သို့ရာတွင်လူအပေါင်းတို့သည်လမ်းလွဲ ကြကုန်လေပြီ။ သူတို့အားလုံးပင်တညီတညွတ်တည်း ဆိုးညစ်ကြ၏။ သူတို့တွင်အကျင့်ကောင်းကိုပြုကျင့်သူမရှိ။ တစ်ဦးတစ်ယောက်မျှမရှိ။
သုတ္တံကျမ်း။ 2:13 - Common Language Bible ဖြောင့်မတ်သောလမ်းကိုစွန့်၍၊ မိုက်မဲသော လမ်းသို့လိုက်သောသူ၊ Judson Bible ဖြောင့်မတ်သောလမ်းကိုစွန့်၍၊ မိုက်မဲသောလမ်းသို့ လိုက်သောသူ၊ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဖြောင့်မှန်သောလမ်းစဉ်တို့ကိုစွန့်ပယ်၍ မှောင်မိုက်သောလမ်းတို့၌ လျှောက်လှမ်းသောသူများ၊ |
သို့ရာတွင်လူအပေါင်းတို့သည်လမ်းလွဲ ကြကုန်လေပြီ။ သူတို့အားလုံးပင်တညီတညွတ်တည်း ဆိုးညစ်ကြ၏။ သူတို့တွင်အကျင့်ကောင်းကိုပြုကျင့်သူမရှိ။ တစ်ဦးတစ်ယောက်မျှမရှိ။
သူပြောဆိုသောစကားသည်ညစ်ညမ်း၍ မုသားအတိဖြစ်၏။ သူသည်အကျင့်ကောင်းကိုမပြုတော့ပြီ၊ ပညာသတိလည်းမရှိတော့ပြီ။
``သင်တို့သည်အသိဉာဏ်ကင်းမဲ့လျက်လွန်စွာပင် မိုက်မဲကြပါသည်တကား။ သင်တို့သည်လုံးဝအကျင့်ပျက်ကြပြီ။ တရားမျှတမှုသည်ကမ္ဘာလောကမှ ကွယ်ပျောက်သွားလေပြီ။
မတရားသောသူတို့၏လမ်းမူကား၊ မှောင်မိုက် ကဲ့သို့ဖြစ်၍၊ သူတို့သည် လဲသောအခါ၊ အဘယ်အရာကို တိုက်မိသည်ဟု မသိရကြ။
သင်တို့ရောက်ရှိနေချိန်၌လည်းအဘယ်သူ မျှအသက်စည်းစိမ်လုံခြုံမှုမရှိ။ သင်တို့ ပြုသောအမှုမှန်သမျှသည်မတရား သောအမှုများဖြစ်၏။ သင်တို့သည်လမ်း ကောက်ကိုလိုက်တတ်ကြ၏။ ထိုလမ်းကို လိုက်သောသူတိုင်းအဘယ်အခါ၌မျှ ဘေးမဲ့လုံခြုံမှုရှိလိမ့်မည်မဟုတ်။
သူတော်ကောင်းသည်ကောင်းမှုကိုရပ်စဲ၍ ဆိုးညစ်မှုကိုပြုပြီးနောက်သေသွားလျှင် ထိုသူသည်မိမိပြုခဲ့သည့်ဆိုးညစ်မှု ကြောင့်သေရခြင်းဖြစ်၏။-
ငါ့နောက်သို့မလိုက်တော့ဘဲ လှည့်၍ထွက် ခွာသွားသူများအားလည်းကောင်း၊ ငါ့ထံ မချဉ်းကပ် ငါ၏ပို့ဆောင်လမ်းပြမှုကို လည်းမတောင်းခံသူများအားလည်းကောင်း ငါသုတ်သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။
ဘုရားသခင်သည်ယောဟန်ဆိုသူအားမိမိ ၏စေတမန်အဖြစ်ဖြင့်စေလွှတ်တော်မူ၏။-
သခင်ယေရှုကလည်း ``အလင်းသည်သင်တို့ တွင်ခဏသာရှိပေတော့မည်။ သင်တို့အား အမှောင်မဖုံးလွှမ်းစေရန် အလင်းရှိစဉ်အခါ သွားလာကြလော့။ အမှောင်တွင်သွားလာသူ သည်မိမိအဘယ်အရပ်သို့သွားလာသည် ကိုမသိ။-
သူတို့သည်ဘုရားသခင်ကိုသိကြသော် လည်း ကိုယ်တော်၏ဂုဏ်တော်ကျေးဇူးတော်ကို ချီးမွမ်းသင့်လျက်နှင့်မချီးမွမ်းကြ။ ချီးမွမ်း မည့်အစားအကျိုးမဲ့သည့်အရာများကို သာ တွေးတောဆင်ခြင်လျက်နေကြ၏။ သူတို့ ၏အသိဉာဏ်ကင်းမဲ့သည့်စိတ်နှလုံးများ သည်လည်းအမှောင်ဖုံး၍နေ၏။-
ဒေမသည်ဤလောကကိုစွဲလမ်းသဖြင့်ငါ့ကို စွန့်ခွာ၍သက်သာလောနိတ်မြို့သို့ထွက်ခွာသွား လေသည်။ ကရက္ကေသည်ဂလာတိပြည်သို့လည်း ကောင်း၊ တိတုသည်ဒါလမာတိပြည်သို့လည်း ကောင်းသွားပြီ။-
ထိုသူတို့သည်အမှန်စင်စစ်အဘယ်အခါကမျှ ငါတို့မိတ်သဟာယတွင်မပါဝင်ခဲ့ကြသဖြင့် ငါတို့ထံမှထွက်ခွာသွားကြ၏။ အကယ်၍သူ တို့သည်ငါတို့မိတ်သဟာယတွင်ပါဝင်ခဲ့ပါမူ ငါတို့နှင့်အတူရှိနေကြမည်ဖြစ်၏။ သူတို့ သည်အမှန်ပင်ငါတို့မိတ်သဟာယတွင်မပါ ဝင်ကြောင်းသိသာထင်ရှားစေရန် သူတို့သည် ငါတို့ထံမှထွက်ခွာသွားကြ၏။