ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ ရောက်၏။ သားကိုချစ်သောသူမူကား၊ ငယ် သောအရွယ်မှစ၍ ဆုံးမတတ်၏။
သုတ္တံကျမ်း။ 19:18 - Common Language Bible မြော်လင့်စရာရှိစဉ်အခါ၊ ကိုယ်သားကို ဆုံးမ လော့။ သူ့ကိုအကျိုးနည်းအောင် သနားသောစိတ်မရှိစေ နှင့်။ Garrad Bible မျှော် လင့် ရန် ရှိ သေး စဉ် အ ခါ၊ သား ကို ဆုံး မ လော့။ ဖျက် ဆီး ရန် စွဲ လမ်း သော စိတ် မ ထား နှင့်။ Judson Bible မျှော်လင့်စရာရှိစဉ်အခါ၊ ကိုယ်သားကို ဆုံးမလော့။ သူ့ကိုအကျိုးနည်းအောင် သနားသောစိတ် မရှိစေနှင့်။ မြန်မာ့စံမီသမ္မာကျမ်း မျှော်လင့်ခြင်းရှိစဉ်အခါ သင်၏သားကိုပဲ့ပြင်လော့။ သူ့ကိုသေခြင်းသို့ရောက်စေလိုသည့် စိတ်ထားမျိုးမရှိစေနှင့်။ |
ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ ရောက်၏။ သားကိုချစ်သောသူမူကား၊ ငယ် သောအရွယ်မှစ၍ ဆုံးမတတ်၏။
ဒေါသအမျက်ကြီးသောသူသည် အပြစ်ဒဏ်ကို ခံရလိမ့်မည်။ သူ့ကိုကယ်နှုတ်လျှင် အဖန်ဖန်ကယ်နှုတ် ရမည်။
မိုက်သောသဘောသည် သူငယ်၏ စိတ်နှလုံး ထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း၊ ဆုံးမသော ကြိမ်လုံးသည် ထိုသဘောကို ဝေးစွာ နှင်တတ်၏။
ကြိမ်လုံးနှင့်ရိုက်ခြင်း၊ နှုတ်နှင့်ဆုံးမခြင်းအားဖြင့် ပညာတိုးပွါးတတ်၏။ တတ်တိုင်းနေစေသော သူငယ်သည် အမိကို အရှက်ခွဲတတ်၏။
သင်၏သားကို ဆုံးမလော့။ သို့ပြုလျှင် သူသည် သင့်ကို ချမ်းသာပေးမည်။ ထိုမျှမက စိတ်ရွှင်လန်းစရာ အခွင့်ကို ပေးမည်။