အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ခံတွင်းအတွက် အစောင့်အကြပ်ကိုလည်းကောင်း၊ ကျွန်တော်မျိုး၏နှုတ်ဝတွင်ကင်းစောင့် ကိုလည်းကောင်းထားရှိတော်မူပါ။
သုတ္တံကျမ်း။ 21:23 - Common Language Bible မိမိနှုတ်နှင့်လျှာကိုစောင့်သော သူသည် မိမိ စိတ်ဝိညာဉ်ကို ဒုက္ခနှင့်လွတ်စေခြင်းငှါ စောင့်ရာရောက် ၏။ Garrad Bible နှုတ် လျှာ ကို စောင့် စည်း သော သူ သည်၊ ကိုယ့် အ သက် ကို ဒု က္ခ မှ ကွယ် ကာ စောင့် ရှောက် ရာ ရောက်၏။ Judson Bible မိမိနှုတ်နှင့်လျှာကို စောင့်သောသူသည် မိမိစိတ်ဝိညာဉ်ကို ဒုက္ခနှင့်လွတ်စေခြင်းငှာ စောင့်ရာရောက်၏။ မြန်မာ့စံမီသမ္မာကျမ်း မိမိနှုတ်နှင့် လျှာကို စောင့်ထိန်းသောသူသည် မိမိအသက်ကို ဆင်းရဲဒုက္ခမှ စောင့်ထိန်းသောသူဖြစ်၏။ |
အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ခံတွင်းအတွက် အစောင့်အကြပ်ကိုလည်းကောင်း၊ ကျွန်တော်မျိုး၏နှုတ်ဝတွင်ကင်းစောင့် ကိုလည်းကောင်းထားရှိတော်မူပါ။
စကားလွန်ကျူးရာတွင် ဆိုးသောကျော့ကွင်း ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ အမှုထဲက ထမြောက် တတ်၏။
မိမိနှုတ်ကိုစောင့်သောသူသည် မိမိအသက်ကို စောင့်၏။ မိမိနှုတ်ကို ကျယ်ကျယ်ဖွင့်သောသူမူကား၊ ပျက်စီးခြင်းသို့ရောက်တတ်၏။
ဖြောင့်မတ်သော သူလိုက်သောလမ်းမူကား၊ ဒုစရိုက်ကိုရှောင်ခြင်းတည်း။ ထိုလမ်းမှ မလွှဲဘဲ အမြဲလိုက် သောသူသည် မိမိအသက်ဝိညာဉ်ကို စောင့်တတ်၏။
လျှာသည်အသက်သေခြင်းနှင့် ရှင်ခြင်းကို အစိုးရ ၏။ လျှာကို နှစ်သက်သောသူသည်လည်း၊ လျှာ၏အသီးကို စားရ၏။
လူတစ်စုံတစ်ယောက်သည်မိမိကိုယ်ကို ဘုရားတရားကြည်ညိုသူဟူ၍ယူဆ သော်လည်း မိမိ၏လျှာကိုမထိန်းနိုင်လျှင် ကိုယ့်ကိုယ်ကိုလှည့်စားသူဖြစ်၏။ သူ၏ဘုရား တရားကြည်ညိုမှုသည်လည်းအချည်းနှီး ပင်ဖြစ်၏။-