သုတ္တံကျမ်း။ 8:35 - Common Language Bible ငါ့ကိုရှာ၍တွေ့သောသူသည်အသက်ကိုတွေ့၏။ ထာဝရဘုရား၏ကျေးဇူးတော်ကိုလည်းခံရ၏။ Garrad Bible အ သို့ ဆို သော်၊ ငါ့ ကို ရှာ တွေ့ သော သူ သည်၊ အ သက် ချမ်း သာ ရာ ကို တွေ့ ရ သည့် ပြင်၊ ထာ ဝ ရ ဘု ရား ထံ မှ ကျေး ဇူး တော် ကို လည်း ခံ စား ရ လိမ့် မည်။ Judson Bible ငါ့ကိုရှာ၍တွေ့သောသူသည် အသက်ကိုတွေ့၏။ ထာဝရဘုရား၏ကျေးဇူးတော်ကိုလည်းခံရ၏။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါ့ကိုတွေ့သောသူသည် အသက်ကိုတွေ့၍ ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကိုခံစားရ၏။ |
သူတော်ကောင်းသည် ထာဝရဘုရားရှေ့တော်၌ မျက်နှာရတတ်၏။ မကောင်းသောအကြံကို ကြံစည်သော သူမူကား၊ အပြစ်စီရင်တော်မူခြင်းကို ခံရ၏။
အကြောင်းမူကား၊ ထိုတရားစကားကို တွေ့ရ သောသူတို့သည် အသက်ရှင်ခြင်း၊ တကိုယ်လုံးကျန်းမာ ခြင်းအကြောင်းကို တွေ့ရပြီ။
အကြောင်းမူကား၊ ပညာသည် ကွယ်ကာတတ် ၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ် သည် အဘယ်သို့မြတ်သနည်းဟူမူကား၊ ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ်၏။
သခင်ယေရှုက ``ငါသည်ခရီးလမ်းဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲအဘယ်သူမျှခမည်း တော်ထံသို့မရောက်နိုင်။-
ထာဝရအသက်ဟူသည်တစ်ဆူတည်းသော ဘုရားဖြစ်တော်မူသည့်ကိုယ်တော်ကိုလည်း ကောင်း၊ ကိုယ်တော်စေလွှတ်တော်မူသောယေရှု ခရစ်ကိုလည်းကောင်းသိကျွမ်းခြင်းပင်ဖြစ် ပါ၏။-
ဘုရားသခင်သည်လောကသားတို့ကိုလွန်စွာ ချစ်တော်မူသဖြင့် သားတော်အားယုံကြည်သူ အပေါင်းတို့သည်ပျက်စီးဆုံးပါးခြင်းမရှိ ဘဲ ထာဝရအသက်ကိုရစေခြင်းငှာ မိမိ ၏တစ်ပါးတည်းသောသားတော်ကိုစွန့်တော် မူ၏။-
သားတော်ကိုယုံကြည်သူသည်ထာဝရအသက် ကိုရ၏။ သားတော်၏စကားကိုနားမထောင်သူ မူကားအသက်ကိုမရဘဲ ဘုရားသခင်၏ အမျက်တော်သင့်သူဖြစ်လိမ့်မည်။
ကိုယ်တော်ချစ်မြတ်နိုးတော်မူသောသားတော် အားဖြင့် ငါတို့အားအခမဲ့ပေးသနားတော် မူသည့်ဘုန်းအသရေနှင့်ပြည့်စုံသောကျေးဇူး တော်အတွက် ငါတို့သည်ဘုရားသခင်အား ထောမနာပြုကြကုန်အံ့။
ထိုမျှမကငါ၏အရှင်ခရစ်တော်ယေရှုကိုသိကျွမ်း ရခြင်းသည်ထိုအရာများနှင့်အရာခပ်သိမ်းတို့ထက် တန်ခိုးရှိသည်ဖြစ်၍ ယင်းတို့ကိုငါ့အားရှုံးစေသည့် အရာများဟူ၍မှတ်ယူ၏။ ငါသည်ကိုယ်တော်အတွက် ခပ်သိမ်းသောအရာတို့ကိုစွန့်ပယ်ခဲ့၏။ ခရစ်တော်ကို အမြတ်ရနိုင်ရန်လည်းကောင်း၊ ကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်နိုင်ရန်လည်းကောင်းထိုအရာ များကိုအမှိုက်သရိုက်ကဲ့သို့ငါထင်မှတ်၏။ ငါသည် ပညတ်တရားကိုစောင့်ထိန်းခြင်းအားဖြင့်ဖြောင့်မတ် ခြင်းမရရှိပေ။ ခရစ်တော်ကိုယုံကြည်ခြင်းအား ဖြင့်သာလျှင်ဖြောင့်မတ်ခြင်းကိုရရှိ၏။ ထိုကဲ့သို့ သောဖြောင့်မတ်ခြင်းသည်ဘုရားသခင်ပေးသနား တော်မူသောဖြောင့်မတ်ခြင်းဖြစ်၍ယုံကြည်ခြင်း အပေါ်တွင်အခြေခံပေသည်။-
အဘယ်ကြောင့်ဆိုသော်သေပြီးသောသင်တို့ အသက်သည် ခရစ်တော်နှင့်အတူဘုရား သခင်၌ဝှက်ထားလျက်ရှိသောကြောင့်တည်း။-