ဒါဝိဒ်မင်းသည်အဗရှလုံအတွက်ငိုကြွေး မြည်တမ်းလျက်နေကြောင်း ယွာဘထံသို့ သတင်းရောက်ရှိလာ၏။-
သုတ္တံကျမ်း။ 17:25 - Common Language Bible မိုက်သော သူသည် အဘဝမ်းနည်းစရာ အကြောင်း၊ မွေးသော အမိစိတ်ညစ်စရာအကြောင်း ဖြစ်၏။ Garrad Bible မိုက် မဲ သော သား သည်၊ အ ဘ၏ ပူ ဆွေး ရာ၊ မွေး ဖွား ရ သော အ မိ၏ စိတ် နာ ရာ အ ကြောင်း ဖြစ်၏။ Judson Bible မိုက်သောသူသည် အဘဝမ်းနည်းစရာအကြောင်း၊ မွေးသောအမိ စိတ်ညစ်စရာအကြောင်းဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း မိုက်မဲသောသားသည် သူ၏ဖခင်အတွက် ပူဆွေးစရာဖြစ်၍ သူ့ကိုမွေးဖွားသောသူအတွက် ခါးသီးစရာဖြစ်၏။ |
ဒါဝိဒ်မင်းသည်အဗရှလုံအတွက်ငိုကြွေး မြည်တမ်းလျက်နေကြောင်း ယွာဘထံသို့ သတင်းရောက်ရှိလာ၏။-
ရှောလမုန်မင်း၏ သုတ္တံစကားဟူမူကား၊ ပညာ ရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း၊ မိုက် သောသားမူကား၊ အမိဝမ်းနည်းခြင်းအကြောင်းကို ဖြစ်စေတတ်၏။
ပညာရှိသောသားသည်အဘဝမ်းမြောက်ခြင်း အကြောင်းဖြစ်၏။ မိုက်သောသားမူကား၊ မိမိအမိကို မထီမဲ့မြင်ပြုတတ်၏။
မိုက်သောသူကို ဖြစ်ဘွားစေသောသူသည် မိမိကို မိမိဝမ်းနည်းစေတတ်၏။ မိုက်သောသူ၏အဘ၌ ဝမ်းမြောက်စရာအကြောင်းမရှိ။
မိုက်သော သားသည် အဘဆင်းရဲစရာ အကြောင်းဖြစ်၏။ ရန်တွေ့တတ်သောမယားသည်လည်း၊ အစက်စက်ကျသော မိုဃ်းပေါက်နှင့်တူ၏။
ကြိမ်လုံးနှင့်ရိုက်ခြင်း၊ နှုတ်နှင့်ဆုံးမခြင်းအားဖြင့် ပညာတိုးပွါးတတ်၏။ တတ်တိုင်းနေစေသော သူငယ်သည် အမိကို အရှက်ခွဲတတ်၏။