သူတို့ပြောဆိုသည့်စကားများကြောင့်ပင်လျှင် ကိုယ်တော်သည်သူတို့အားသေကြေပျက်စီး စေတော်မူလိမ့်မည်။ သူတို့ကိုတွေ့မြင်သူအပေါင်းတို့သည် ဦးခေါင်းကိုခါကြလိမ့်မည်။
သုတ္တံကျမ်း။ 26:7 - Common Language Bible သုတ္တံစကားကို မိုက်သောသူ ပြောခြင်းသည် ခြေဆွံ့သောသူ၏ ခြေကြွခြင်း ကဲ့သို့ဖြစ်၏။ Garrad Bible အ ဆစ် လွဲ သူ၏ ခြေ သည် နုန့် နဲ့ သ ကဲ့ သို့ ပုံ ပြင် စ ကား သည်၊ မိုက် မဲ သူ၏ နှုတ်၌ ဖြစ်၏။ Judson Bible သုတ္တံစကားကို မိုက်သောသူ ပြောခြင်းသည် ခြေဆွံ့သောသူ၏ ခြေကြွခြင်းကဲ့သို့ ဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း မိုက်မဲသောသူတို့၏နှုတ်မှသုတ္တံစကားသည် ခြေမသန်စွမ်းသောသူ၏တွဲလျားကျနေသည့် ခြေတို့နှင့်တူ၏။ |
သူတို့ပြောဆိုသည့်စကားများကြောင့်ပင်လျှင် ကိုယ်တော်သည်သူတို့အားသေကြေပျက်စီး စေတော်မူလိမ့်မည်။ သူတို့ကိုတွေ့မြင်သူအပေါင်းတို့သည် ဦးခေါင်းကိုခါကြလိမ့်မည်။
မြတ်သောစကားသည် မိုက်သောသူနှင့် မတော် မသင့်။ ထိုမျှမက၊ မုသာစကားသည် မင်းနှင့်မတော် မသင့်။
မိုက်သောသူကို ချီးမြှောက်ခြင်းသည် ကျောက်ပုံ ၌ ကျောက်မြတ်ကို ပစ်ထားခြင်းကဲ့သို့ ဖြစ်၏။
ကိုယ်တော်က ``သင်တို့သည် `အချင်းဆရာဝန်၊ သင့်ရောဂါကိုသင်ပျောက်အောင်ကုလော့' ဟူ သောဆိုရိုးစကားကိုအသုံးပြုကာငါ့ အားဆိုလိမ့်မည်။ ကပေရနောင်မြို့တွင်အရှင် ပြုခဲ့သည်ဟုအကျွန်ုပ်တို့ကြားသိရသည့် အမှုအရာများကို အရှင့်နေရင်းမြို့တွင် လည်းပြုတော်မူပါဟုငါ့အားမုချပြော ဆိုကြလိမ့်မည်။-