ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ပညတ်တော်တို့ကိုရေ"ထက်မကရေ"စင်ထက် ပို၍နှစ်သက်မြတ်နိုးပါ၏။
သုတ္တံကျမ်း။ 16:16 - Common Language Bible ရွှေကိုရတတ်ခြင်းထက် ပညာကို ရတတ်ခြင်း သည် အလွန်ကောင်း၏။ ငွေကိုအမြတ်မထား၊ ဥာဏ်နှင့် ပြည့်စုံခြင်းကို အမြတ်ထားစရာအလွန်ကောင်း၏။ Garrad Bible ဉာဏ် ပ ညာ ကို ရ ခြင်း သည် ရွှေ ထက် လည်း ကောင်း၊ ဉာဏ် ပ ဋိ ဘာန် ကို ရွေး ရ ခြင်း သည် ငွေ ထက် လည်း ကောင်း၊ သာ ၍ မြတ် ၏။ Judson Bible ရွှေကိုရတတ်ခြင်းထက် ပညာကိုရတတ်ခြင်းသည် အလွန်ကောင်း၏။ ငွေကိုအမြတ်မထား၊ ဉာဏ်နှင့် ပြည့်စုံခြင်းကို အမြတ်ထားစရာအလွန်ကောင်း၏။ မြန်မာ့စံမီသမ္မာကျမ်း ရွှေကိုရရှိခြင်းထက် ဉာဏ်ပညာကိုရရှိခြင်းသည် အလွန်ကောင်း၏။ ငွေကိုရရှိခြင်းထက် အသိဉာဏ်ရရှိခြင်းကို ရွေးချယ်ရန်ကောင်း၏။ |
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ပညတ်တော်တို့ကိုရေ"ထက်မကရေ"စင်ထက် ပို၍နှစ်သက်မြတ်နိုးပါ၏။
ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍၊ ဝှက်ထား သောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့၊ ဥာဏ်ကို စူးစမ်း လျှင်၎င်း၊
အကြောင်းမူကား၊ ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ်ခြင်းထက်သာ၍ကောင်း၏။ ပညာကုန်သွယ် ၍ ရသောအမြတ်လည်း ရွှေစင်ထက် သာ၍ကောင်း၏။
ပညာကိုဆည်းဖူးလော့။ ဥာဏ်ကို ဆည်းဖူး လော့။ သတိမလစ်စေနှင့်။ ငါ၏နှုတ်ထွက်စကားကို မလွှဲမရှောင်နှင့်။
ပညာသည် အမြတ်ဆုံးသောအရာဖြစ်၏။ ပညာကိုဆည်းဖူးလော့။ ဆည်းဖူးသမျှသောဥစ္စာတို့တွင် ဥာဏ်ကိုဆည်းဖူးလော့။
ငါပေးသောအကျိုးသည် ရွှေထက်မက၊ ရွှေစင် ထက်သာ၍မြတ်၏။ ငါကြောင့်ရသောအခွန်ဘဏ္ဍာသည် ငွေတော်ထက်သာ၍ မြတ်၏။
အကြောင်းမူကား၊ ပညာသည် ကွယ်ကာတတ် ၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ် သည် အဘယ်သို့မြတ်သနည်းဟူမူကား၊ ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ်၏။
လူသည်လောကတစ်ခုလုံးကိုအစိုးရသော်လည်း မိမိ၏အသက်ဆုံးရှုံးလျှင်အဘယ်အကျိုးရှိ မည်နည်း။ မိမိ၏အသက်ကိုအဘယ်အရာနှင့် လဲလှယ်နိုင်မည်နည်း။-
``မိမိအတွက်ဘဏ္ဍာသိုမှီးထားသော်လည်း ဘုရားသခင်၏ရှေ့တော်တွင်ဆင်းရဲသော သူကား အဆိုပါသူဌေးနှင့်တူသတည်း'' ဟုမိန့်တော်မူ၏။