အဘိမလက်ကွယ်လွန်ပြီးနောက် ဣသရေလ လူမျိုးကိုကယ်ဆယ်ရန်ဒေါဒေါ၏မြေး၊ ဖုဝါ ၏သားတောလပေါ်ထွန်းလာ၏။ သူသည်ဣသ ခါအနွယ်ဝင်ဖြစ်၍ ဧဖရိမ်တောင်ကုန်းရှိ ရှမိရမြို့တွင်နေထိုင်၏။-
သူကြီး 10:2 - Common Language Bible သူသည်ဣသရေလအမျိုးသားတို့၏ခေါင်း ဆောင်အဖြစ်ဖြင့် နှစ်ဆယ့်သုံးနှစ်မျှဆောင်ရွက် ပြီးနောက်ကွယ်လွန်သော် သူ၏ရုပ်အလောင်းကို ရှမိရမြို့၌သင်္ဂြိုဟ်ကြလေသည်။ Garrad Bible ဣ သ ရေ လ လူ မျိုး ကို နှစ် ပေါင်း နှစ် ဆယ့် သုံး နှစ် ပတ် လုံး အုပ် စိုး စီ ရင် ပြီး မှ ကွယ် လွန် သော် ရှ မိ ရ မြို့ တွင် သင်္ဂြိုဟ် ခြင်း ခံ လေ၏။ Judson Bible ထိုသူသည် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်သုံးနှစ်ပတ်လုံး အုပ်စိုးပြီးမှ သေ၍၊ ရှိမရမြို့မှာ သင်္ဂြိုဟ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း သူသည် အစ္စရေးလူမျိုးတို့ကို နှစ်ပေါင်းနှစ်ဆယ့်သုံးနှစ် စီရင်အုပ်ချုပ်ပြီးမှ သေဆုံးသဖြင့် ရှမိရမြို့တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ |
အဘိမလက်ကွယ်လွန်ပြီးနောက် ဣသရေလ လူမျိုးကိုကယ်ဆယ်ရန်ဒေါဒေါ၏မြေး၊ ဖုဝါ ၏သားတောလပေါ်ထွန်းလာ၏။ သူသည်ဣသ ခါအနွယ်ဝင်ဖြစ်၍ ဧဖရိမ်တောင်ကုန်းရှိ ရှမိရမြို့တွင်နေထိုင်၏။-
တောလကွယ်လွန်ပြီးနောက်ဂိလဒ်ပြည်သား ယာဣရပေါ်ထွန်းလာ၍ ဣသရေလအမျိုး သားတို့အားနှစ်ဆယ့်နှစ်နှစ်တိုင်ခေါင်းဆောင် ရ၏။-
ဣသရေလအမျိုးသားတို့သည်ဟေရှဘုန် မြို့နှင့်အာရော်မြို့တို့ကိုလည်းကောင်း၊ ထိုမြို့ များအနီးတစ်ဝိုက်ရှိမြို့တို့နှင့်အာနုန်မြစ် ကမ်းပေါ်ရှိမြို့မှန်သမျှကိုလည်းကောင်း နှစ် ပေါင်းသုံးရာတိုင်တိုင်သိမ်းပိုက်ထားစဉ်က သင်သည်အဘယ်ကြောင့်ထိုမြို့တို့ကိုပြန် လည်မသိမ်းမယူခဲ့ပါသနည်း။-