ငါသည်အပြစ်ကူးလွန်ခြင်းအားဖြင့်အသ ရေပျက်၍ အရှက်ကွဲရလေအောင်သူတို့သည် ရှေမာယကိုငှားရမ်း၍ငါ့အားခြောက်လှန့် ခိုင်းကြ၏။
သုတ္တံကျမ်း။ 16:29 - Common Language Bible ကြမ်းကြုတ်သော သူသည် အိမ်နီးချင်းကို ချော့မော့၍၊ မကောင်းသောလမ်းထဲသို့ သွေးဆောင် တတ်၏။ Garrad Bible ကြမ်း ကြုတ် သော သူ သည်၊ အ ပေါင်း အ ဖော် ကို သွေး ဆောင် သ ဖြင့်၊ မ ကောင်း သော လမ်း သို့၊ လိုက် သွား စေ တတ် ၏။ Judson Bible ကြမ်းကြုတ်သောသူသည် အိမ်နီးချင်းကိုချော့မော့၍၊ မကောင်းသောလမ်းထဲသို့ သွေးဆောင်တတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ရက်စက်ကြမ်းကြုတ်သောသူသည် မိမိ၏အိမ်နီးချင်းကိုသွေးဆောင်၍ မကောင်းသောလမ်းသို့ လိုက်စေတတ်၏။ |
ငါသည်အပြစ်ကူးလွန်ခြင်းအားဖြင့်အသ ရေပျက်၍ အရှက်ကွဲရလေအောင်သူတို့သည် ရှေမာယကိုငှားရမ်း၍ငါ့အားခြောက်လှန့် ခိုင်းကြ၏။
အဓမ္မလူသည် မိမိနှုတ်ဖြင့် မိမိအိမ်နီးချင်းကို ဖျက်တတ်၏။ တရားသောသူမူကား၊ ပညာအတတ် အားဖြင့် အမှုလွတ်တတ်၏။
ဖြောင့်မတ်သောသူသည် အိမ်နီးချင်းကို လမ်း ပြတတ်၏။ မတရားသောသူလိုက်သော လမ်းမူကား၊ သူ့ကိုပင် လှည့်စားတတ်၏။
သဘောကောက်သောသူသည် ရန်မျိုးစေ့ကို ကြဲတတ်၏။ ကုန်းတိုက်သော သူသည်လည်း၊ မိတ်ဆွေ တို့ကို ကွဲပြားစေတတ်၏။
ကောက်သောအကြံကို ကြံစည်ခြင်းငှါ မျက်စိ မှိတ်၍၊ နှုတ်ခမ်းတို့ကို လှုပ်သဖြင့်၊ ဆိုးယုတ်သောအမှုကို ပြီးစီးတတ်၏။
ညှဉ်းဆဲတတ်သောသူ၏ စည်းစိမ်ကိုမတောင့်တ နှင့်။ သူလိုက်သော လမ်းတစုံတခုကိုမျှ အလိုမရှိနှင့်။
သို့ရာတွင်မိတ်ဆွေတို့၊ သင်တို့သည်ဤအကြောင်း အရာများကိုသိပြီးသည်ဖြစ်သည်။ ထို့ကြောင့် သင်တို့သည်တရားမဲ့သူတို့၏မှားယွင်းသော လမ်းသို့မလိုက်မပါမိကြစေရန်နှင့် မိမိ တို့ခိုင်ခံ့တည်ကြည်စွာရပ်တည်ရာမှမရွေ့ မလျော့ကြစေရန်သတိပြုကြလော့။-
ထိုညဥ့်၌ပင်လျှင်ဒါဝိဒ်၏အိမ်ကိုစောင့်ကြည့် ရန်နှင့် နောက်တစ်နေ့နံနက်၌ဒါဝိဒ်ကိုသတ် ရန်ရှောလုသည် လူအချို့တို့ကိုစေလွှတ်လိုက်၏။ ဒါဝိဒ်၏ဇနီးမိခါလသည်ဒါဝိဒ်အား``အရှင်၊ သင်သည်ယနေ့ညဥ့်၌ပင်ထွက်ပြေးပါလော့။ သို့မဟုတ်ပါကနက်ဖြန်ခါအသတ်ခံရပါ လိမ့်မည်'' ဟုသတိပေးပြီးနောက်၊-
ရှောလုကမိခါလအား``သင်သည်အဘယ် ကြောင့်ငါ့အားဤသို့လှည့်စား၍ ငါ့ရန်သူ ကိုထွက်ပြေးစေပါသနည်း''ဟုမေးတော် မူလျှင်၊ မိခါလက``သူ့အားလွတ်မြောက်အောင်မကူ ညီလျှင် ကျွန်မအားသတ်ပစ်မည်ဟုဆိုသော ကြောင့်ဖြစ်ပါသည်'' ဟုလျှောက်၏။