ရှမ္မသည်ပဲခင်းမှမဆုတ်ခွာဘဲခုခံကာ ကွယ်ကာဖိလိတ္တိအမျိုးသားတို့ကိုသတ် ဖြတ်သဖြင့် ထိုနေ့၌ထာဝရဘုရားသည် အောင်ပွဲကြီးကိုခံစေတော်မူ၏။
သုတ္တံကျမ်း။ 21:31 - Common Language Bible စစ်တိုက်ရာကာလအဘို့မြင်းများကို ပြင်ဆင် သော်လည်း၊ ထာဝရဘုရား၏ကျေးဇူးတော်ကြောင့် ချမ်းသာရပါ၏။ Garrad Bible စစ် မှု နေ့ ရက် ကာ လ အ ဖို့၊ မြင်း တပ် ကို ပြင် ဆင် သော် လည်း၊ ထာ ဝ ရ ဘု ရား အား ဖြင့် သာ လျှင် အောင် မြင် လိမ့် မည်။ Judson Bible စစ်တိုက်ရာကာလအဖို့ မြင်းများကိုပြင်ဆင်သော်လည်း၊ ထာဝရဘုရား၏ကျေးဇူးတော်ကြောင့် ချမ်းသာရပါ၏။ မြန်မာ့စံမီသမ္မာကျမ်း စစ်တိုက်ရမည့်နေ့အတွက် မြင်းကိုပြင်ဆင်ထားသော်လည်း အောင်ပွဲသည် ထာဝရဘုရားနှင့်ဆိုင်၏။ |
ရှမ္မသည်ပဲခင်းမှမဆုတ်ခွာဘဲခုခံကာ ကွယ်ကာဖိလိတ္တိအမျိုးသားတို့ကိုသတ် ဖြတ်သဖြင့် ထိုနေ့၌ထာဝရဘုရားသည် အောင်ပွဲကြီးကိုခံစေတော်မူ၏။
ကိုယ်တော်ရှင်သည်ဘုရင်တို့အားစစ်ပွဲအောင်ခွင့်ကို ပေးတော်မူပါ၏။ ကိုယ်တော်ရှင်၏အစေခံဒါဝိဒ်ကို ကယ်ဆယ်တော်မူပါ၏။
ကိုယ်တော်သည်ခွန်အားကြီးမားသောမြင်းတို့ ကိုသော်လည်းကောင်း၊ ရဲစွမ်းသတ္တိရှိသောစစ်သည်တို့ကိုလည်းကောင်း နှစ်သက်တော်မူသည်မဟုတ်။
အချို့သောသူတို့သည်မိမိတို့၏ စစ်ရထားများကိုလည်းကောင်း၊ မြင်းများကိုလည်းကောင်းအားကိုးကြ၏။ သို့ရာတွင်ငါတို့မူကားငါတို့၏ဘုရားသခင် ထာဝရဘုရားကိုအားကိုးကြ၏။
ထိုသူတို့သည်ခြေချော်၍လဲကြလိမ့်မည်။ ငါတို့မူကားထ၍ကြံ့ကြံ့ခိုင်ရပ်တည်ကြ လိမ့်မည်။
သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ကျွန်တော်မျိုး အား ဘေးရန်များမှအစဉ်ကွယ်ကာတော်မူပါ၏။ ကိုယ်တော်သည်ကျွန်တော်မျိုးအားအောင်ပွဲကို ပေးတော်မူလျက်ရဲစွမ်းသတ္တိနှင့်ပြန်လည် ပြည့်ဝစေတော်မူပါ၏။
ထာဝရဘုရားသည်အောင်ပွဲကိုပေးပိုင်သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်၏လူစုတော်အပေါ်သို့ ကောင်းချီးမင်္ဂလာသက်ရောက်ပါစေသော။
ငါတို့၏ဘုရားသည်ကယ်တော်မူသောဘုရား ဖြစ်တော်မူ၏။ ကိုယ်တော်ကားထာဝရဘုရား၊ ငါတို့အားသေဘေးမှကယ်ဆယ်တော် မူသော ငါတို့၏ဘုရားရှင်ဖြစ်တော်မူ၏။
တဖန် နေအောက်မှာရှိသော အမှုအရာတို့ကို ငါပြန်၍ ကြည့်ရှုသောအခါ၊ လျင်မြန်သောသူသည် ပြိုင်၍ ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍ မအောင်တတ်။ ပညာရှိသောသူသည် ဝစွာ မစားတတ်။ ဥာဏ်ကောင်းသောသူသည် စည်းစိမ်ကို မရတတ်။ လိမ္မာသောသူသည် သူတပါးရှေ့၌ မျက်နှာ မရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကို ငါမြင် ၏။
အီဂျစ်ပြည်သို့အကူအညီတောင်းခံရန် သွားရောက်သူတို့သည်အမင်္ဂလာရှိကြ၏။ သူတို့သည်မြင်းများ၊ စစ်ရထားများနှင့် မြင်းစီးသူရဲများတည်းဟူသောအီဂျစ် ပြည်၏ကြီးမားသောစစ်အင်အားကိုမှီခို အားကိုး၍နေကြ၏။ သို့ရာတွင်မြင့်မြတ် သန့်ရှင်းတော်မူသောဣသရေလအမျိုး သားတို့၏ ဘုရားသခင်ထာဝရဘုရား ကိုမူအားမကိုးကြ။ ကူမတော်မူရန် ကိုယ်တော်ကိုလည်းမတောင်းမလျှောက် ကြ။-
တောင်ထိပ်များအပေါ်၌ဝတ်ပြုကိုးကွယ် ခြင်းအားဖြင့် အကျွန်ုပ်တို့အကူအညီမရ ပါ။ ဣသရေလအတွက်အကူအညီကို အကျွန်ုပ်ဘုရားသခင်ထာဝရဘုရား ထံတော်၌သာလျှင်ရရှိနိုင်ပါ၏။-
သို့ရာတွင်အရှင်ယေရှုခရစ်အားဖြင့် ငါတို့ အားသေခြင်းကိုအောင်မြင်ခွင့်ပေးတော်မူ သောဘုရားသခင်၏ကျေးဇူးတော်သည် ကြီးလှစွတကား။