မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။
သုတ္တံကျမ်း။ 21:27 - Common Language Bible မတရားသော သူပူဇော်သော ယဇ်သည် စက်ဆုပ်ရွံ့ရှာဘွယ်ဖြစ်၏။ ထိုမျှမက၊ မတရားသော စိတ်နှင့်ပူဇော်လျှင် သာ၍ဖြစ်၏။ Garrad Bible လူ ဆိုး တို့၏ ပူ ဇော် သ က္ကာ သည်၊ စက် ဆုပ် ရွံ့ ရှာ တော် မူ ဖွယ် ဖြစ်၏။ အ ပြစ် ပြေ လိမ့် မည် ဟု ပူ ဇော် လျှင်၊ သာ၍ ရွံ ရှာ တော် မူ ဖွယ် ဖြစ်၏။ Judson Bible မတရားသောသူပူဇော်သောယဇ်သည် စက်ဆုပ်ရွံရှာဖွယ် ဖြစ်၏။ ထိုမျှမက၊ မတရားသောစိတ်နှင့် ပူဇော်လျှင် သာ၍ဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူ၏ယဇ်ကောင်သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ ထို့ထက်မက ၎င်းကို ဆိုးညစ်သောအကြံဖြင့် ယူဆောင်လာလျှင် ပို၍ပင် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ |
မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။
တရားမနာ၊ လွှဲသွားသောသူသည် ဆုတောင်း သော်လည်း၊ သူ၏ပဌနာစကားသည် စက်ဆုပ်ရွံရှာဘွယ် ဖြစ်၏။
ဘုရားသခင့်အိမ်တော်သို့ သွားသောအခါ၊ သင့်ခြေတို့ကို စောင့်လော့။ လူမိုက်ပြုသော ယဇ်ပူဇော် ခြင်းအမှုထက်၊ တရားနာခြင်းအမှုကိုသာ၍ ကြိုးစား လော့။ လူမိုက်တို့သည် ကိုယ်အပြစ် ကိုမဆင်ခြင်တတ် ကြ။
လူတို့သည်မိမိတို့စိတ်အလိုဆန္ဒအတိုင်း ပြုကျင့်တတ်ကြ၏။ သူတို့အတွက်နွားကို သတ်၍ယဇ်ပူဇော်ခြင်းသည်လူကိုသတ်၍ ပူဇော်ခြင်းနှင့်အတူတူဖြစ်၏။ သိုးကိုပူ ဇော်ခြင်းနှင့်ခွေးကိုပူဇော်ခြင်းအတူတူ ဖြစ်၏။ သီးနှံပူဇော်သကာသည်ဝက်သွေး ပူဇော်သကာနှင့်တူ၏။ နံ့သာပေါင်းကိုမီး ရှို့ပူဇော်ခြင်းသည်ရုပ်တုရှေ့တွင်ဆုတောင်း ခြင်းနှင့်အတူတူပင်ဖြစ်သည်။ သူတို့သည် စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့်အရာများ ၌မွေ့လျော်တတ်ကြ၏။-
ရှေဘပြည်မှသူတို့ယူဆောင်လာသောလော်ဗန် ကိုသော်လည်းကောင်း၊ ဝေးလံရပ်ခြားမှယူဆောင် လာသည့်နံ့သာပေါင်းကိုသော်လည်းကောင်းငါ အလိုမရှိ။ သူတို့၏ပူဇော်သကာများကိုငါ လက်မခံ၊ သူတို့ယဇ်ပူဇော်ခြင်းများကိုငါ မနှစ်သက်'' ဟုမိန့်တော်မူ၏။-
ထိုအခါမောရှေသည်သူတို့ကိုအလွန် အမျက်ထွက်၍ ထာဝရဘုရားအား``ဤသူ တို့ဆက်သသောပူဇော်သကာကိုလက်ခံ တော်မမူပါနှင့်။ အကျွန်ုပ်သည်သူတို့တစ် ဦးတစ်ယောက်ကိုမျှမတော်မတရားမပြု လုပ်ခဲ့ပါ။ သူတို့ထံမှမြည်းတစ်ကောင်မျှ မသိမ်းမယူခဲ့ပါ'' ဟုလျှောက်ထားလေ၏။
``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ လူတို့ကောင်းကင် နိုင်ငံတော်သို့ဝင်မည်ပြုသောအခါသင်တို့သည် တံခါးပိတ်လိုက်ကြ၏။ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်ရန်ကြိုးစားသူများကိုလည်းဝင်ခွင့်မပြုကြ။