ယောသပ်က``သင်တို့အဘယ်ကြောင့်ဤသို့ပြု ဘိသနည်း။ ငါသည်သင်တို့ပြုသမျှတို့ကို နိမိတ်ဖတ်ခြင်းဖြင့်သိနိုင်စွမ်းရှိကြောင်း သင်တို့မသိကြသလော'' ဟုဆိုလေ၏။
သုတ္တံကျမ်း။ 16:10 - Common Language Bible ရှင်ဘုရင်၏ နှုတ်ခမ်းတို့၌ ဗျာဒိတ်တော်ရှိသည် ဖြစ်၍၊ တရားဆုံးဖြတ်ရာအမှု၌ နှုတ်တော်သည် မမှားစေ နှင့်။ Garrad Bible ဘု ရင် မင်း၏ နှုတ် ခမ်း၌၊ ဗျာ ဒိတ် တော် တည် သည် ဖြစ်၍၊ တရား ဆုံး ဖြတ် ရာ တွင်၊ နှုတ် တော် မ မှား မ ယွင်း တတ်။ Judson Bible ရှင်ဘုရင်၏နှုတ်ခမ်းတို့၌ ဗျာဒိတ်တော်ရှိသည်ဖြစ်၍၊ တရားဆုံးဖြတ်ရာအမှု၌ နှုတ်တော်သည် မမှားစေနှင့်။ မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်၏နှုတ်ခမ်းတွင် နိမိတ်စကားရှိ၏။ တရားစီရင်ရာ၌ သူ၏နှုတ်သည် မှားယွင်းမည်မဟုတ်။ |
ယောသပ်က``သင်တို့အဘယ်ကြောင့်ဤသို့ပြု ဘိသနည်း။ ငါသည်သင်တို့ပြုသမျှတို့ကို နိမိတ်ဖတ်ခြင်းဖြင့်သိနိုင်စွမ်းရှိကြောင်း သင်တို့မသိကြသလော'' ဟုဆိုလေ၏။
ငါ့သခင်၏ငွေဖလားကိုအဘယ်ကြောင့်ခိုးရ သနည်း။ ထိုဖလားသည်ငါ့သခင်သောက်သော ဖလား၊ နိမိတ်ဖတ်သောဖလားဖြစ်၏။ သင်တို့ သည်ကြီးလေးသောပြစ်မှုကိုကူးလွန်လေ ပြီ' ဟုပြောလော့'' ဟူ၍စေခိုင်းလေ၏။
မင်းကြီးသည်ကျွန်တော်မ၏သားကိုသတ် ၍မိမိလူမျိုးတော်အား ဘုရားသခင်ပေး တော်မူသည့်ပြည်မှပယ်ရှားရန်ကြိုးစား သူတို့၏လက်မှကျွန်တော်မကိုကယ်တော် မူမည်ဖြစ်ကြောင်းကျွန်တော်မသည်တွေး တောမိပါ၏။-
ရှောလမုန်၏စီရင်ဆုံးဖြတ်ချက်ကို ဣသရေလ ပြည်သူပြည်သားတို့ကြားကြသောအခါ ဘုရား သခင်သည်မင်းကြီးအားတရားမျှတစွာစီရင် ဆုံးဖြတ်နိုင်သောဉာဏ်ပညာကိုပေးတော်မူ ကြောင်းသိရှိလျက် မင်းကြီးအားလွန်စွာရိုသေ ကြ၏။
သို့သော်သြဇိမင်းသည်တန်ခိုးကြီးလာသော အခါ မာန်မာနလည်းထောင်လွှားလာသဖြင့် အကျိုးနည်းရလေသည်။ သူသည်ဗိမာန်တော် သို့ဝင်၍နံ့သာပေါင်းကို သက်ဆိုင်ရာယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ခြင်းအားဖြင့် မိမိ၏ ဘုရားသခင်ထာဝရဘုရားအားပြစ်မှား၏။-
တန်ခိုးကြီးတော်မူသောဘုရင်မင်းမြတ်၊ ကိုယ်တော်သည်အမှန်တရားကို မြတ်နိုးနှစ်သက်တော်မူပါ၏။ ကိုယ်တော်သည်ဣသရေလနိုင်ငံတွင် တရားမျှတမှုစိုးမိုးစေတော်မူပါပြီ။ အမှန်တရားနှင့်တရားမျှတမှုကို တည်မြဲစေတော်မူပါပြီ။
တရားသဖြင့် စီရင်သောရှင်ဘုရင်သည် တိုင်း ပြည်ကို တည်စေတတ်၏။ တံစိုးစားသော ရှင်ဘုရင် မူကား၊ တိုင်းပြည်ကို မှောက်လှန်တတ်၏။
ရှင်ဘုရင်တို့သည်အကျိုးမဲ့စကားကိုပြော ၍မမှန်သောကတိကိုပေးကာ၊ အသုံးမကျ သောသဘောတူညီချက်များရယူကြ၏။ ကတိသစ္စာမတည်ကြ၊ ထွန်ယက်ထားသော လယ်တွင်အဆိပ်ပင်ပေါက်ပွားသကဲ့သို့ တိုင်း ပြည်တွင်တရားမျှတမှုအစားမတရား မှုကြီးစိုးလျက်ရှိ၏။
လူသားတို့၏ရပိုင်ခွင့်များကိုမတရား ပိတ်ပင်၍ တရားမျှတမှုကိုမှောက်လှန်နေ ကြသူတို့၊ သင်တို့သည်ကြမ္မာဆိုးနှင့်မလွဲ မသွေကြုံရတော့မည်ဟုမိန့်တော်မူ၏။
မြင်းဟူသည်ကျောက်ဆောင်ပေါ်၌ပြေးလေ့ ရှိသလော။ လူသည်နွားဖြင့်လယ်ပြင်ကိုထွန် ယက်လေ့ရှိသလော။ သို့ပါလျက်သင်တို့ သည်တရားမျှတရေးကိုအဆိပ်အဖြစ် သို့လည်းကောင်း၊ အမှန်ကိုအမှားအဖြစ် သို့လည်းကောင်းမှောက်လှန်ခဲ့လေပြီ။