ထိုအခါကွန်တော်မျိုးသည်မိမိအားစော်ကား သူတို့ကိုပြန်လည်ခေပနိုင်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ကွန်တော်မျိုးသည် နှုတ်ကပတ်တော်ကိုကိုးစားသောကြောင့် ဖြစ်ပါ၏။
သုတ္တံကျမ်း။ 27:11 - Common Language Bible ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင်၊ ငါ့စိတ်ကို ရွှင်လန်းစေလော့။ Garrad Bible ငါ့ သား၊ ငါ့ ကို ကဲ့ ရဲ့ သူ့ အား ငါ ပြန် ချေ ခွင့် ရ စေ ရန်၊ ပ ညာ ရှိ လျက် ငါ့ စိတ် ကို ရွှင် လန်း စေ လော့။ Judson Bible ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင်၊ ငါ့စိတ်ကို ရွှင်လန်းစေလော့။ မြန်မာ့စံမီသမ္မာကျမ်း ငါ့သား၊ ဉာဏ်ပညာရှိလော့။ ငါ၏စိတ်နှလုံးကိုလည်း ဝမ်းမြောက်စေလော့။ သို့ပြုလျှင် ငါ့ကိုကဲ့ရဲ့ပြစ်တင်သောသူအား တုံ့ပြန်ပြောဆိုနိုင်လိမ့်မည်။ |
ထိုအခါကွန်တော်မျိုးသည်မိမိအားစော်ကား သူတို့ကိုပြန်လည်ခေပနိုင်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ကွန်တော်မျိုးသည် နှုတ်ကပတ်တော်ကိုကိုးစားသောကြောင့် ဖြစ်ပါ၏။
အချင်းဘုရင်တို့၊ပညာသတိရှိကြလော့။ အချင်းမင်းအပေါင်းတို့၊သတိမူကြလော့။
ရှောလမုန်မင်း၏ သုတ္တံစကားဟူမူကား၊ ပညာ ရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း၊ မိုက် သောသားမူကား၊ အမိဝမ်းနည်းခြင်းအကြောင်းကို ဖြစ်စေတတ်၏။
ပညာရှိသောသားသည်အဘဝမ်းမြောက်ခြင်း အကြောင်းဖြစ်၏။ မိုက်သောသားမူကား၊ မိမိအမိကို မထီမဲ့မြင်ပြုတတ်၏။
ပျင်းရိသောသူက၊ ငါသည် အကျိုးအကြောင်းကို ပြတတ်သောသူ ခုနစ်ယောက်ထက်သာ၍ ပညာရှိသည် ဟု ကိုယ်ကိုထင်တတ်၏။
သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍၊ ပုန်းရှောင်လျက်နေတတ်၏။ ဥာဏ်တိမ်သောသူမူကား၊ အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။
ပညာတရားကို နှစ်သက်သောသူသည် မိမိ အဘကို ဝမ်းမြောက်စေ၏။ ပြည်တန်ဆာတို့နှင့် ပေါင်း ဘော်သောသူမူကား၊ ဥစ္စာပြုန်းတီးတတ်၏။
ငါ့ညီ၊ သင်၏မေတ္တာသည်ငါ့အားအလွန်ဝမ်း မြောက်စေ၍များစွာအားတက်စေ၏။ သင်သည် ဘုရားသခင်၏လူစုတော်ဝင်အပေါင်းတို့ အားစိတ်ရွှင်လန်းစေလေပြီ။
သင်၏သားသမီးအချို့တို့သည်ခမည်းတော် ဘုရားပညတ်တော်မူခဲ့သည့်အတိုင်း သမ္မာ တရားတော်၌ကျင်လည်လျက်နေကြကြောင်း တွေ့ရသဖြင့်ငါအလွန်ဝမ်းမြောက်၏။-