သင်တို့သည်အပြစ်ဒဏ်ခံထိုက်သူများသာ တည်း။ သင်တို့သည်တောက်လျှောက်ကွဲအက် လျက်နေသော အုတ်တံတိုင်းမြင့်ကြီးကဲ့သို့ ရုတ်တရက်လဲပြိုပျက်စီးကြလိမ့်မည်။-
သူကြီး 10:8 - Common Language Bible ထိုသူတို့သည်ယော်ဒန်မြစ်အရှေ့ဘက်၊ အာ မောရိနယ်မြေဂိလဒ်ပြည်တွင်နေထိုင်သော ဣသရေလအမျိုးသားတို့အား တစ်ဆယ့် နှစ်နှစ်တိုင်တိုင်ညှင်းပန်းနှိပ်စက်ကြ၏။- Garrad Bible ယော် ဒန် မြစ် တစ် ဖက်၊ အာ မော ရိ လူ မျိုး နေ ရာ ဂိ လဒ် ပြည် တွင် နေ ထိုင် သော ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ ကို ၎င်း နှစ် မှ စ၍ နှစ် ပေါင်း ဆယ့် ရှစ် နှစ် ပတ် လုံး နှိပ် စက် ညှဉ်း ပန်း ကြ ၏။ Judson Bible ယော်ဒန်မြစ်တစ်ဖက် အာမောရိလူနေရာ ဂိလဒ်ပြည်၌နေသော ဣသရေလ အမျိုးသားအပေါင်းတို့ကို ထိုနှစ်မှစ၍ တစ်ဆယ်ရှစ်နှစ်ပတ်လုံး ညှဉ်းဆဲကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်မှစ၍ သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်၊ အာမောရိလူမျိုးတို့၏နေရာဂိလဒ်ပြည်ရှိ အစ္စရေးအမျိုးသားတို့ကို တစ်ဆယ့်ရှစ်နှစ်ဖိနှိပ်ညှဉ်းဆဲကြ၏။ |
သင်တို့သည်အပြစ်ဒဏ်ခံထိုက်သူများသာ တည်း။ သင်တို့သည်တောက်လျှောက်ကွဲအက် လျက်နေသော အုတ်တံတိုင်းမြင့်ကြီးကဲ့သို့ ရုတ်တရက်လဲပြိုပျက်စီးကြလိမ့်မည်။-
မနာရှေသားမာခိရ၏သားချင်းစုသည် ဂိလဒ်ပြည်ကိုဝင်ရောက်တိုက်ခိုက်ပြီးလျှင် ထိုပြည်တွင်နေထိုင်သောအာမောရိအမျိုး သားတို့ကိုမောင်းထုတ်၍ပြည်ကိုသိမ်းပိုက် လေသည်။-
``အန္တရာယ်ကင်းလျက်သာယာသည်'' ဟုလူတို့ ပြောဆိုကြသောအခါ၌ကိုယ်ဝန်ဆောင်အမျိုး သမီးအပေါ်သို့သားဖွားခြင်းဝေဒနာရုတ် တရက်ကျရောက်လာသကဲ့သို့ လူတို့အပေါ် သို့ဘေးအန္တရာယ်ကျရောက်လာလိမ့်မည်။-
ယာဣရကွယ်လွန်သောအခါသူ၏ရုပ် အလောင်းကိုကာမုန်မြို့၌သင်္ဂြိုဟ်ကြလေ သည်။
သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့ကိုအမျက်ထွက်တော်မူ သဖြင့် ဖိလတ္တိအမျိုးသားနှင့်အမ္မုန်အမျိုး သားတို့၏လက်အောက်ခံဖြစ်စေတော်မူ၏။-
အမ္မုန်အမျိုးသားတို့သည်ယော်ဒန်မြစ်ကို ပင်လျှင် ဖြတ်ကျော်ကာယုဒအနွယ်၊ ဗင်္ယာမိန် အနွယ်နှင့်ဧဖရိမ်အနွယ်တို့ကိုတိုက်ခိုက် ကြသဖြင့် ဣသရေလအမျိုးသားတို့မှာ အတိဒုက္ခရောက်ရကြလေသည်။
မိဒျန်အမျိုးသားတို့သည်ဣသရေလအမျိုး သားတို့ထက်အင်အားကြီးသဖြင့် ဣသရေလ အမျိုးသားတို့သည်ဥမင်များ၌လည်းကောင်း၊ အခြားဘေးလွတ်ရာတောင်ပေါ်ဒေသများ ၌လည်းကောင်းပုန်းအောင်းနေရကြကုန်၏။-