ဖြောင့်မတ်သော သူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွါးခြင်း ရှိကြလိမ့်မည်။
သုတ္တံကျမ်း။ 10:30 - Common Language Bible ဖြောင့်မတ်သောသူသည် အစဉ်မပြတ်နေရာမှ မရွေ့ရ။ မတရားသောသူမူကား၊ မြေပေါ်မှာ အတည် မကျရ။ Garrad Bible ကာ လ အ စဉ် ရွေ့ ရ မည် မ ဟုတ်။ လူ ဆိုး တို့ မူ ကား၊ နေ ပြည် တွင် မ တည် ကြ ရ။ Judson Bible ဖြောင့်မတ်သောသူသည် အစဉ်မပြတ် နေရာမှမရွေ့ရ။ မတရားသောသူမူကား၊ မြေပေါ်မှာ အတည်မကျရ။ မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မတ်သောသူသည် မည်သည့်အခါမျှမရွေ့ရာ။ ဆိုးယုတ်သောသူတို့မူကား ပြည်တော်၌ နေထိုင်ရလိမ့်မည်မဟုတ်။ |
ဖြောင့်မတ်သော သူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွါးခြင်း ရှိကြလိမ့်မည်။
သူတော်ကောင်းသည်အဘယ်အခါ၌မျှ ဆုံးရှုံးရလိမ့်မည်မဟုတ်။ လူတို့သည်သူ့အားအဘယ်အခါ၌မျှ မေ့လျော့ကြလိမ့်မည်မဟုတ်။
ထာဝရဘုရားကိုယုံကြည်ကိုးစားသူတို့သည် မရွေ့မရှား၊အစဉ်ခိုင်ခံ့တည်မြဲသော ဇိအုန်တောင်ကဲ့သို့ဖြစ်ကြ၏။
သူသည်အတိုးမယူဘဲမိမိ၏ငွေကို ချေးငှားတတ်၏။ သူသည်တံစိုးလက်ဆောင်ယူ၍အပြစ်မဲ့ သူတို့ ထိခိုက်နစ်နာစေရန်သက်သေမခံတတ်။ ဤသို့သောသူသည်အစဉ်အမြဲဘေး ကင်းလုံခြုံစွာ နေရလိမ့်မည်။
ထာဝရဘုရားသည်ငါနှင့်အတူရှိတော် မူသည်ကို ငါအစဉ်သိ၏။ ကိုယ်တော်သည်ငါ၏အနီး၌ရှိတော်မူသဖြင့် အဘယ်အရာမျှငါ့ကိုတုန်လှုပ်စေနိုင်မည် မဟုတ်ပါ။
ထာဝရဘုရားကောင်းချီးပေးတော်မူသော သူတို့သည် ပြည်တော်ကိုပိုင်ရကြလိမ့်မည်။ သို့ရာတွင်ကိုယ်တော်ကျိန်တော်မူခြင်းခံရသော သူတို့မူကားပြည်နှင်ဒဏ်သင့်ကြလိမ့်မည်။
သို့ဖြစ်၍ဘုရားသခင်သည်သင့်အားထာဝစဉ် ပြိုလဲစေတော်မူလိမ့်မည်။ ကိုယ်တော်သည်သင့်ကိုနေအိမ်မှဆွဲထုတ် တော်မူလိမ့်မည်။ သင့်ကိုသက်ရှင်နေသူတို့နေထိုင်ရာလူ့ပြည်မှ ဖယ်ရှားတော်မူလိမ့်မည်။
မတရားသောသူသည် လွန်သွားသော လေဘွေ ကဲ့သို့ ပျောက်တတ်၏။ ဖြောင့်မတ်သောသူမူကား၊ မြဲမြံ သော တိုက်မြစ်ဖြစ်၏။
လူတို့က ``ဥယျာဉ်ရှင်သည်ထိုဆိုးသွမ်းသော သူတို့ကိုအမှန်ပင်သတ်ပစ်ပါလိမ့်မည်။ ဥယျာဉ် ကိုလည်းစပျစ်သီးပေါ်ချိန်၌သီးစားခမှန်မှန် ပေးမည့်အခြားခြံသမားတို့အားပေးအပ်ပါ လိမ့်မည်'' ဟုဖြေကြားကြ၏။