``ငါ့ညီယောနသန်၊ငါသည်သင့်အတွက် ဝမ်းနည်းကြေကွဲပါ၏။ ငါသည်သင့်ကိုလွန်စွာချစ်မြတ်နိုးပါ၏။ ငါ့အပေါ်၌သင်ထားရှိသောမေတ္တာသည် အံ့သြဖွယ်ကောင်း၍ အမျိုးသမီးတို့၏မေတ္တာထက်ပင်လွန်ကဲ ပါပေသည်။
သုတ္တံကျမ်း။ 18:24 - Common Language Bible အပေါင်းအဘော်များသောသူသည် အကျိုး နည်းရှိတတ်၏။ မိတ်ဆွေမူကား၊ ညီအစ်ကိုစွဲကပ်သည် ထက် သာ၍ စွဲကပ်တတ်၏။ Garrad Bible အ ပေါင်း အ ဖော် များ သော သူ သည်၊ ကိုယ် ကျိုး မ ရှိ သော် လည်း၊ ညီ အစ် ကို ရင်း ချာ ထက်၊ ခင် တွယ် တတ် သော မိတ် ဆွေ ရှိ သေး ၏။ Judson Bible အပေါင်းအဖော်များသောသူသည် အကျိုးနည်းရှိတတ်၏။ မိတ်ဆွေမူကား၊ ညီအစ်ကိုစွဲကပ်သည်ထက် သာ၍ စွဲကပ်တတ်၏။ မြန်မာ့စံမီသမ္မာကျမ်း အပေါင်းအသင်းများသောသူသည် ပျက်စီးတတ်၏။ သို့ရာတွင် ညီအစ်ကိုထက် ပို၍ခင်တွယ်တတ်သောမိတ်ဆွေလည်း ရှိ၏။ |
``ငါ့ညီယောနသန်၊ငါသည်သင့်အတွက် ဝမ်းနည်းကြေကွဲပါ၏။ ငါသည်သင့်ကိုလွန်စွာချစ်မြတ်နိုးပါ၏။ ငါ့အပေါ်၌သင်ထားရှိသောမေတ္တာသည် အံ့သြဖွယ်ကောင်း၍ အမျိုးသမီးတို့၏မေတ္တာထက်ပင်လွန်ကဲ ပါပေသည်။
သို့ရာတွင်အိတ္တဲက``အရှင်မင်းကြီး၊ အကျွန်ုပ် သည်သေရမည်ဆိုသော်လည်း အရှင်မင်းကြီး သွားလေရာရာသို့အစဉ်လိုက်မည်ဖြစ်ကြောင်း ထာဝရဘုရား၏နာမတော်ကိုတိုင်တည် ကျိန်ဆိုပါ၏'' ဟုပြန်လည်လျှောက်ထား၏။
အဗရှလုံက``သင်၏အဆွေတော်အပေါ်၌ ထားရှိသည့်ကျေးဇူးသစ္စာစကားအဘယ်သို့ ဖြစ်လေပြီနည်း။ သင်သည်အဘယ်ကြောင့်သူ နှင့်အတူလိုက်မသွားပါသနည်း'' ဟုမေး၏။
ဒါဝိဒ်သည်ဘုရားသခင်၏ရှေ့တော်တွင် ယော နသန်နှင့်မိမိပြုခဲ့သည့်သစ္စာကတိကို ထောက်၍ ယောနသန်၏သား၊ ရှောလု၏မြေး မေဖိဗောရှက်၏အသက်ကိုချမ်းသာ ပေး၍၊-
ကိုယ်အဆွေခင်ပွန်းနှင့် အဘ၏ အဆွေခင်ပွန်း ကို မစွန့်နှင့်။ အမှုရောက်သောကာလ၌၊ ညီအစ်ကို အိမ်သို့မသွားနှင့်။ နီသောအိမ်နီးချင်းသည် ဝေးသော ညီအစ်ကိုထက် သာ၍ကောင်း၏။
နံ့သာဆီနှင့် နံ့သာရည်သည် ရွှင်လန်းစေသကဲ့ သို့၊ ကြည်ညိုသောစိတ်နှင့် အကြံပေးတတ်သော အဆွေ ခင်ပွန်း၏ ချစ်ဘွယ်သော လက္ခဏာသည် ရွှင်လန်းစေ တတ်၏။
ရှောလုနှင့်ဒါဝိဒ်တို့စကားပြောပြီးသည့် နောက်ရှောလု၏သားယောနသန်သည် ဒါဝိဒ် အပေါ်တွင်လွန်စွာချစ်ခင်စွဲလန်းလျက် သူ့အားမိမိကိုယ်နှင့်အမျှချစ်လာ၏။-
ယောနသန်သည်ဒါဝိဒ်ကိုလွန်စွာချစ်သဖြင့် သူနှင့်ရာသက်ပန်မိတ်ဆွေဖွဲ့ရန်ကျိန်ဆို ကတိပြုလေသည်။-