သုတ္တံကျမ်း။ 8:19 - Common Language Bible ငါပေးသောအကျိုးသည် ရွှေထက်မက၊ ရွှေစင် ထက်သာ၍မြတ်၏။ ငါကြောင့်ရသောအခွန်ဘဏ္ဍာသည် ငွေတော်ထက်သာ၍ မြတ်၏။ Garrad Bible ငါ ပေး သော အ ကျိုး သည်၊ ရွှေ ထက် လည်း ကောင်း၊ ရွှေ စင် ထက် လည်း ကောင်း၊ မွန် မြတ်၏။ ငါ့ ကြောင့် ရ သော ဘ ဏ္ဍာ လည်း၊ ချွတ် ပြီး သော ငွေ ထက် မွန် မြတ် ၏။ Judson Bible ငါပေးသောအကျိုးသည် ရွှေထက်မက၊ ရွှေစင်ထက်သာ၍မြတ်၏။ ငါကြောင့်ရသော အခွန်ဘဏ္ဍာ သည် ငွေတော်ထက်သာ၍မြတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ငါ၏အသီးအပွင့်သည် ရွှေထက်မက ရွှေစင်ထက်ပင် ပို၍ကောင်း၏။ ငါ့အားဖြင့်ရသောအမြတ်အစွန်းသည်လည်း ငွေစင်ထက် ပို၍ကောင်း၏။ |
ရွှေကိုရတတ်ခြင်းထက် ပညာကို ရတတ်ခြင်း သည် အလွန်ကောင်း၏။ ငွေကိုအမြတ်မထား၊ ဥာဏ်နှင့် ပြည့်စုံခြင်းကို အမြတ်ထားစရာအလွန်ကောင်း၏။
အကြောင်းမူကား၊ ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ်ခြင်းထက်သာ၍ကောင်း၏။ ပညာကုန်သွယ် ၍ ရသောအမြတ်လည်း ရွှေစင်ထက် သာ၍ကောင်း၏။
အကြောင်းမူကား၊ ပညာသည် ကွယ်ကာတတ် ၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ် သည် အဘယ်သို့မြတ်သနည်းဟူမူကား၊ ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ်၏။