သုတ္တံကျမ်း။ 30:32 - Common Language Bible သင်သည် ကိုယ်ကိုချီးမြှောက်၍ မိုက်သောအမှု ကို ပြုမိသော်၎င်း၊ မကောင်းသော အကြံကိုကြံမိ သော်၎င်း၊ သင်၏နှုတ်ကို လက်နှင့်ပိတ်ထားလော့။ Garrad Bible သင် သည် မိုက် မဲ စွာ ကိုယ် ကို ချီး မြှောက် မိ သော်လည်း ကောင်း၊ မ ကောင်း မှု ကို ကြံ စည် မိ သော်လည်း ကောင်း၊ လက် နှင့် နှုတ် ကို ဖုံး အုပ် လော့။ Judson Bible သင်သည် ကိုယ်ကိုချီးမြှောက်၍ မိုက်သောအမှုကို ပြုမိသော်လည်းကောင်း၊ မကောင်းသောအကြံကို ကြံမိသော်လည်းကောင်း၊ သင်၏နှုတ်ကို လက်နှင့်ပိတ်ထားလော့။ မြန်မာ့စံမီသမ္မာကျမ်း သင်သည် မိမိကိုယ်ကိုချီးမြှောက်လျက် မိုက်မဲစွာပြုမူခဲ့လျှင်၊ သို့မဟုတ် မကောင်းကြံစည်ခဲ့လျှင် သင်၏နှုတ်ကိုလက်နှင့်ပိတ်ထားလော့။ |
ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်နှုတ်ကို ကိုယ်လက်နှင့် ပိတ်ပါမည်။
မိုက်သောသူပင် တိတ်ဆိတ်စွာနေလျှင် ပညာရှိ ဟူ၍၎င်း၊ မိမိနှုတ်ကိုမဖွင့်ဘဲ နေသောသူကို လည်း၊ ဥာဏ်ကောင်းသောသူဟူ၍၎င်းသူတပါး ထင်တတ်၏။
ငါသည် ပညာရှိ၏ဟု ထင်သောသူရှိလျှင်၊ ထိုသူ၌ မြော်လင့်စရာအခွင့်ရှိသည်ထက်၊ မိုက်သောသူ၌ သာ၍ မြော်လင့်စရာအခွင့်ရှိ၏။
ပညတ်တရားတွင်ပါရှိသည့်ပြဋ္ဌာန်းချက်မှန် သမျှသည် ပညတ်တရားစိုးမိုးမှုလက်အောက် တွင်ရှိနေသူများအတွက်ဖြစ်ကြောင်းယခု ငါတို့သိကြ၏။ ဤသို့ဖြစ်ရခြင်းအကြောင်း မှာလူတို့၏ဆင်ခြေဆင်လက်မှန်သမျှကို ရပ်စဲစေရန်နှင့် လူသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်တော်မူခြင်း ကိုခံစေရန်ဖြစ်ပေသည်။-