သုတ္တံကျမ်း။ 3:31 - Common Language Bible ညှဉ်းဆဲတတ်သောသူ၏ စည်းစိမ်ကိုမတောင့်တ နှင့်။ သူလိုက်သော လမ်းတစုံတခုကိုမျှ အလိုမရှိနှင့်။ Garrad Bible ကြမ်း ကြုတ် သူ ကို မ ငြူ စူ ဘဲ၊ သူ့ အ ကျင့် တစ် စုံ တစ် ရာ ကို လည်း မ ရွေး မလိုက် နှင့်။ Judson Bible ညှဉ်းဆဲတတ်သောသူ၏စည်းစိမ်ကို မတောင့်တနှင့်။ သူလိုက်သော လမ်းတစ်စုံတစ်ခုကိုမျှ အလိုမရှိနှင့်။ မြန်မာ့စံမီသမ္မာကျမ်း ရက်စက်ကြမ်းကြုတ်သောသူကိုမငြူစူနှင့်။ သူပြုမူကျင့်ကြံသောအမှုအရာတစ်စုံတစ်ခုကိုမျှ မရွေးချယ်နှင့်။ |
မတရားသောသူသည် လူဆိုးသုံးတတ်သော ကျော့ကွင်းကို အလိုရှိ၏။ ဖြောင့်မတ်သော သူ၏အမြစ် မူကား၊ အသီးကိုသီးတတ်၏။
အပြစ်ထင်ရှားသော သူတို့ကို ငြူစူသော စိတ်မရှိစေနှင့်။ တနေ့လုံးထာဝရဘုရားကို ကြောက်ရွံ့ သောသဘော ရှိစေလော့။
ကျေးရွာ၌ ဆင်းရဲသားတို့ကို ညှဉ်းဆဲခြင်း၊ တရားလမ်းမှလွှဲ၍၊ မတရားသဖြင့် အနိုင်အထက်စီရင် စီရင်ဆုံးဖြတ်ခြင်းအမှုကိုမြင်လျှင်၊ ထိုသို့သောအကြံရှိ သည်ကို အံ့ဩခြင်းမရှိနှင့်။ ကြီးမြင့်သောသူတယောက်ကို တယောက် ကြည့်မှတ်သကဲ့သို့၊ အကြီးဆုံး၊ အမြင့်ဆုံး သောသူသည် ကြည့်မှတ်လျက်ရှိတော်မူ၏။
ငြူစူခြင်း၊ သေရည်သောက်ကြူးခြင်း၊ သောက်စား ပျော်ပါးခြင်းအစရှိသည်တို့ဖြစ်၏။ ဤနည်း အတိုင်းပြုကျင့်ကြသူတို့သည်ဘုရားသခင် ၏နိုင်ငံတော်ကိုအပိုင်ရကြမည်မဟုတ်။