အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သုတ္တံကျမ်း။ 17:22 - Common Language Bible

စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကိုသွေ့ခြောက်စေတတ်၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ရွှင် လန်း သော နှ လုံး သည်၊ ကာ ယ သန် မာ ခြင်း အ ကြောင်း၊ ကြေ ကွဲ သော စိတ် မူ ကား၊ အ ရိုး ခြောက် ခန်း ခြင်း အ ကြောင်း ဖြစ် ၏။

အခန်းကိုကြည့်ပါ။

Judson Bible

စိတ်​ရွှင်​လန်း​ခြင်း​သည် ကျန်း​မာ​စေ​တတ်၏။ စိတ်​ပျက်​ခြင်း​မူ​ကား၊ အ​ရိုး​တို့​ကို သွေ့​ခြောက်​စေ​တတ်၏။

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဝမ်းမြောက်​သော​စိတ်နှလုံး​သည် ဆေး​ကောင်း​တစ်​လက်​ဖြစ်​၏​။ စိတ်​ထိခိုက်​နာကျင်​ခြင်း​မူကား အရိုး​ကို​ခြောက်သွေ့​စေ​တတ်​၏​။

အခန်းကိုကြည့်ပါ။



သုတ္တံကျမ်း။ 17:22
12 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​၏​လည်​ချောင်း​သည်​မြေ​မှုန့် ကဲ့​သို့ ခြောက်​လျက်​ကျွန်​တော်​မျိုး​၏​လျှာ​သည်​လည်း အာ​ခေါင်​တွင်​ကပ်​၍​နေ​ပါ​၏။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​သေ​စေ​ရန် မြေ​မှုန့်​တွင်​စွန့်​ပစ်​ထား​တော်​မူ​ပါ​ပြီ။


ဝမ်းနည်းခြင်းအကြောင်းသည် ညှိုးငယ်စေ တတ်၏။ ကောင်းသောစကားမူကား၊ ရွှင်လန်းစေတတ် ၏။


ရွှင်လန်းသောစိတ်နှလုံးသည် ချိုသောမျက်နှာ ကို ဖြစ်စေတတ်၏။ ညှိုးငယ်ခြင်းအားဖြင့်ကား၊ စိတ်ပျက် တတ်၏။


သာယာသောစကားတို့သည် ပျားလပို့ကဲ့သို့ ဖြစ်၍၊ စိတ်ဝိညာဉ်၌ ချိုမြိန်လျက်၊ ကိုယ်အရိုးကို ကျန်းမာ စေလျက်ရှိကြ၏။


လူ၏စိတ်ဝိညာဉ်သည် မိမိနာခြင်းဝေဒနာကို ခံနိုင်၏။ ကြေကွဲသောစိတ်ကိုကား၊ အဘယ်သူသည်းခံ နိုင်သနည်း။


ရယ်မောခြင်းကို သင်သည် အရူးဖြစ်၏ဟူ၍ ၎င်း၊ ရွှင်လန်းခြင်းကိုအဘယ်ကြောင့် ဤသို့ပြုသနည်း ဟူ၍၎င်း ငါဆိုရ၏။


ထို​သူ​သည်​မ​ခံ​မ​ရပ်​နိုင်​လောက်​အောင်​ဝမ်း နည်း​မှု​မ​ဖြစ်​စေ​ရန် ယ​ခု​သူ့​အား​သင်​တို့ အ​ပြစ်​လွှတ်​၍​နှစ်​သိမ့်​အား​ပေး​ကြ​လော့။-


ဘု​ရား​သ​ခင်​အ​သုံး​ပြု​တော်​မူ​သည့်​ဝမ်း​နည်း ခြင်း​သည်​ကယ်​တင်​ခြင်း​ကို​ရ​စေ​သည့်​နောင်​တ စိတ်​ကို​ဖြစ်​ပေါ်​စေ​တတ်​၏။ ထို့​ကြောင့်​ဝမ်း​နည်း မိ​သည့်​အ​တွက်​စိတ်​မ​ကောင်း​မ​ဖြစ်​သင့်။ သို့ ရာ​တွင်​လူ့​ဝမ်း​နည်း​ခြင်း​၏​အ​ကျိုး​ကား​သေ ခြင်း​ပေ​တည်း။-