ပညာရှိသောသူသည် လေနှင့်တူသော အချည်း နှီးစကားကို ပြောသင့်သလော။ မိမိဝမ်းကို အရှေ့လေ နှင့်ပြည့်စေသင့်သလော။
သုတ္တံကျမ်း။ 16:23 - Common Language Bible ပညာရှိသော သူ၏နှလုံးသည် သူ၏နှုတ်ကို သွန် သင်၍၊ သူ၏နှုတ်ခမ်းတို့၌ ပညာအတတ်ကို ထပ်လောင်း တတ်၏။ Garrad Bible ပ ညာ ရှိ၏ နှ လုံး သည်၊ ကိုယ် နှုတ် ကို သွန် သင်၍၊ ဩ ဝါ ဒ ကို လည်း နှုတ် ခမ်း တွင် တိုး တက် စေ လိမ့် မည်။ Judson Bible ပညာရှိသောသူ၏နှလုံးသည် သူ၏နှုတ်ကိုသွန်သင်၍၊ သူ၏နှုတ်ခမ်းတို့၌ ပညာအတတ်ကို ထပ်လောင်းတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ပညာရှိသောသူ၏စိတ်နှလုံးသည် မိမိနှုတ်ကိုပညာသတိရှိစေ၍ မိမိနှုတ်ခမ်းတွင် ပညာကိုတိုးပွားစေတတ်၏။ |
ပညာရှိသောသူသည် လေနှင့်တူသော အချည်း နှီးစကားကို ပြောသင့်သလော။ မိမိဝမ်းကို အရှေ့လေ နှင့်ပြည့်စေသင့်သလော။
မင်းကြီး၏အတွက်ဤသီချင်းကိုငါရေးစပ်နေစဉ် ငါ၏စိတ်နှလုံးသည်မင်္ဂလာစကားများနှင့် ပြည့်လျှံလျက်ရှိပါ၏။ ငါ၏နှုတ်သည်စာရေးဆရာကောင်းတစ် ယောက်၏ ကလောင်နှင့်တူပါ၏။
ဖြောင့်မတ်သော သူသည်အဘယ်သို့ ပြန်ပြော ရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ်၏။ မတရားသော သူ၏နှုတ်မူကား၊ မကောင်းသောအရာတို့ကို သွန်း လောင်းတတ်၏။
ပညာရှိသော သူ၏နှုတ်ခမ်းတို့သည် ပညာ အတတ်ကို စွန့်ကြဲတတ်၏။ မိုက်သောသူ၏ နှလုံးမူကား ပညာမရှိ။
လိမ္မာသော စိတ်သဘောရှိသောသူသည် ပညာ သတိရှိသည်ဟု ကျောက်စောရာသို့ရောက်တတ်၏။ ချိုသောစကားကို ပြောတတ်သော နှုတ်သတ္တိသည်လည်း ပညာအတတ်ကိုတိုးပွါးစေတတ်၏။
ဥာဏ်ပညာကိုရသော သူသည် အသက်စမ်းရေ တွင်းကိုရ၏။ မိုက်သောသူတို့၏ သွန်သင်ခြင်းမူကား၊ မိုက်ခြင်းဖြစ်၏။
ခရစ်တော်၏ပြည့်စုံကြွယ်ဝသည့်တရား တော်အား သင်တို့၏စိတ်နှလုံးထဲတွင်ကိန်း အောင်းစေကြလော့။ ဉာဏ်ပညာရှိသမျှဖြင့် အချင်းချင်းအားသွန်သင်ဆုံးမခြင်းကို ပြုကြလော့။ ဆာလံသီချင်း၊ အမျိုးမျိုး သောဋ္ဌမ္မသီချင်းများကိုဘုရားသခင် အားစိတ်နှလုံးထဲတွင်ကျေးဇူးတင်လျက် သီဆိုကြလော့။-