မိုက်သောသူသည် မိမိပြုသောအမှုကို မှန်သည် ဟု ထင်တတ်၏။ အကြံပေးသောစကားကို နားထောင် သော သူမူကားပညာရှိ၏။
သုတ္တံကျမ်း။ 26:16 - Common Language Bible ပျင်းရိသောသူက၊ ငါသည် အကျိုးအကြောင်းကို ပြတတ်သောသူ ခုနစ်ယောက်ထက်သာ၍ ပညာရှိသည် ဟု ကိုယ်ကိုထင်တတ်၏။ Garrad Bible လိ မ္မာ စွာ တုံ့ ပြန် တတ် သူ ခု နစ် ယောက် တို့ ထက်၊ ကိုယ်၌ ပ ညာ ရှိ သည် ဟု၊ ပျင်း ရိ သူ ထင် တတ်၏။ Judson Bible ပျင်းရိသောသူက၊ ငါသည် အကျိုးအကြောင်းကို ပြတတ်သောသူ ခုနစ်ယောက်ထက်သာ၍ ပညာရှိသည်ဟု ကိုယ်ကိုထင်တတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ပျင်းရိသောသူသည် ဆင်ခြင်တုံတရားဖြင့် ဖြေကြားနိုင်သူခုနစ်ဦးထက် ပညာရှိသည်ဟု ကိုယ့်ကိုယ်ကိုယ်ထင်မြင်တတ်၏။ |
မိုက်သောသူသည် မိမိပြုသောအမှုကို မှန်သည် ဟု ထင်တတ်၏။ အကြံပေးသောစကားကို နားထောင် သော သူမူကားပညာရှိ၏။
ငါသည် ပညာရှိ၏ဟု ထင်သောသူရှိလျှင်၊ ထိုသူ၌ မြော်လင့်စရာအခွင့်ရှိသည်ထက်၊ မိုက်သောသူ၌ သာ၍ မြော်လင့်စရာအခွင့်ရှိ၏။
ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင်၊ ငါ့စိတ်ကို ရွှင်လန်းစေလော့။
အချင်းလူပျင်း၊ ပရွက်ဆိတ်ထံသို့သွား၍၊ သူ၏ အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။
သို့ရာတွင်သင်တို့စိတ်နှလုံးတွင်ခရစ်တော် ကိုရိုသေကိုင်းရှိုင်း၍အရှင်သခင်အဖြစ်ဖြင့် ခံယူကြလော့။ သင်တို့ခံယူရရှိသည့်မျှော် လင့်ချက်အကြောင်းကိုစစ်ဆေးမေးမြန်းလာ သူအားအချိန်မရွေးရှင်းလင်းဖော်ပြရန် အသင့်ရှိကြလော့။-