သုတ္တံကျမ်း။ 16:28 - Common Language Bible သဘောကောက်သောသူသည် ရန်မျိုးစေ့ကို ကြဲတတ်၏။ ကုန်းတိုက်သော သူသည်လည်း၊ မိတ်ဆွေ တို့ကို ကွဲပြားစေတတ်၏။ Garrad Bible ကောက် ကျစ် သော သူ သည် လည်း၊ ရန် တွေ့ ခြင်း ကို ဖြစ် ပွား စေ ၍၊ ကုန်း ချော သူ သည် လည်း၊ မိတ် ပျက် စေ တတ် ၏။ Judson Bible သဘောကောက်သောသူသည် ရန်မျိုးစေ့ကို ကြဲတတ်၏။ ကုန်းတိုက်သောသူသည်လည်း၊ မိတ်ဆွေတို့ကို ကွဲပြားစေတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ဖောက်ပြန်လွဲမှားသောသူသည် အငြင်းပွားမှုကိုဖြစ်ပွားစေတတ်၏။ အတင်းအဖျင်းပြောဆိုသောသူသည်လည်း အပေါင်းအဖော်ကိုကွဲပြားစေတတ်၏။ |
အဓမ္မလူသည် မကောင်းသော အမှုကိုကြိုးစား ၍ ကြံစည်တတ်၏။ သူ၏နှုတ်ခမ်း၌ လောင်သောမီးကဲ့သို့ ရှိ၏။
ကြမ်းကြုတ်သော သူသည် အိမ်နီးချင်းကို ချော့မော့၍၊ မကောင်းသောလမ်းထဲသို့ သွေးဆောင် တတ်၏။
သူတပါးပြစ်မှားသော အမှုကိုဝှက်ထားသော သူသည် မေတ္တာကို ပြုစု၏။ ကြားပြောသောသူမူကား၊ မိတ်ဆွေတို့ကို ကွဲပြားစေ၏။
စိတ်ဆိုးတတ်သောသူသည် ခိုက်ရန်မှုကို နှိုးဆော် တတ်၏။ ပြင်းထန်သောသူသည်လည်း၊ အလွန်အကျူး များတတ်၏။
အကယ်စင်စစ် နို့ကိုမွှေလျှင် ထောပတ်တွက် တတ်၏။ နှာခေါင်းကိုဆွဲလိမ်လျှင် အသွေးထွက်တတ်၏။ ထိုနည်းတူ၊ ဒေါသကိုနှိုးဆော်လျှင် ခိုက်ရန်ထွက်တတ်၏။
ကောက်သော စိတ်သဘောနှင့် ပြည့်စုံ၍၊ မကောင်းသော အကြံကို အစဉ်ကြံစည်တတ်၏။ သူတပါးချင်းရန်တွေ့စေခြင်းငှါ ပြုတတ်၏။
မုသာစကားကိုပြော၍ မမှန်သောသက်သေ တပါး၊ အပေါင်းအဘော်ချင်း ရန်တွေ့စေခြင်းငှါ ပြုတတ် သော သူတပါးတည်း။
သူတို့သည်အမျိုးမျိုးသောဆိုးယုတ်မိုက်မဲ ခြင်း၊ ညစ်ညမ်းခြင်း၊ လောဘတပ်မက်ခြင်း၊ အကျင့်ပျက်ခြင်း၊ မနာလိုခြင်း၊ သူ့အသက် ကိုသတ်ခြင်း၊ ရန်ဖြစ်ခြင်း၊ လှည့်ဖြားခြင်း၊ ရန် ငြိုးဖွဲ့ခြင်းစသည့်အပြစ်များကိုကူးလွန် ကြ၏။ သူတို့သည်ကုန်းချောပြောဆိုကြ၏။-
သင်တို့ထံရောက်သောအခါငါတွေ့မြင် လိုသည့်အခြေအနေမျိုးတွင်သင်တို့ အားမတွေ့ရမည်ကိုလည်းကောင်း၊ သင် တို့သည်လည်းမိမိတို့မြင်လိုသည့်အခြေ အနေတွင်ငါတို့အားမတွေ့ရကြမည် ကိုလည်းကောင်းစိုးရိမ်မိ၏။ ခိုက်ရန်ဖြစ် ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ဂုဏ် ပြိုင်ခြင်း၊ စော်ကားပြောဆိုခြင်း၊ တီးတိုး ဂုံးချောခြင်း၊ မောက်မာထောင်လွှားခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းတို့ကိုငါ တွေ့ရမည်ကိုစိုးရိမ်မိ၏။-
ဤသို့လျှောက်တင်၏။ ``အကျွန်ုပ်သည်အရှင့် အားဘေးအန္တရာယ်ပြုရန်ကြိုးစားနေသည် ဟု လူတို့ပြောဆိုကြသောစကားကိုအရှင် အဘယ်ကြောင့်ယုံတော်မူပါသနည်း။-