သုတ္တံကျမ်း။ 8:1 - Common Language Bible ဥာဏ်ပညာသည်ခေါ်၍ မိမိအသံကို လွှင့်သည် မဟုတ်လော။ Garrad Bible ဉာဏ် ပ ညာ သည် ခေါ် လျက်၊ ဉာဏ် ပ ဋိ ဘာန် လည်း စ ကား သံ ကို လွှင့် လျက် နေ သည် မ ဟုတ် လော။ Judson Bible ဉာဏ်ပညာသည်ခေါ်၍ မိမိအသံကို လွှင့်သည် မဟုတ်လော။ မြန်မာ့စံမီသမ္မာကျမ်း ဉာဏ်ပညာသည် ဟစ်ခေါ်၍ ထိုးထွင်းဉာဏ်သည် မိမိ၏အသံကိုလွှင့်သည်မဟုတ်လော။ |
ပရောဖက်ဟေရှာယက၊ `` `ကိုယ်တော်ရှင်ကြွတော်မူရာလမ်းကို အသင့်ပြင်ဆင်ကြလော့။ ထိုအရှင်၏လမ်းကိုဖြောင့်တန်းအောင် ပြုကြလော့' ဟု တောကန္တာရ၌လူတစ်ယောက်ကြွေးကြော်လျက်နေ၏'' ဟူ၍ဖော်ပြရာ၌ယောဟန်ကိုပင်ဆိုလိုသတည်း။
ထိုအခါမှစ၍သခင်ယေရှုသည် ``နောင်တရ ကြလော့။ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ'' ဟုဟောကြားတော်မူ၏။
ကပ်ကမ္ဘာကုန်ဆုံးချိန်မရောက်မီသင်တို့သည် သတင်းကောင်းကိုလူအပေါင်းတို့အားဟော ပြောကြေညာရကြမည်။-
နာမတော်ကိုအမှီပြု၍အပြစ်လွှတ်ခြင်းတရား နှင့်နောင်တတရားကိုလည်း ယေရုရှလင်မြို့မှ အစပြု၍လူမျိုးတကာတို့အားဟောပြော ရမည်။-
ပွဲတော်၏နောက်ဆုံးနေ့နှင့်အရေးကြီးဆုံး နေ့၌ သခင်ယေရှုသည်ရပ်လျက် ``ရေငတ် သူသည်ငါ့ထံသို့လာ၍သောက်လော့။-
သို့ရာတွင်သင်တို့အပေါ်သို့သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သောအခါ၌ သင်တို့ သည်တန်ခိုးကိုခံယူရရှိကြလိမ့်မည်။ ထို အခါသင်တို့သည်ယေရုရှလင်မြို့၊ ယုဒ ပြည်တစ်ပြည်လုံးနှင့်ရှမာရိပြည်မှစ၍ ကမ္ဘာမြေကြီးအစွန်အဖျားတိုင်အောင် ငါ ၏အကြောင်းကိုသက်သေခံသူများဖြစ် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
သခင်ဘုရားက `သွားလော့။ ရပ်ဝေးရှိလူမျိုး ခြားတို့ထံသို့သင့်အားငါစေလွှတ်မည်' မိန့် တော်မူ၏'' ဟုဆို၏။
သို့ရာတွင်ယုဒအမျိုးသားဖြစ်စေ၊ လူမျိုးခြား ဖြစ်စေရွေးကောက်တော်မူခြင်းခံကြရသူတို့ အတွက်မူကား ခရစ်တော်သည်ဘုရားသခင်၏ တန်ခိုးတော်၊ ဘုရားသခင်၏ဉာဏ်ပညာတော် ဖြစ်ပေသည်။-