ရှောလမုန်မင်း၏ သုတ္တံစကားဟူမူကား၊ ပညာ ရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း၊ မိုက် သောသားမူကား၊ အမိဝမ်းနည်းခြင်းအကြောင်းကို ဖြစ်စေတတ်၏။
သုတ္တံကျမ်း။ 19:26 - Common Language Bible အဘဥစ္စာကိုဖြုန်း၍ အမိကိုနှင်ထုတ်သော သားသည် အရှက်ခွဲသောသား၊ ကဲ့ရဲ့ခြင်းကိုခံစေသောသားဖြစ်၏။ Garrad Bible အ ဘ ကို နှိပ် စက်၍ အ မိ ကို လွင့် ပါး စေ သော သား သည်၊ ကျိုး ယုတ် ရှက် ကွဲ ခြင်း ကို ရ စေ တတ်၏။ Judson Bible အဘဥစ္စာကိုဖြုန်း၍ အမိကို နှင်ထုတ်သောသားသည် အရှက်ခွဲသောသား၊ ကဲ့ရဲ့ခြင်းကို ခံစေသောသားဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း ဖခင်အပေါ်ကြမ်းကြုတ်စွာပြုမူပြီး မိခင်ကိုနှင်ထုတ်သောသားသည် အရှက်ကွဲစေသောသား၊ မျက်နှာပျက်စေသောသားဖြစ်၏။ |
ရှောလမုန်မင်း၏ သုတ္တံစကားဟူမူကား၊ ပညာ ရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း၊ မိုက် သောသားမူကား၊ အမိဝမ်းနည်းခြင်းအကြောင်းကို ဖြစ်စေတတ်၏။
အသီးသီးသောအချိန်၌ သိမ်းယူသောသူသည် ပညာရှိသောသား ဖြစ်၏။ စပါးရိတ်ရာကာလ၌ အိပ် တတ်သောသူမူကား၊ အရှက်ခွဲတတ်သောသားဖြစ်၏။
အစဉ်မပြတ် ကြောက်ရွံ့သောသူသည် မင်္ဂလာ ရှိ၏။ မိမိစိတ်နှလုံးကို ခိုင်မာစေသောသူမူကား၊ ဘေး ဥပဒ်နှင့်တွေ့လိမ့်မည်။
တရားကိုစောင့်သောသူသည် ပညာရှိသော သားဖြစ်၏။ စားကြူးသောသူတို့နှင့် ပေါင်းဘော်သောသူ မူကား၊ မိမိအဘကို အရှက်ခွဲတတ်၏။
အဘကိုကျီစားသောသူ၊ အမိ စကားကိုနားမထောင်၊ မထီမဲ့မြင်ပြုသောသူ၏ မျက်စိကို ချိုင့်၌ကျင်လည် သောကျီးအတို့သည် နှိုက်ကြလိမ့်မည်။ ရွှေလင်းတသငယ်တို့သည်လည်း စားကြလိမ့်မည်။
အဖ၏ဥစ္စာပစ္စည်းများကိုပြည့်တန်ဆာများ နှင့်ပျော်ပါးဖြုန်းတီးပစ်သည့်သားပြန်လာ သောအခါ၌မူ သူ့အတွက်ဆူဖြိုးအောင် ကျွေးထားသောနွားကလေးကိုသတ်ပါ သည်တကား' ဟုဆို၏။-