အို ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ် သည်အသက်အရွယ်ငယ်၍တိုင်းပြည်ကို မအုပ်စိုးတတ်သော်လည်း ကိုယ်တော်ရှင်သည် အကျွန်ုပ်အားခမည်းတော်အရိုက်အရာ ကိုဆက်ခံစေ၍နန်းတင်တော်မူပါပြီ။-
သုတ္တံကျမ်း။ 18:12 - Common Language Bible ပျက်စီးခြင်းအရင်၌လူသည် စိတ်မြင့်ခြင်း၏ နေရာ၊ ဂုဏ်အသရေ အရင်၌နှိမ့်ချခြင်း၏နေရာရှိ၏။ Garrad Bible ကျိုး ပျက် ခြင်း ခြင်း မ တိုင် မီ၊ လူ သည် စိတ် နေ မြင့် တတ်၏။ ဂုဏ် အ သ ရေ အ ရင် လည်း၊ နှိမ့် ချ ခြင်း တည် ရာ ၏။ Judson Bible ပျက်စီးခြင်းအရင်၌ လူသည် စိတ်မြင့်ခြင်း၏နေရာ၊ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ပျက်စီးခြင်း၏ရှေ့ပြေးသည် လူ၏ဘဝင်မြင့်ခြင်းဖြစ်၏။ ဂုဏ်သရေ၏ရှေ့ပြေးကား စိတ်နှိမ့်ချခြင်းဖြစ်၏။ |
အို ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ် သည်အသက်အရွယ်ငယ်၍တိုင်းပြည်ကို မအုပ်စိုးတတ်သော်လည်း ကိုယ်တော်ရှင်သည် အကျွန်ုပ်အားခမည်းတော်အရိုက်အရာ ကိုဆက်ခံစေ၍နန်းတင်တော်မူပါပြီ။-
ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် ပညာကိုသွန်သင်ခြင်းဖြစ်၏။ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။
ကိုယ်တော်က``အချင်းလူသား၊ တုရုဘုရင် အားငါအရှင်ထာဝရဘုရား၏အမိန့် တော်ကိုဆင့်ဆိုရမည်မှာ သင်သည်မာန် မာနထောင်လွှားလျက်မိမိကိုယ်ကိုဘုရား ဟူ၍ပင်လယ်ဝိုင်းရံ၍နေသောရာဇပလ္လင် ပေါ်တွင် ဘုရားကဲ့သို့ထိုင်လျက်နေရသည် ဟုဆိုလေသည်။ သင်သည်ဘုရားနည်းတူ ပညာရှိသည်ဟုထင်သော်လည်း သင်သည် ဘုရားမဟုတ်။ အမှန်ပင်မဟုတ်။ လူသား မျှသာဖြစ်၏။-
သင့်ကိုသတ်မည့်သူတို့ရှေ့တွင် သင်သည် ဘုရားဖြစ်သည်ဟုဆိုဦးမည်လော။ သူတို့ သင့်ကိုသတ်ရန်လာကြသောအခါ သင်သည် ဘုရားမဟုတ်တော့ဘဲလူသားမျှသာဖြစ် ရပေတော့အံ့။-
အီဂျစ်ပြည်သည်လူသူဆိတ်ငြိမ်ရာအရပ် ဖြစ်လိမ့်မည်။ ထိုအခါငါသည်ဘုရားသခင် ဖြစ်တော်မူသည်ကိုသင်တို့သိရှိရလိမ့် မည်။'' ``နိုင်းမြစ်သည်သင်၏ကိုယ်ပိုင်ပစ္စည်း၊ သင်ဖန် ဆင်းသောအရာဖြစ်သည်ဟုဆိုသဖြင့်၊-
ငါသည်ဆက်လက်၍ဆုတောင်းပတ္ထနာပြု ကာ မိမိ၏အပြစ်များကိုလည်းကောင်း၊ မိမိ ၏လူမျိုးဖြစ်သောဣသရေလအမျိုးသား တို့၏အပြစ်များကိုလည်းကောင်းဖော်ပြ ဝန်ခံလျက် ကိုယ်တော်၏သန့်ရှင်းမြင့်မြတ် သောဗိမာန်တော်ကိုပြန်လည်တည်ဆောက် ပေးတော်မူရန် ငါ၏ဘုရားသခင်ထာဝရ ဘုရားအားအသနားခံလျက်နေ၏။-
သင်သည်ဘုရားသခင်အားစတင်အသ နားခံသောအခါ ကိုယ်တော်သည်သင့်ပတ္ထနာ ကိုနားထောင်တော်မူ၏။ ကိုယ်တော်သည်သင့် အားချစ်မြတ်နိုးတော်မူသည်ဖြစ်၍ ကိုယ် တော်၏ဖြေကြားချက်ကိုသင့်အားဖော် ပြရန် ငါ့ကိုစေလွှတ်တော်မူသည်။ ဗျာဒိတ် ရူပါရုံအကြောင်းကိုငါရှင်းလင်းဖော်ပြ နေစဉ်ဂရုပြု၍နားထောင်လော့။
မိမိကိုယ်ကိုချီးမြှောက်သူသည်နှိမ့်ချခြင်း ကိုခံရလိမ့်မည်။ မိမိကိုယ်ကိုနှိမ့်ချသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်'' ဟုမိန့်တော် မူ၏။
ထိုနည်းတူစွာသင်တို့လူငယ်လူရွယ်များသည် လူကြီးတို့၏စကားကိုနားထောင်ရကြမည်။ သင်တို့အားလုံးပင်နှိမ့်ချသောစိတ်တည်းဟူ သောတန်ဆာကိုဆင်လျက်တစ်ဦး၏အစေကို တစ်ဦးခံရကြမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတော်တွင်``ဘုရားသခင်သည်မာန ကြီးသူကိုဆီးတားတော်မူ၏။ သို့ရာတွင် စိတ်နှိမ့်ချသူကိုမူကားကျေးဇူးပြုတော် မူ၏'' ဟုဖော်ပြပါရှိသောကြောင့်တည်း။-