနေကြောင်း ကိုကြားသိကြသဖြင့် ထိုအိမ်ကိုဝိုင်းရံထား ပြီးလျှင်တစ်ညလုံးမြို့တံခါးဝမှစောင့်နေ ကြ၏။ ``ငါတို့သည်သူ့အားမိုးလင်းသည်တိုင် အောင်စောင့်ဆိုင်းပြီးမှသတ်ပစ်မည်'' ဟုကြံ စည်ကာဆိတ်ငြိမ်စွာနေကြ၏။-
ထိုနောက်ရှံဆုန်သည်စောရက်ချိုင့်တွင် နေထိုင် သောဒေလိလအမည်ရှိသောအမျိုးသမီး ကိုချစ်ကြိုက်ပြန်၏။-