ထာဝရဘုရားကိုကြောက်ရွံ့ရိုသေသောသူ တို့သည် မိမိတို့လျှောက်အပ်သည့်လမ်းစဉ်ကို ကိုယ်တော်၏ထံမှသင်ယူကြလိမ့်မည်။
သုတ္တံကျမ်း။ 20:24 - Common Language Bible လူသွားရာလမ်းတို့ကို ထာဝရဘုရား စီရင်တော် မူ၏။ သို့ဖြစ်၍ သူသည် မိမိသွားရာလမ်းတို့ကို အဘယ် သို့ နားလည်နိုင်သနည်း။ Garrad Bible သူ တော် ကောင်း၏ ခြေ ရာ များ ကို၊ ထာ ဝ ရ ဘု ရား စီ စဉ် တော် မူ လျက် နှင့်၊ ကိုယ် သွား ရာ လမ်း ကို မည် သို့ နား လည် နိုင် သ နည်း။ Judson Bible လူသွားရာလမ်းတို့ကို ထာဝရဘုရားစီရင်တော်မူ၏။ သို့ဖြစ်၍ သူသည် မိမိသွားရာလမ်းတို့ကို အဘယ်သို့ နားလည်နိုင်သနည်း။ မြန်မာ့စံမီသမ္မာကျမ်း လူ၏ခြေလှမ်းတို့ကို ထာဝရဘုရားစီရင်တော်မူ၏။ သို့ဖြစ်၍ လူသည် မိမိသွားရာလမ်းကို မည်သို့သိရှိနားလည်နိုင်မည်နည်း။ |
ထာဝရဘုရားကိုကြောက်ရွံ့ရိုသေသောသူ တို့သည် မိမိတို့လျှောက်အပ်သည့်လမ်းစဉ်ကို ကိုယ်တော်၏ထံမှသင်ယူကြလိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏နည်းလမ်းတော်တို့ကို ကျွန်တော်မျိုးအားသွန်သင်တော်မူပါ။ ယင်းတို့ကိုကျွန်တော်မျိုးအားသိရှိနားလည် စေတော်မူပါ။
ထာဝရဘုရားသည်လူတို့လိုက်လျှောက်အပ်သည့် လမ်းကိုပြညွှန်တော်မူ၏။ ကိုယ်တော်နှစ်သက်တော်မူသောသူတို့ကို ကွယ်ကာတော်မူ၏။
ပညာသတိရှိသော သူ၏ပညာကား၊ ကိုယ်သွား ရသော လမ်းကို သိခြင်းတည်း။ မိုက်သောသူ၏ မိုက်ခြင်း မူကား၊ ပရိယာယ်တည်း။
စိတ်နှလုံးအကြံအစည်တို့သည် လူနှင့်ဆိုင်ကြ၏။ လျှာနှင့်ပြန်ပြောချက်ကိုကား၊ ထာဝရဘုရားပိုင်တော် မူ၏။
လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည် ၏။ သို့သော်လည်း သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏။
အို ထာဝရဘုရား၊အဘယ်သူမျှမိမိ၏ ကံကြမ္မာကို ဖန်တီး၍မရကြောင်းကျွန်တော်မျိုးသိ ပါ၏။ အဘယ်သူမျှမိမိဘဝကိုအစိုးမရပါ။
ကောင်းကင်ဘုံရှင်ကိုဆန့်ကျင်ဘက်ပြု၍ ဗိမာန်တော်မှရွှေဖလားများကိုရှေ့တော် သို့ယူစေတော်မူခဲ့ပါ၏။ အရှင်နှင့်တကွ အရှင့်မှူးမတ်များ၊ မိဖုရားများ၊ မောင်း မမိဿံများသည်ထိုရွှေဖလားများတွင် စပျစ်ရည်ကိုထည့်၍သောက်ပြီးလျှင် မျက်စိ မမြင်၊ နားမကြား၊ အဘယ်အရာကိုမျှ မသိသောရွှေ၊ ငွေ၊ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်တို့နှင့်လုပ်သောဘုရားများကို ထောမနာပြုကြပေသည်။ သို့ရာတွင် အရှင်သည်မိမိ၏အသက်ကိုလည်းကောင်း၊ မိမိပြုသောအမှုကိစ္စမှန်သမျှကို လည်းကောင်းစိုးပိုင်တော်မူသောဘုရားသခင်၏ဂုဏ်တော်ကိုကားချီးမွမ်းတော် မမူပါ။-