သင်၏အမျိုးအနွယ်သည်အဘယ်အခါ ၌မျှမတိမ်ကောဘဲ သင်၏နိုင်ငံသည်ထာဝ စဉ်တည်လိမ့်မည်။ သင်၏ရာဇအာဏာစက် သည်လည်းအဘယ်အခါ၌မျှပျက်သုဉ်း သွားလိမ့်မည်မဟုတ်' ဟုမိန့်တော်မူကြောင်း ဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။
သုတ္တံကျမ်း။ 27:24 - Common Language Bible စည်းစိမ်သည် အမြဲမတည်တတ်။ ရှင်ဘုရင်၏ စည်းစိမ်သော်လည်း၊ လူမျိုးအစဉ်အဆက် မတည် တတ်။ Garrad Bible အ သို့ ဆို သော်၊ ဥ စ္စာ ဘ ဏ္ဍာ သည် အ မြဲ မ တည် တတ်။ သ ရ ဖူ ကို လည်း အ စဉ် အ ဆက် မ ခံ ရ။ Judson Bible စည်းစိမ်သည် အမြဲမတည်တတ်။ ရှင်ဘုရင်၏စည်းစိမ်သော်လည်း၊ လူမျိုးအစဉ်အဆက် မတည်တတ်။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား စည်းစိမ်သည် အစဉ်အမြဲတည်သည်မဟုတ်။ ရာဇသရဖူသည်လည်း မျိုးဆက်အစဉ်အဆက် တည်သည်မဟုတ်။ |
သင်၏အမျိုးအနွယ်သည်အဘယ်အခါ ၌မျှမတိမ်ကောဘဲ သင်၏နိုင်ငံသည်ထာဝ စဉ်တည်လိမ့်မည်။ သင်၏ရာဇအာဏာစက် သည်လည်းအဘယ်အခါ၌မျှပျက်သုဉ်း သွားလိမ့်မည်မဟုတ်' ဟုမိန့်တော်မူကြောင်း ဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။
ဒါဝိဒ်၏မျိုးရိုးအဘယ်အခါ၌မျှမတိမ်ကောရ။ နေသည်ထွန်းလင်းလျက်နေသမျှကာလပတ်လုံး ငါသည်သူ၏ရာဇပလ္လင်ကိုတည်မြဲစေမည်။
ကိုယ်တော်ရှင်၏အစေခံနှင့်ပြုတော်မူခဲ့သော ပဋိညာဉ်တော်ကိုလည်းပယ်ဖျက်တော်မူပါပြီ။ သူ၏သရဖူကိုမြေသို့ချတော်မူပါပြီ။
ပျောက်တတ်သောအရာကို စေ့စေ့မျက်မှောက် ပြုသင့်သလော။ အကယ်စင်စစ် ရွှေလင်းတသည် မိုဃ်းကောင်းကင်သို့ ပျံတတ်သကဲ့သို့၊ ထိုအရာသည် အတောင်တို့ကို လုပ်၍ပျံသွားတတ်၏။
စည်းစိမ်ရှင်သည် ကိုယ်အကျိုးပျက်သည်တိုင် အောင်၊ စည်းစိမ်ကိုသိုထားခြင်းတည်းဟူသော၊ နေ အောက်၌ အလွန်ဆိုးသောအမှုအရာကို ငါမြင်ပြီ။
သူ၏ရာဇအာဏာသည်ဆက်လက်တိုး တက်လျက် သူ၏နိုင်ငံတော်သည်လည်း၊အစဉ်အမြဲ ငြိမ်းချမ်းသာယာလိမ့်မည်။ သူသည်ဒါဝိဒ်မင်း၏အရိုက်အရာကို ဆက်ခံကာ ယခုမှစ၍ကပ်ကာလကုန်ဆုံးချိန်တိုင်အောင် တရားတော်နှင့်အညီမျှတစွာအုပ်စိုးလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ အမှုအရာအလုံးစုံတို့အားဖြစ်ပျက်စေ ရန်သန္နိဋ္ဌာန်ချမှတ်တော်မူပြီးဖြစ်သတည်း။
ထာဝရဘုရားသည် ငါ့အား``ဘုရင်နှင့်သူ့ မယ်တော်၏လှပသောသရဖူများသည် မိမိ တို့ဦးခေါင်းမှပြုတ်ကျပြီဖြစ်၍ သူတို့ အားမိမိတို့၏ရာဇပလ္လင်များမှဆင်း ကြရန်ပြောကြားလော့။-
ကျွန်တော်မျိုးတို့တွင်ဂုဏ်ယူဝါကြွားစရာ တစ်ခုမျှမကျန်ရှိတော့ပါ။ ကျွန်တော်မျိုးတို့သည်အပြစ်ကူးကြသဖြင့် အမင်္ဂလာရှိကြပါ၏။
ဤကားငါအရှင်ထာဝရဘုရားမိန့်တော်မူ သောစကားဖြစ်၏။ သင်၏ရာဇသရဖူနှင့် ဦးရစ်ကိုချွတ်လိုက်လော့။ အခြေအနေအား လုံးပြောင်းလဲသွားလေပြီ။ ဆင်းရဲသူတို့ အားတန်ခိုးအာဏာပေးအပ်၍ တန်ခိုး အာဏာရှိသူတို့ကိုနိမ့်ကျစေအံ့။-
ထာဝရဘုရားအမျက်ထွက်တော်မူရာ ထိုကာလ၌ထိုသူတို့သည် မိမိတို့၏ရွှေ ငွေရှိသမျှကိုစုပုံပေးသော်လည်းအသက် ချမ်းသာရာရကြလိမ့်မည်မဟုတ်။ ကမ္ဘာ မြေပြင်တစ်ခုလုံးသည်ကိုယ်တော်၏ အမျက်တော်မီးသင့်၍ဆုံးရှုံးပျက်စီး သွားလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာမြေ ပေါ်တွင်နေထိုင်သူမှန်သမျှကိုရုတ် တရက်အစတုံးအောင်စီရင်တော်မူ လိမ့်မည်။
ချမ်းသာကြွယ်ဝသောညီအစ်ကိုသည်မိမိ အားဘုရားသခင်နိမ့်ကျစေတော်မူသော အခါဝမ်းမြောက်ရမည်။ အဘယ်ကြောင့်ဆို သော်ချမ်းသာကြွယ်ဝသူတို့သည်တောပန်း ကဲ့သို့ညှိုးနွမ်းပျောက်ပျက်သွားမည်ဖြစ် သောကြောင့်တည်း။-
ယခုမှာမူသင်သည်နန်းသက်ရှည်တော့ မည်မဟုတ်။ သင်သည်မိမိ၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောအမိန့် တော်ကိုလွန်ဆန်သည်ဖြစ်၍ ကိုယ်တော်သည် မိမိလူမျိုးတော်အားအုပ်စိုးစေရန်စိတ် တော်နှင့်တွေ့သူကိုခန့်ထားတော်မူလိမ့် မည်'' ဟုဆို၏။