ထိုနောက်မာရ်နတ်၏စုံစမ်းသွေးဆောင်ခြင်းကို ခံစေရန် ဝိညာဉ်တော်သည်သခင်ယေရှုကို တောကန္တာရသို့ခေါ်ဆောင်သွားတော်မူ၏။-
သူကြီး 13:25 - Common Language Bible သူငယ်သည်ဇောရာမြို့နှင့်ရှေတောလမြို့ စပ်ကြားဒန်တပ်စခန်း၌ရှိနေစဉ် ထာဝရ ဘုရား၏တန်ခိုးတော်သည်သူ့အားစတင် ၍ခွန်အားကြီးမားလာစေတော်မူသည်။ Garrad Bible ထို သူ ငယ် အ ရွယ် မြောက် လျှင် ဇော ရာ မြို့ နှင့် ဧ ရှ တော လ မြို့ များ စပ် ကြား၊ မ ဟာ နေ ဒန် အ ရပ်၌ ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် ဦး စွာ နှိုး ဆော် လေ ၏။ Judson Bible ထာဝရဘုရား၏ဝိညာဉ်တော်သည်၊ ဇောရာမြို့နှင့် ဧရှတောလမြို့စပ်ကြား၊ ဒန်အမျိုးတပ်၌ တစ်ခါတလေ နှိုးဆော်စပြုတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သူသည် ဇောရာမြို့နှင့် ဧရှတောလမြို့ကြားရှိ မဟာနေဒန်အရပ်၌ရှိနေစဉ် ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့ကို စတင်နှိုးဆော်၏။ |
ထိုနောက်မာရ်နတ်၏စုံစမ်းသွေးဆောင်ခြင်းကို ခံစေရန် ဝိညာဉ်တော်သည်သခင်ယေရှုကို တောကန္တာရသို့ခေါ်ဆောင်သွားတော်မူ၏။-
ဘုရားသခင်သည်မိမိစေလွှတ်တော်မူသောသူ အားဝိညာဉ်တော်ကိုအပြည့်အဝချပေးတော် မူသည်ဖြစ်၍ ထိုသူသည်ဘုရားသခင်၏နှုတ် ကပတ်တရားတော်ကိုဖော်ပြတတ်၏။-
ထိုအခါထာဝရဘုရား၏ဝိညာဉ်တော် သည် ယေဖသအပေါ်သို့သက်ရောက်တော် မူ၏။ ယေဖသသည်ဂိလဒ်ပြည်နှင့်မနာ ရှေပြည်တစ်လျှောက်သို့သွားပြီးလျှင် ဂိလဒ် ပြည်မိဇပါမြို့သို့ပြန်လာသည်။ ထို နောက်အမ္မုန်ပြည်သို့ချီတက်လေ၏။-
တစ်နေ့သ၌ရှံဆုန်သည်တိမနမြို့သို့ရောက် ရှိသွားရာ ထိုမြို့တွင်ဖိလိတ္တိအမျိုးသမီး ကလေးတစ်ဦးကိုတွေ့မြင်လေသည်။-
ထာဝရဘုရား၏တန်ခိုးတော်သည်ရှံဆုန် အား ရုတ်တရက်သန်စွမ်း၍လာစေတော်မူ သဖြင့် သူသည်အာရှကေလုန်မြို့သို့သွား ပြီးလျှင်လူသုံးဆယ်ကိုသတ်၍ ဝတ်ကောင်း စားလှများကိုချွတ်ယူကာစကားထာ ကိုဖော်ပြသောသူတို့အားပေးအပ်လိုက်၏။ ထိုနောက်သူသည်အမျက်ထွက်၍မိမိအိမ် သို့ပြန်သွားလေသည်။-
ရှံဆုန်၏ညီများနှင့်အခြားအိမ်ထောင်စု သားတို့သည် လာရောက်၍သူ၏ရုပ်အလောင်း ကိုယူပြီးလျှင် ဇောရာမြို့နှင့်ဧရှတောလ မြို့စပ်ကြားရှိဖခင်ဖြစ်သူမာနော်၏သင်္ချိုင်း ဂူတွင်သင်္ဂြိုဟ်ကြ၏။ သူသည်နှစ်ပေါင်းနှစ် ဆယ်တိုင်တိုင်ဣသရေလလူမျိုး၏ခေါင်း ဆောင်ဖြစ်ခဲ့သတည်း။
ဒန်အမျိုးသားတို့သည်နယ်မြေကိုစူးစမ်း ရှာဖွေရန် မိမိတို့အနွယ်ဝင်အိမ်ထောင်စု အပေါင်းမှ အရည်အချင်းရှိသူလူငါး ယောက်ကိုရွေးချယ်၍ဇောရာမြို့နှင့်ဧရှ တောလမြို့တို့မှစေလွှတ်လိုက်ကြ၏။ ထို သူတို့သည်တောင်ကုန်းဒေသဖြစ်သော ဧဖရိမ်ပြည်သို့ရောက်လာသောအခါ မိက္ခာ၏အိမ်တွင်တည်းခိုကြ၏။-
ထာဝရဘုရား၏ဝိညာဉ်တော်သည်သူ့ အပေါ်သို့သက်ရောက်သဖြင့် သူသည် ဣသရေလအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်လာလေသည်။ သြသံယေလသည်စစ် ချီတိုက်ခိုက်ရာထာဝရဘုရားသည်သူ့ အားမေသောပေါတာမိဘုရင်ကိုနှိမ်နင်း အောင်မြင်စေတော်မူ၏။-
ထာဝရဘုရား၏ဝိညာဉ်တော်သည်ဂိဒေါင် အပေါ်၌သက်ရောက်သဖြင့် သူသည်အဗျေဇာ သားချင်းစုအပေါင်းတို့အား မိမိနောက်သို့ လိုက်ကြရန်တံပိုးခရာကိုမှုတ်လေ၏။-
ထိုသတင်းကိုရှောလုကြားရချိန်၌ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ ၏အပေါ်သို့သက်ရောက်တော်မူသဖြင့် သူသည်ပြင်းစွာအမျက်ထွက်ကာ၊-